သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဘဂၢဒတ္ၿမိဳ႕ ကန္သံရံုးေရွ႕ အေျခအေနျပန္တည္ၿငိမ္


(Zawgyi/Unicode)

အီရတ္ႏိ္ုင္ငံ Baghdad ၿမိဳ႕ေတာ္မွာ႐ွိတဲ့ အေမရိကန္သံ႐ံုးအေပၚ ဆႏၵျပေနၾကသူေတြ ျပန္လည္ထြက္ခြာသြားခဲ့ၾကတဲ့အတြက္ ဒီကေန႔ေတာ့ အေျခအေန တည္ၿငိမ္ေနပါတယ္။

အေမရိကန္သံ႐ံုးကို တိုက္ခိုက္ခဲ့သူေတြဟာ Kataeb Hezbollah အဖဲြ႔ေခါင္းေဆာင္ Abu Mahdi al Muhandis အပါအဝင္ တျခားအၾကမ္းဖက္သမားေတြက သံ႐ံုးကို တိုက္ခိုက္ခဲ့တာလို႔ အေမရိကန္ႏုိင္ငံျခားေရးဝန္ႀကီး Mike Pompeo က ေဖာ္ျပေျပာဆုိခဲ့ပါတယ္။

သံ႐ုံးလုပ္ငန္းေတြကိုေတာ့ ယာယီရပ္ထားတဲ့အျပင္ အေမရိကန္ႏိုင္ငံသားေတြအေနနဲ႔ သံ႐ံုးနားကို မလာၾကဖုိ႔ ႏိုင္ငံျခားေရးဌာနက သတိေပးထားပါတယ္။ သံ႐ံုးေရာ သံ႐ံုးဝန္ထမ္းေတြပါ လံုၿခံဳစြာ ႐ွိေနတယ္လို႔ေတာ့ အီရန္ဆိုင္ရာ အေမရိကန္အထူးကိုယ္ Brian Hook က ေျပာပါတယ္။

ဒါေပမဲ့ ႀကိဳတင္ေဆာင္႐ြက္မႈလို႔ ကာကြယ္ေရးဝန္ႀကီး Mark Esper ကေျပာၿပီး အေမရိကန္တပ္ဖဲြ႔ဝင္ ၇၅၀ ကို အေ႐ွ႕အလယ္ပိုင္းေဒသကို ေစလႊတ္ထားပါတယ္။ ႏိုင္ငံျခားေရးဝန္ႀကီး Pompeo က ေသာၾကာေန႔ စတင္မယ့္ ဥေရာပနဲ႔ အာ႐ွအလယ္ပိုင္း ၅ ႏိုင္ငံ ခရီးကို ေ႐ႊ႕ဆိုင္းခဲ့ပါတယ္။

အီရတ္နဲ႔ဆီးရီးယားမွာ႐ွိေနတဲ့ Kataeb Hezbollah စစ္ေသြးႂကြအဖဲြ႔ ပစ္မွတ္တခ်ဳိ႕အေပၚ အေမရိကန္ရဲ႕ ေလေၾကာင္းတုိက္ခိုက္မႈအေပၚ မေက်နပ္လို႔ အီရန္အစိုးရ ေက်ာေထာက္ေနာက္ခံ ေပးထားတဲ့ ျပည္သူစစ္အဖဲြ႔ေတြနဲ႔ ဆႏၵျပသူေတြ ၿပီးခဲ့တဲ့ရက္ေတြက သံ႐ံုးကို ဝင္စီးဖို႔ ႀကိဳးစားခဲ့ၾကတာပါ။

ဗုဒၶဟူးေန႔တုန္းကေတာ့ ဆႏၵျပသူေတြဟာ သံ႐ံုးအေဆာက္အဦးကို ခဲေတြနဲ႔ ပစ္ေပါက္ ဝန္းတံခါးကို မီးေလာင္ဗံုးေတြနဲ႔ ပစ္ေပါက္မီး႐ႈိ႕ဖုိ႔ႀကိဳးစားခဲ့ၾကတဲ့အတြက္ အေမရိကန္လုံၿခံဳေရး တာဝန္႐ွိသူေတြက မ်က္ရည္ယိုဗံုးေတြ၊ ရာဘာက်ည္ေတြသံုး လူစုခြဲခဲ့ရပါတယ္။

တနလၤာေန႔ထဲက စတင္ ဆႏၵျပေနၾကသူေတြဟာ အဂၤါေန႔မွာ သံ႐ံုးဝန္း အျပင္စည္းကို ေက်ာ္ၿပီး သံ႐ံုးပရဝဏ္ထဲအထိ ေရာက္လာၿပီး ပင္မ အေဆာက္အဦးႀကီးထဲဝင္တဲ့ ဂိတ္တံခါးကို ဖ်က္စီးဖုိ႔ ႀကိဳးစားခဲ့ၾကတာ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ဘဂ္ဂဒတ်မြို့ ကန်သံရုံးရှေ့ အခြေအနေပြန်တည်ငြိမ်

အီရတ်နိုင်ငံ Baghdad မြို့တော်မှာရှိတဲ့ အမေရိကန်သံရုံးအပေါ် ဆန္ဒပြနေကြသူတွေ ပြန်လည်ထွက်ခွာသွားခဲ့ကြတဲ့အတွက် ဒီကနေ့တော့ အခြေအနေ တည်ငြိမ်နေပါတယ်။

အမေရိကန်သံရုံးကို တိုက်ခိုက်ခဲ့သူတွေဟာ Kataeb Hezbollah အဖွဲ့ခေါင်းဆောင် Abu Mahdi al Muhandis အပါအဝင် တခြားအကြမ်းဖက်သမားတွေက သံရုံးကို တိုက်ခိုက်ခဲ့တာလို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Mike Pompeo က ဖော်ပြပြောဆိုခဲ့ပါတယ်။

သံရုံးလုပ်ငန်းတွေကိုတော့ ယာယီရပ်ထားတဲ့အပြင် အမေရိကန်နိုင်ငံသားတွေအနေနဲ့ သံရုံးနားကို မလာကြဖို့ နိုင်ငံခြားရေးဌာနက သတိပေးထားပါတယ်။ သံရုံးရော သံရုံးဝန်ထမ်းတွေပါ လုံခြုံစွာ ရှိနေတယ်လို့တော့ အီရန်ဆိုင်ရာ အမေရိကန်အထူးကိုယ် Brian Hook က ပြောပါတယ်။

ဒါပေမဲ့ ကြိုတင်ဆောင်ရွက်မှုလို့ ကာကွယ်ရေးဝန်ကြီး Mark Esper ကပြောပြီး အမေရိကန်တပ်ဖွဲ့ဝင် ၇၅၀ ကို အရှေ့အလယ်ပိုင်းဒေသကို စေလွှတ်ထားပါတယ်။ နိုင်ငံခြားရေးဝန်ကြီး Pompeo က သောကြာနေ့ စတင်မယ့် ဥရောပနဲ့ အာရှအလယ်ပိုင်း ၅ နိုင်ငံ ခရီးကို ရွှေ့ဆိုင်းခဲ့ပါတယ်။

အီရတ်နဲ့ဆီးရီးယားမှာရှိနေတဲ့ Kataeb Hezbollah စစ်သွေးကြွအဖွဲ့ ပစ်မှတ်တချို့အပေါ် အမေရိကန်ရဲ့ လေကြောင်းတိုက်ခိုက်မှုအပေါ် မကျေနပ်လို့ အီရန်အစိုးရ ကျောထောက်နောက်ခံ ပေးထားတဲ့ ပြည်သူစစ်အဖွဲ့တွေနဲ့ ဆန္ဒပြသူတွေ ပြီးခဲ့တဲ့ရက်တွေက သံရုံးကို ဝင်စီးဖို့ ကြိုးစားခဲ့ကြတာပါ။

ဗုဒ္ဓဟူးနေ့တုန်းကတော့ ဆန္ဒပြသူတွေဟာ သံရုံးအဆောက်အဦးကို ခဲတွေနဲ့ ပစ်ပေါက် ဝန်းတံခါးကို မီးလောင်ဗုံးတွေနဲ့ ပစ်ပေါက်မီးရှို့ဖို့ကြိုးစားခဲ့ကြတဲ့အတွက် အမေရိကန်လုံခြုံရေး တာဝန်ရှိသူတွေက မျက်ရည်ယိုဗုံးတွေ၊ ရာဘာကျည်တွေသုံး လူစုခွဲခဲ့ရပါတယ်။

တနင်္လာနေ့ထဲက စတင် ဆန္ဒပြနေကြသူတွေဟာ အင်္ဂါနေ့မှာ သံရုံးဝန်း အပြင်စည်းကို ကျော်ပြီး သံရုံးပရဝဏ်ထဲအထိ ရောက်လာပြီး ပင်မ အဆောက်အဦးကြီးထဲဝင်တဲ့ ဂိတ်တံခါးကို ဖျက်စီးဖို့ ကြိုးစားခဲ့ကြတာ ဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG