သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရန်ကို အစ္စရေးတိုက်ခိုက်မယ့်အစီစဉ် ဖေါက်ချသူတရားစွဲခံရ

ဝါရှင်တန်ဒီစီမြို့တော်ရှိ FBI ရုံးချုပ်
ဝါရှင်တန်ဒီစီမြို့တော်ရှိ FBI ရုံးချုပ်

အစောပိုင်းက အီရန်ကို တိုက်ခိုက်မယ့် အစ္စရေး ရဲ့ အစီအစဥ်ပေါက်ကြားမှု နဲ့ အမေရိကန် အစိုးရ ဝန်ထမ်းတဦးကို တရားစွဲဆိုလိုက်ပါတယ်။ Asif William Rahman ကို ဖက်ဒရယ် စုံစမ်းစစ်ဆေးရေး ဗျူရို FBI က ကမ္ဘောဒီးယား မှာ ဒီအပတ်အတွင်း ဖမ်းဆီးလိုက်တာပါ။ Guam မှာ ရှိတဲ့ တရားရုံးမှာ အမှုအခင်းဆိုင်ရာ ကိစ္စတွေ ကို သူပထမဆုံး ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ အမျိုးသား ကာကွယ်ရေးဆိုင်ရာ သတင်းအချက်အလက်များ ပေါက်ကြားမှုနဲ့ ဗာဂျီးနီးယား ပြည်နယ်ရှိ အမေရိကန် တရားရုံးတခုမှာ ပြီးခဲ့တဲ့ အပတ်ကသူ့ကို တရားစွဲဆိုခဲ့တာပါ။

ဒီ စာရွက်စာတမ်းတွေ ဟာ ပြီးခဲ့တဲ့ လတုန်းက Telegram လူမှုစာမျက်နှာမှာ ပျံ့နှံ့ခဲ့တာ ဖြစ်ပါတယ်။ ဒီစာရွက်စာတမ်းတွေ က အီရန်ကို တိုက်ခိုက်မယ်လို့ ယူဆရတဲ့ အစ္စရေး စစ်တပ်ရဲ့ လက်နက်ပစ္စည်းတွေ ရွှေ့ပြောင်းပုံ သတင်းအချက်အလက်ကို ပေးထားပါတယ်။ မျက်လုံးငါးလုံး လို့သိကြတဲ့ အမေရိကန်၊ ဗြိတိန်၊ ကနေဒါ၊ နယူးဇီလန် နဲ့ Australia နိုင်ငံတွေကြားမှာ ဒီစာရွက်စာတမ်းတွေ မျှဝေပါတယ်။

Asif William Rahman မှာ ရှေ့နေရှိမရှိ မသိရသေးသလို၊ သူ ဟာ အမေရိကန် အစိုးရ ရဲ့ ဘယ်ဌာန ဝန်ထမ်းဖြစ်သလဲ ဆိုတာကိုလည်း မသိရသေးပါဘူး။ သူ့ကို ဖမ်းတဲ့ သတင်းကို The New York Times သတင်းစာက ပထမဆုံး ဖော်ပြတာပါ။

အီရန်ကို အစ္စရေးတိုက်ခိုက်မယ့်အစီစဉ် ဖေါက်ချသူတရားစွဲခံရ
please wait

No media source currently available

0:00 0:00:59 0:00
တိုက်ရိုက် လင့်ခ်

Forum

​
XS
SM
MD
LG