အမေရိကန်က ရာဇဝတ်မှုကြီးတွေ ကျူးလွန်သူတွေကို တခြားတိုင်းပြည်တွေမှာ ထားနိုင်မထားနိုင် သူ လေ့လာနေတယ်လို့ အမေရိကန်သမ္မတ ထရမ့်က အင်္ဂါနေ့မှာ ပြောလိုက်ပါတယ်။
ဒါဟာ ဥပဒေကြောင်းအရ ဆွေးနွေးရမယ့်ကိစ္စ ဖြစ်တယ်လို့ အမေရိကန်သမ္မတကရော၊ နိုင်ငံခြားရေးဝန်ကြီး Marco Rubio ကပါ ပြောကြပါတယ်။ ပြစ်မှုကြီးတွေနဲ့ ထောင်ကျနေကြတဲ့ အမေရိကန် အကျဥ်းသားတွေအပါအဝင် တိုင်းပြည်ကနှင်ထုတ်သူ ဘယ်နိုင်ငံသားကိုမဆို အကျဥ်းသားအဖြစ် အထားခံမယ်လို့ အယ်လ်ဆာဗေဒိုသမ္မတ Nayib Bukele နဲ့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး Marco Rubio တို့ တနင်္လာနေ့က သဘောတူညီချက် ရရှိခဲ့ကြတာပါ။
နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီအိုဟာ ကော်စတာရီကန်မှာ ရောက်ရှိနေပြီး San Jose မြို့မှာ သမ္မတ Rodrigo Chaves နဲ့ အင်္ဂါနေ့ အစောပိုင်းက သတင်းစာရှင်းလင်းပွဲမလုပ်မီ အဲဒီလို အကျဥ်းသားပို့တဲ့ကိစ္စမှာ ဥပဒေအကြောင်းတွေ ပါဝင်နေတယ်လို့ သတင်းထောက်တွေကို ပြောကြားခဲ့တာ ဖြစ်ပါတယ်။
အမေရိကန်ရဲ့ နိုင်ငံခြား အကူပေးရေးနဲ့ ပတ်သက်ပြီး ပြောကြားရာမှာတော့ နိုင်ငံခြား အကူပေးရေးဟာ အလှူမဟုတ်ကြောင်း၊ အမေရိကန်က အသုံးပြုတဲ့ တဒေါ်လာတိုင်း အမျိုးသား အကျိုးစီးပွါးကို မြှင့်တင်နိုင်ရပါမယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးက ဆိုပါတယ်။ ဝန်ကြီး မာကို ရူဘီအိုဟာ လက်တင်အမေရိက ငါးနိုင်ငံ ခရီးစဥ် သွားနေတာဖြစ်ပါတယ်။
Forum