သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အထောက်အထားမဲ့ အိန္ဒိယ နိုင်ငံသားတွေကို အမေရိကန်က ပြန်ပို့


တရားမဝင် ရွှေ့ပြောင်းဝင်ရောက်သူတွေကိုပို့ဆောင်တဲ့ အမေရိကန် စစ်လေယာဉ်
တရားမဝင် ရွှေ့ပြောင်းဝင်ရောက်သူတွေကိုပို့ဆောင်တဲ့ အမေရိကန် စစ်လေယာဉ်

အမေရိကန် ပြည်ထောင်စုထဲ တရားမဝင် ဝင်ရောက်မှု စွပ်စွဲချက်နဲ့ အိန္ဒိယနိုင်ငံသားတွေကို အိန္ဒိယနိုင်ငံ မြောက်ပိုင်း ပန်ဂျပ်ပြည်နယ်ကို အမေရိကန် စစ်လေယာဉ်နဲ့ ဗုဒ္ဓဟူးနေ့မှာ ပြန်ပို့လိုက်ပါတယ်။ သမ္မတ Donald Trump အစိုးရက တရားမဝင် ရွှေ့ပြောင်းနေထိုင်သူတွေကို နှိမ်နင်းပြီး နောက်ပိုင်း အိန္ဒိယကို ပထမဆုံး ပို့လိုက်တဲ့ ခရီးစဉ်လည်းဖြစ်ပါတယ်။

အမေရိကန် စစ်လေယာဉ်မှာ အမေရိကန်နိုင်ငံထဲ တရားမဝင် ဝင်ရောက်ခဲ့တဲ့ အိန္ဒိယနိုင်ငံသား ၁၀၄ ဦးပါလာတယ်လို့ သတင်းမီဒီယာတွေမှာ ဖော်ပြပါတယ်။ ပြန်ပို့ခံရသူ အရေအတွက်ကို အာဏာပိုင်တို့က အတည်မပြုပေမဲ့ သူတို့ကို နွေးထွေးစွာ ကြိုဆိုပါမယ်လို့ ပြောပါတယ်။

တရားမဝင် ရွှေ့ပြောင်းဝင်ရောက်သူတွေ အရေး အမေရိကန် အစိုးရနဲ့ အခြေအတင် ဆက်မဖြစ်ချင်တဲ့ အိန္ဒိယအစိုးရက သူတို့နိုင်ငံသား ဖြစ်ကြောင်း အတည်ပြုနိုင်ရင်တော့ ပြန်ပို့လာသူတွေကို လက်ခံမယ်လို့ ပြောပါတယ်။

တရားမဝင် ရွှေ့ပြောင်းနေထိုင်သူတွေကို ပြန်လည်ပို့ဆောင်တဲ့လုပ်ငန်းတွေမှာ မှန်ကန်စွာ ဆောင်ရွက်သွားပါမယ် လို့ အိန္ဒိယဝန်ကြီးချုပ် Narendra Modi က ပြီးခဲ့သည့် သီတင်းပတ်မှာ သူ့ကိုပြောခဲ့တယ်လို့ သမ္မတ Donald Trump က ပြောပါတယ်။ ဝန်ကြီးချုပ် မိုဒီနဲ့ တယ်လီဖုန်းဆက်ပြောဆိုအပြီးမှာ သမ္မတ Trump ရဲ့မှတ်ချက်စကားထွက်လာတာပါ။

အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ Randhir Jaiswal ကလည်း တရားမဝင် ရွှေ့ပြောင်းနေထိုင်မှုတွေကို ဟန့်တားနိုင်ရေး နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုတွေ ခိုင်မာအားကောင်းပြီး ထိရောက်မှုလည်း ရှိတယ်လို့ နယူးဒေလီမှာ ကျင်းပတဲ့ သောကြာနေ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုသွားပါတယ်။

လာမယ့် သီတင်းပတ်မှာ သမ္မတ Trump နဲ့ ဝန်ကြီးချုပ် မိုဒီတို့ တွေ့ဆုံတဲ့အခါမှာလည်း ကုန်သွယ်ရေးနဲ့ ရွှေ့ပြောင်းသွားလာမှု ကိစ္စရပ်တွေကို အဓိကထား ဆွေးနွေးမယ်လို့ ခန့်မှန်းရပါတယ်။

please wait

No media source currently available

0:00 0:01:02 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG