သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဆီယံ ကာကွယ်ရေးဝန်ကြီးအစည်းအဝေး အမေရိကန် ပါဝင်တက်ရောက်


အမေရိကန်ကာကွယ်ရေးဝန်ကြီး Lloyd Austin
အမေရိကန်ကာကွယ်ရေးဝန်ကြီး Lloyd Austin

လာအိုနိုင်ငံ Vientiane မြို့မှာ ကျင်းပနေတဲ့ အာဆီယံ ကာကွယ်ရေးဝန်ကြီးတွေရဲ့ အစည်းအဝေးမှာ အမေရိကန်ကာကွယ်ရေးဝန်ကြီး Lloyd Austin တက်ရောက်ပြီး အလွတ်သဘော ပါဝင်ဆွေးနွေပါတယ်။ အမေရိကန်ရွေးကောက်ပွဲအပြီး သမ္မတအပြောင်းအလဲ တာဝန်ယူပေမဲ့ အရှေ့တောင်အာရှနိုင်ငံတွေနဲ့ပတ်သက်တဲ့ အမေရိကန်ပြည်ထောင်စုရဲ့ ကတိကဝတ် မပြောင်းလဲဖို့ အရှေ့တောင်အာရှနိုင်ငံတွေ မျှော်လင့်နေချိန်မှာ ဝန်ကြီး Austin လာအိုနိုင်ငံကို ရောက်လာတာပါ။

ဝန်ကြီး Austin ဟာ လာအိုနိုင်ငံ ကာကွယ်ရေးဝန်ကြီးနဲ့ရော နယူးဇီလန်ကာကွယ်ရေးဝန်ကြီးနဲ့ပါ သီးခြား တွေ့ဆုံပါတယ်။

တောင်တရုတ်ပင်လယ်မှာ ရေပိုက်နက်အငြင်းပွားမှုတွေတိုးလာနေပြီး အထူးသဖြင့် တရုတ်နိုင်ငံနဲ့ ဒေသတွင်းနိုင်ငံတွေကြား ရေပိုင်နက်အငြင်းပွားမှုနဲ့ ပဋိပက္ခတွေတိုးလာနေချိန်မှာ အာဆီယံ ကာကွယ်ရေးဝန်ကြီး အစည်းအဝေး ကျင်းပချိန်နဲ့ တိုက်ဆိုင်နေပါတယ်။

အမေရိကန်ပြည်ထောင်စုအပြင် ဂျပန်၊ တောင်ကိုရီးယား၊ အိန္ဒိယ၊ ဩစတြေးလျနဲ့ တရုတ်နိုင်ငံတွေက ကာကွယ်ရေးဝန်ကြီးဌာန အရာရှိတွေလည်း အစည်းအဝေးတက်ကြပါတယ်။ ဒီသီတင်းပတ် အစောပိုင်းကပဲ အမေရိကန်ကာကွယ်ရေး ဝန်ကြီး Austin ဟာ ဩစတြေးလျနိုင်ငံမှာ ဂျပန်ကာကွယ်ရေးဝန်ကြီးအပါအဝင် ဒေသတွင်း အရာရှိတွေနဲ့တွေ့ဆုံပြီး အာဆီယံအပေါ် အမေရိကန်ပြည်ထောင်စုရဲ့ ထောက်ခံမှုကို ထပ်လောင်း ကတိပေးထားပါတယ်။

အခု လာအိုနိုင်ငံမှာကျင်းပနေတဲ့ အာဆီယံကာကွယ်ရေးဝန်ကြီး အစည်းအဝေးမှာ မြန်မာစစ်ကောင်စီ ကာကွယ်ရေးဝန်ကြီးဌာန နိုင်ငံတကာ ဆက်ဆံရေးဌာန ညွှန်ကြားရေးမှူး ဦးဇော်နိုင်ဝင်း တက်ရောက်ပါတယ်။

အာဆီယံ ကာကွယ်ရေးဝန်ကြီးအစည်းအဝေး အမေရိကန် ပါဝင်တက်ရောက်
please wait

No media source currently available

0:00 0:00:56 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG