သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ျမန္မာမပါတဲ့ အာဆီယံ ကာကြယ္ေရးဝန္ႀကီးမ်ား အစည္းေဝးအေပၚ အျမင္တခ်ိဳ႕


(Zawgyi)

၉ ႀကိမ္ေျမာက္ အာဆီယံ ကာကြယ္ေရးဝန္ႀကီးမ်ား အစည္းေဝးမွာ ျမန္မာကိုယ္စားျပဳသူ မပါခဲ့ပါဘူး။ အာဆီယံက က်င္းပတဲ့ အစည္းေဝးေတြအတြက္ ျမန္မာကိုဖိတ္ၾကားေရး ဆိုင္ရာသံုးသပ္ဖို႔ အာဆီယံပူးေပါင္းေဆာင္ရြက္ေရးေကာင္စီကို တာဝန္ေပးခဲ့တဲ့ေနာက္ အခု ကာကြယ္ေရးဝန္ႀကီးအဆင့္ ေဆြးေႏြးပြဲကို တက္ေရာက္ခြင့္ မရတာ ျဖစ္ပါတယ္။ ဒါဟာ ျမန္မာကို ဖိအားတိုးေပးလိုက္တာျဖစ္ၿပီး ဒီလို ဖိအားေပးတာဟာ လက္ေတြ႕သက္ေရာက္မႈ နည္းႏိုင္တယ္လို႔ သံုးသပ္သူေတြလည္း ရွိေနပါတယ္။ အျပည့္အစံုကို ကိုဝင္းမင္းက တင္ျပေပးမွာပါ။

အေမရိကန္နဲ႔ အတူ တ႐ုတ္လို အင္အားႀကီးတဲ႔ ႏိုင္ငံေတြက ကာကြယ္ေရး ၀န္ႀကီးေတြပါ တက္ေလ႔ ရွိတဲ႔ ဒီ အာဆီယံ ကာကြယ္ေရး ၀န္ႀကီးမ်ားနဲ႔ မိတ္ဖက္မ်ား အစည္းအေ၀းမွာ လက္ခံက်င္းပေပးတဲ႔ ကေမ ၻာဒီးယား ႏိုင္ငံ ၀န္ႀကီးခ်ဳပ္ ဟြန္ဆန္က အဖြင့္မိန္႔ခြန္း ေျပာရာမွာ အာဆီယံ ေဒသတြင္း ျပည္တြင္းစစ္ျဖစ္ဖို႔ ဘယ္သူမွ မထင္ခဲ႔ခ်ိန္မွာ ျမန္မာမွာက တခ်ိဳ႕ ေနရာေတြမွာ ျပည္တြင္းစစ္ စျဖစ္ေနၿပီး တတိုင္းျပည္လံုးကို ျဖစ္လာဖို႔ ဦးတည္ေနတယ္လို႔ ေျပာခဲ႔ပါတယ္။
ဒီကာကြယ္ေရး ၀န္ႀကီးမ်ား အစည္းအေ၀းမွာ အရင္ႏွစ္ေတြက တက္ခြင့္ ရခဲ႔တဲ႔ ျမန္မာ ကာကြယ္ေရး ၀န္ႀကီး ဒီႏွစ္မွာ တက္ခြင့္ မရတဲ႔ အေပၚ ျမန္မာ့ အေရး သံုးသပ္သူ ဦးရဲထြန္းက

“ဒါက သူတို႔ ေနာက္ဆံုး အာဆီယံ ထိပ္သီး အစည္းအေ၀းမွာ ျမန္မာ့ အေရးနဲ႔ ပတ္သက္ၿပီးေတာ့ Five Point Consensus ကို အေကာင္အထည္ မေဖာ္ႏိုင္တာဟာ ျမန္မာ နစက စစ္အစိုးရေၾကာင့္လို႔ ဆိုၿပီးေတာ့ နိဂံုးခ်ဳပ္ထားတာ ရွိတယ္။ ထပ္ၿပီးေတာ့ တိုးၿပီးေတာ့ Five Point Consensus ကို အေကာင္အထည္ ေဖာ္ဖို႔ ဖိအားေပးတဲ႔ အေနနဲ႔ ဒီ ထိပ္သီး အစည္းအေ၀းေရာ၊ ႏိုင္ငံျခားေရး ၀န္ႀကီးအစည္းအေ၀းေရာ၊ ေနာက္တခါ ႏိုင္ငံေရး အရ Post ေတြ ေပါ့ေနာ္ ဒီ ၀န္ႀကီးအဆင့္ လယ္ဗယ္ေတြကိုပါ မဖိတ္ဖို႔ အဲဒီမွာ ေျပာၾက ဆိုၾကတာ သတိထားလိုက္မိတယ္။ ဆိုေတာ့ သူတို႔ ေနာင္မွာ ဖိတ္လို႔ ရွိရင္ ႏိုင္ငံေရးပိုစ္႔ မဟုတ္တဲ႔ အစိုးရက ၫႊန္ၾကားေရးမွဴးခ်ဳပ္ အဆင့္ေလာက္ေတြဘဲ ဖိတ္လိမ့္မယ္ထင္တယ္။ ဒီတေခါက္က အစည္းအေ၀းမွာက အေမရိကန္ ကာကြယ္ေရး ၀န္ႀကီးလည္း ပါမယ္၊ တ႐ုတ္လည္း ပါမယ္၊ အိႏၵိယလည္း ပါမယ္ဆိုေတာ့ အေမရိကန္ ကလည္း နည္းနည္း ဖိအားေပးပံု ရတယ္။ ”

ၿပီးခဲ႔တဲ႔ အပတ္က ၿပီးဆံုးခဲ႔တဲ႔ ဒီ အာဆီယံ ထိပ္သီးပြဲရဲ႕ ျမန္မာဆိုင္ရာ ေနာက္ဆံုး ေၾကညာခ်က္ထဲမွာ လိုအပ္ရင္ အခုလို အျခား ၀န္ႀကီး အဆင့္ေတြကို ဆက္ ကန္႔သတ္ဖို႔ကို အာဆီယံ ႏိုင္ငံျခားေရး ၀န္ႀကီးေတြ ပါတဲ႔ ပူးေပါင္းေဆာင္ရြက္ေရး ေကာင္စီကို လုပ္ပိုင္ခြင့္ ေပးလိုက္တာေၾကာင့္ အခုလို ဆံုးျဖတ္ႏိုင္ခဲ႔တာလို႔ အာဆီယံ ကြ်မ္းက်င္သူေတြက ဆိုပါတယ္။
ISP ျမန္မာ မဟာဗ်ဴဟာနဲ႔ မူဝါဒ ေလ႔လာေရး အင္စတီက်ဴ အဖြဲ႔ ဒါ႐ိုက္တာ ဦးေအာင္သူၿငိမ္းကလည္း ဒါကို သေဘာတူပါတယ္။

“ အဓိက ကေတာ့ဗ်ာ အာဆီယံ ဆံုးျဖတ္ခ်က္ထဲမွာ အေရးပါတဲ႔ တခ်က္ ပါတယ္ဗ်။ အဲဒါကေတာ့ Coordinating Body ကို ပိုၿပီးေတာ့ ၾသဇာအာဏာ ေပးထားတာမ်ိဳး ေတြ႕ရတာေပါ့။ ဆိုေတာ့ အာဆီယံ ဘက္က က်ေတာ့ ဒီ လက္ရွိ အခ်ိန္ထိကေတာ့ ဒီ ျမန္မာဘက္က က်န္တဲ႔ ၀န္ႀကီး အဆင့္ေတြ က်န္တဲ႔ ေကာ္မတီေတြမွာ ပူးေပါင္းေဆာင္ရြက္တုန္းပါဘဲ။ ဒါေပမဲ႔လည္း တခ်ိဳ႕ ကိစၥေတြမွာ အခုက Case by Case ေပါ့ေနာ္ ကိစၥ တခုခ်င္းစီ ဆံုးျဖတ္မယ္ ဆိုတဲ႔ သေဘာထားမ်ိဳး ပါလာတယ္။ အဲဒါက အေရးႀကီးတယ္လို႔ေတာ့ ထင္ပါတယ္။ ”

အဲဒီေတာ့ အခုလို ဆံုးျဖတ္လိုက္တာေၾကာင့္ သက္ေရာက္မႈ ရွိႏိုင္တဲ႔ အေပၚ ေမးရာမွာ သီေပါ ၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ အမတ္ေဟာင္းလည္း ျဖစ္တဲ႔ ဦးရဲထြန္းက

“ ဒီလို ဆံုးျဖတ္လိုက္တဲ႔ အတြက္ေၾကာင့္မို႔လို႔ေတာ့ နစက က ေနၿပီးေတာ့ အခု Five Point Consensus ကို သူတို႔ အေကာင္အထည္ ေဖာ္ေစခ်င္သလို လိုက္လုပ္လိမ့္မယ္လို႔ေတာ့ က်ေနာ္ မထင္ဘူး။ နစက အေနနဲ႔ အဆိုးဆံုးထိကို သူတို႔ တြက္ဆ ထားၿပီးသား။ ဒီထက္ ဆိုးဆိုးဝါးဝါး သူတို႔ကို ဝိုင္းပယ္တဲ႔ ပံုစံမ်ိဳး လုပ္လာရင္ ဥပမာ NUG ကို အသိအမွတ္ျပဳတာ၊ NUG ကို ဖိတ္ၾကားတာမ်ိဳး စသျဖင့္ အဲသလို အထိ လုပ္လာခဲ႔ရင္ ႏုတ္ထြက္ဖို႔ အထိေတာင္မွ ျဖစ္သြားႏိုင္ပါတယ္။ ”

ဒါ႔အျပင္ အာဆီယံရဲ႕ ျမန္မာဆိုင္ရာ အထူးကိုယ္စားလွယ္ ကေမ ၻာဒီးယား ႏိုင္ငံျခားေရး ၀န္ႀကီး မၾကာခင္ ျမန္မာျပည္ သြားဖို႔ ျပင္ေနတဲ႔ ခရီးစဥ္ အေပၚ အခု ဆံုးျဖတ္ခ်က္ေၾကာင့္ ထိခိုက္မွာ စိုးရိမ္ရတယ္လို႔လည္း ဦးရဲထြန္းက ဆက္ေျပာခဲ႔ပါတယ္။

“ နစက အေနနဲ႔က သူတို႔ အေပၚ အာဆီယံ အသင္းက ဆံုးျဖတ္ခ်က္ေတြဟာ အာဆီယံရဲ႕ မူလ စာခ်ဳပ္ပါ ျပဌာန္းခ်က္ေတြေပါ့ေနာ္ အဲဒါေတြနဲ႔ ဆန္႔က်င္ၿပီးေတာ့ လုပ္ေနတယ္ ဆိုၿပီးေတာ့ ေတာက္ေလ်ာက္ သူတို႔က ေျပာဆို ကန္႔ကြက္ထားတာလည္း ရွိေတာ့ အခုလို လုပ္တဲ႔ ကိစၥနဲ႔ ပတ္သက္ၿပီးေတာ့လည္း သူတို႔က ေဒါသထြက္လိမ့္မယ္လို႔ ထင္တယ္။ ဒါေၾကာင့္မို႔လို႔ အေကာင္းဘက္ေတာ့ သူတို႔ ေမွ်ာ္လင့္သလိုေတာ့ အညံ႔ခံလိမ့္မယ္လို႔ေတာ့ မထင္ဘူး။ နစက ဘက္က သူတို႔ကို အဆင့္ႏွိမ့္ခ် ဆက္ဆံလိုက္တဲ႔ အတြက္ Prak Sokhonn နဲ႔ေတာ့ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ေပးေတြ႕ဖို႔ စဥ္းစားထားခဲ႔ရင္ေတာင္မွ ေပးမေတြ႕ေတာ့ဘူး ဆိုတာမ်ိဳး ျဖစ္လာႏိုင္တာေပါ့ေနာ္။ မူလက Prak Sokhonn မဟုတ္ရင္ က်ေနာ္ သတိထားလိုက္မိတာက ကေမ ၻာဒီးယား ၀န္ႀကီးခ်ဳပ္ ေတာင္းဆိုတဲ႔ အခါ ေနာက္ လာတဲ႔ အခါ ေပးေတြ႕ပါ့မယ္ ဆိုတဲ႔ ကတိစကားမ်ိဳး ရွိခဲ႔တယ္။ အဲေတာ့ အဆိုးဆံုးကေတာ့ Prak Sokhonn ကိုလာခြင့္ မျပဳဘူးဆိုတာမ်ိဳးေပါ့ေနာ္ ျငင္းပယ္လိုက္တာမ်ိဳး အထိ ျဖစ္ႏိုင္တယ္လို႔ က်ေနာ္ ကေတာ့ ခန္႔မွန္းပါတယ္။ ”

တကယ္ေတာ့ ၿပီးခဲ႔တဲ႔ အာဆီယံ ထိပ္သီးပြဲထက္ ဒီ အာဆီယံ ဘံု သေဘာတူညီခ်က္ ၅ ရပ္ အေပၚ ပို ထိေရာက္မႈ ရွိလာေစေရး အခ်ိန္ကာလ သတ္မွတ္တာ အပါအ၀င္ ျဖည္စြက္ခ်က္ေတြကေန အခု ပထမဆံုး ျမန္မာကို ေဒသတြင္း ကာကြယ္ေရးဆိုင္ရာ ပူးေပါင္းေဆာင္ရြက္မႈေတြကေန ကန္႔သတ္တဲ႔ ဆံုးျဖတ္ခ်က္ ျဖစ္လာတာလို႔ သံုးသပ္သူေတြက ဆိုပါတယ္။

တိုက္႐ိုက္ လင့္ခ္

(Unicode)

မြန်မာမပါတဲ့ အာဆီယံ ကာကွယ်ရေးဝန်ကြီးများ အစည်းဝေးအပေါ် အမြင်တချို့

၉ ကြိမ်မြောက် အာဆီယံ ကာကွယ်ရေးဝန်ကြီးများ အစည်းဝေးမှာ မြန်မာကိုယ်စားပြုသူ မပါခဲ့ပါဘူး။ အာဆီယံက ကျင်းပတဲ့ အစည်းဝေးတွေအတွက် မြန်မာကိုဖိတ်ကြားရေး ဆိုင်ရာသုံးသပ်ဖို့ အာဆီယံပူးပေါင်းဆောင်ရွက်ရေးကောင်စီကို တာဝန်ပေးခဲ့တဲ့နောက် အခု ကာကွယ်ရေးဝန်ကြီးးအဆင့် ဆွေးနွေးပွဲကို တက်ရောက်ခွင့် မရတာ ဖြစ်ပါတယ်။ ဒါဟာ မြန်မာကို ဖိအားတိုးပေးလိုက်တာဖြစ်ပြီး ဒီလို ဖိအားပေးတာဟာ လက်တွေ့သက်ရောက်မှု နည်းနိုင်တယ်လို့ သုံးသပ်သူတွေလည်း ရှိနေပါတယ်။ အပြည့်အစုံကို ကိုဝင်းမင်းက တင်ပြပေးမှာပါ။

အမေရိကန်နဲ့ အတူ တရုတ်လို အင်အားကြီးတဲ့ နိုင်ငံတွေက ကာကွယ်ရေး ဝန်ကြီးတွေပါ တက်လေ့ ရှိတဲ့ ဒီ အာဆီယံ ကာကွယ်ရေး ဝန်ကြီးများနဲ့ မိတ်ဖက်များ အစည်းအဝေးမှာ လက်ခံကျင်းပပေးတဲ့ ကမေ ္ဘာဒီးယား နိုင်ငံ ဝန်ကြီးချုပ် ဟွန်ဆန်က အဖွင့်မိန့်ခွန်း ပြောရာမှာ အာဆီယံ ဒေသတွင်း ပြည်တွင်းစစ်ဖြစ်ဖို့ ဘယ်သူမှ မထင်ခဲ့ချိန်မှာ မြန်မာမှာက တချို့ နေရာတွေမှာ ပြည်တွင်းစစ် စဖြစ်နေပြီး တတိုင်းပြည်လုံးကို ဖြစ်လာဖို့ ဦးတည်နေတယ်လို့ ပြောခဲ့ပါတယ်။
ဒီကာကွယ်ရေး ဝန်ကြီးများ အစည်းအဝေးမှာ အရင်နှစ်တွေက တက်ခွင့် ရခဲ့တဲ့ မြန်မာ ကာကွယ်ရေး ဝန်ကြီး ဒီနှစ်မှာ တက်ခွင့် မရတဲ့ အပေါ် မြန်မာ့ အရေး သုံးသပ်သူ ဦးရဲထွန်းက

“ဒါက သူတို့ နောက်ဆုံး အာဆီယံ ထိပ်သီး အစည်းအဝေးမှာ မြန်မာ့ အရေးနဲ့ ပတ်သက်ပြီးတော့ Five Point Consensus ကို အကောင်အထည် မဖော်နိုင်တာဟာ မြန်မာ နစက စစ်အစိုးရကြောင့်လို့ ဆိုပြီးတော့ နိဂုံးချုပ်ထားတာ ရှိတယ်။ ထပ်ပြီးတော့ တိုးပြီးတော့ Five Point Consensus ကို အကောင်အထည် ဖော်ဖို့ ဖိအားပေးတဲ့ အနေနဲ့ ဒီ ထိပ်သီး အစည်းအဝေးရော၊ နိုင်ငံခြားရေး ဝန်ကြီးအစည်းအဝေးရော၊ နောက်တခါ နိုင်ငံရေး အရ Post တွေ ပေါ့နော် ဒီ ဝန်ကြီးအဆင့် လယ်ဗယ်တွေကိုပါ မဖိတ်ဖို့ အဲဒီမှာ ပြောကြ ဆိုကြတာ သတိထားလိုက်မိတယ်။ ဆိုတော့ သူတို့ နောင်မှာ ဖိတ်လို့ ရှိရင် နိုင်ငံရေးပိုစ့် မဟုတ်တဲ့ အစိုးရက ညွှန်ကြားရေးမှူးချုပ် အဆင့်လောက်တွေဘဲ ဖိတ်လိမ့်မယ်ထင်တယ်။ ဒီတခေါက်က အစည်းအဝေးမှာက အမေရိကန် ကာကွယ်ရေး ဝန်ကြီးလည်း ပါမယ်၊ တရုတ်လည်း ပါမယ်၊ အိန္ဒိယလည်း ပါမယ်ဆိုတော့ အမေရိကန် ကလည်း နည်းနည်း ဖိအားပေးပုံ ရတယ်။ ”

ပြီးခဲ့တဲ့ အပတ်က ပြီးဆုံးခဲ့တဲ့ ဒီ အာဆီယံ ထိပ်သီးပွဲရဲ့ မြန်မာဆိုင်ရာ နောက်ဆုံး ကြေညာချက်ထဲမှာ လိုအပ်ရင် အခုလို အခြား ဝန်ကြီး အဆင့်တွေကို ဆက် ကန့်သတ်ဖို့ကို အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးတွေ ပါတဲ့ ပူးပေါင်းဆောင်ရွက်ရေး ကောင်စီကို လုပ်ပိုင်ခွင့် ပေးလိုက်တာကြောင့် အခုလို ဆုံးဖြတ်နိုင်ခဲ့တာလို့ အာဆီယံ ကျွမ်းကျင်သူတွေက ဆိုပါတယ်။
ISP မြန်မာ မဟာဗျူဟာနဲ့ မူဝါဒ လေ့လာရေး အင်စတီကျူ အဖွဲ့ ဒါရိုက်တာ ဦးအောင်သူငြိမ်းကလည်း ဒါကို သဘောတူပါတယ်။

“ အဓိက ကတော့ဗျာ အာဆီယံ ဆုံးဖြတ်ချက်ထဲမှာ အရေးပါတဲ့ တချက် ပါတယ်ဗျ။ အဲဒါကတော့ Coordinating Body ကို ပိုပြီးတော့ သြဇာအာဏာ ပေးထားတာမျိုး တွေ့ရတာပေါ့။ ဆိုတော့ အာဆီယံ ဘက်က ကျတော့ ဒီ လက်ရှိ အချိန်ထိကတော့ ဒီ မြန်မာဘက်က ကျန်တဲ့ ဝန်ကြီး အဆင့်တွေ ကျန်တဲ့ ကော်မတီတွေမှာ ပူးပေါင်းဆောင်ရွက်တုန်းပါဘဲ။ ဒါပေမဲ့လည်း တချို့ ကိစ္စတွေမှာ အခုက Case by Case ပေါ့နော် ကိစ္စ တခုချင်းစီ ဆုံးဖြတ်မယ် ဆိုတဲ့ သဘောထားမျိုး ပါလာတယ်။ အဲဒါက အရေးကြီးတယ်လို့တော့ ထင်ပါတယ်။ ”

အဲဒီတော့ အခုလို ဆုံးဖြတ်လိုက်တာကြောင့် သက်ရောက်မှု ရှိနိုင်တဲ့ အပေါ် မေးရာမှာ သီပေါ မြို့နယ် ပြည်သူ့လွှတ်တော် အမတ်ဟောင်းလည်း ဖြစ်တဲ့ ဦးရဲထွန်းက

“ ဒီလို ဆုံးဖြတ်လိုက်တဲ့ အတွက်ကြောင့်မို့လို့တော့ နစက က နေပြီးတော့ အခု Five Point Consensus ကို သူတို့ အကောင်အထည် ဖော်စေချင်သလို လိုက်လုပ်လိမ့်မယ်လို့တော့ ကျနော် မထင်ဘူး။ နစက အနေနဲ့ အဆိုးဆုံးထိကို သူတို့ တွက်ဆ ထားပြီးသား။ ဒီထက် ဆိုးဆိုးဝါးဝါး သူတို့ကို ဝိုင်းပယ်တဲ့ ပုံစံမျိုး လုပ်လာရင် ဥပမာ NUG ကို အသိအမှတ်ပြုတာ၊ NUG ကို ဖိတ်ကြားတာမျိုး စသဖြင့် အဲသလို အထိ လုပ်လာခဲ့ရင် နုတ်ထွက်ဖို့ အထိတောင်မှ ဖြစ်သွားနိုင်ပါတယ်။ ”

ဒါ့အပြင် အာဆီယံရဲ့ မြန်မာဆိုင်ရာ အထူးကိုယ်စားလှယ် ကမေ ္ဘာဒီးယား နိုင်ငံခြားရေး ဝန်ကြီး မကြာခင် မြန်မာပြည် သွားဖို့ ပြင်နေတဲ့ ခရီးစဉ် အပေါ် အခု ဆုံးဖြတ်ချက်ကြောင့် ထိခိုက်မှာ စိုးရိမ်ရတယ်လို့လည်း ဦးရဲထွန်းက ဆက်ပြောခဲ့ပါတယ်။

“ နစက အနေနဲ့က သူတို့ အပေါ် အာဆီယံ အသင်းက ဆုံးဖြတ်ချက်တွေဟာ အာဆီယံရဲ့ မူလ စာချုပ်ပါ ပြဌာန်းချက်တွေပေါ့နော် အဲဒါတွေနဲ့ ဆန့်ကျင်ပြီးတော့ လုပ်နေတယ် ဆိုပြီးတော့ တောက်လျောက် သူတို့က ပြောဆို ကန့်ကွက်ထားတာလည်း ရှိတော့ အခုလို လုပ်တဲ့ ကိစ္စနဲ့ ပတ်သက်ပြီးတော့လည်း သူတို့က ဒေါသထွက်လိမ့်မယ်လို့ ထင်တယ်။ ဒါကြောင့်မို့လို့ အကောင်းဘက်တော့ သူတို့ မျှော်လင့်သလိုတော့ အညံ့ခံလိမ့်မယ်လို့တော့ မထင်ဘူး။ နစက ဘက်က သူတို့ကို အဆင့်နှိမ့်ချ ဆက်ဆံလိုက်တဲ့ အတွက် Prak Sokhonn နဲ့တော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပေးတွေ့ဖို့ စဉ်းစားထားခဲ့ရင်တောင်မှ ပေးမတွေ့တော့ဘူး ဆိုတာမျိုး ဖြစ်လာနိုင်တာပေါ့နော်။ မူလက Prak Sokhonn မဟုတ်ရင် ကျနော် သတိထားလိုက်မိတာက ကမေ ္ဘာဒီးယား ဝန်ကြီးချုပ် တောင်းဆိုတဲ့ အခါ နောက် လာတဲ့ အခါ ပေးတွေ့ပါ့မယ် ဆိုတဲ့ ကတိစကားမျိုး ရှိခဲ့တယ်။ အဲတော့ အဆိုးဆုံးကတော့ Prak Sokhonn ကိုလာခွင့် မပြုဘူးဆိုတာမျိုးပေါ့နော် ငြင်းပယ်လိုက်တာမျိုး အထိ ဖြစ်နိုင်တယ်လို့ ကျနော် ကတော့ ခန့်မှန်းပါတယ်။ ”

တကယ်တော့ ပြီးခဲ့တဲ့ အာဆီယံ ထိပ်သီးပွဲထက် ဒီ အာဆီယံ ဘုံ သဘောတူညီချက် ၅ ရပ် အပေါ် ပို ထိရောက်မှု ရှိလာစေရေး အချိန်ကာလ သတ်မှတ်တာ အပါအဝင် ဖြည်စွက်ချက်တွေကနေ အခု ပထမဆုံး မြန်မာကို ဒေသတွင်း ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေကနေ ကန့်သတ်တဲ့ ဆုံးဖြတ်ချက် ဖြစ်လာတာလို့ သုံးသပ်သူတွေက ဆိုပါတယ်။

XS
SM
MD
LG