သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူ ၁၈ ဦးသေဆုံးခဲ့တဲ့ ပစ်ခတ်မှုသံသယရှိသူကို ရှာဖွေနေဆဲ


 လူ ၁၈ ယောက် သေဆုံးတဲ့အထိ ပစ်သွားပြီး ထွက်ပြေးလွတ်မြောက်နေဆဲ သေနတ်သမား ပုံကို လူဝစ္စတန်စီရင်စု ကောင်တီရဲတပ်ဖွဲ့ ဖေ့စ်ဘုတ်မှာ ဖော်ပြထားပုံ။ (အောက်တိုဘာ ၂၅၊ ၂၀၂၃)
လူ ၁၈ ယောက် သေဆုံးတဲ့အထိ ပစ်သွားပြီး ထွက်ပြေးလွတ်မြောက်နေဆဲ သေနတ်သမား ပုံကို လူဝစ္စတန်စီရင်စု ကောင်တီရဲတပ်ဖွဲ့ ဖေ့စ်ဘုတ်မှာ ဖော်ပြထားပုံ။ (အောက်တိုဘာ ၂၅၊ ၂၀၂၃)

ရာပေါင်းများစွာသော ရဲနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ ကြာသပတေးနေ့က အမေရိကန် အရှေ့မြောက်ဘက်ခြမ်း Maine ပြည်နယ်အတွင်း ဖြန့်ချထားပြီး လူ ၁၈ ဦး သေဆုံးအောင် ပစ်ခတ်သွားတဲ့ သံသယရှိသူကို ဖမ်းမိနိုင်ဖို့ ကြိုးပမ်းနေပါတယ်။ ဒီဖြစ်ရပ်က Lewiston မြို့ငယ်လေးမှာရှိတဲ့ ဘားနဲ့ အကင်ဆိုင်မှာဖြစ်ပွားခဲ့ပြီး အသက် ၄၀ အရွယ် သေနတ်သမားက ပစ်ခတ်သွားတာလို့ သံသယ ရှိနေတာပါ။

ရဲတပ်ဖွဲ့သတင်းအရ သေနတ်သမားဟာ Robert Card ဆိုသူဖြစ်ပြီး အရမ်းအန္တရာယ်ရှိသူအဖြစ် စဉ်းစားထားဖို့လိုတယ်လို့ မိန်းပြည်နယ်ရဲချုပ် William Ross က ပြောပါတယ်။ အကယ်၍ သူ့နဲ့ပက်ပင်းတိုးခဲ့ရင် သူ့ကို ခံချတာထက် ရဲကို ချက်ချင်းအကြောင်းကြားကြဖို့ ရဲချုပ် Ross က သတိပေးထားပါတယ်။

သေနတ်သမား Card ဟာ သေနတ်ပစ် လေ့ကျင့်ပေးရေးဆရာတဦးဖြစ်သလို အမေရိကန် အရန်တပ်ဖွဲ့ဝင်တဦးလည်း ဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ သူ့နဲ့ပတ်သက်တဲ့ မကြာသေးခင် ဆေးမှတ်တမ်းအရ သူဟာ စိတ်ကျန်းမာရေး ချို့ယွင်းနေပြီး Bowling အားကစားဆိုင်တခုထဲ ဝင်သွားကာ တထောင့်ထိုး မောင်းပြန်သေနတ်နဲ့ ပစ်ခတ်သွားခဲ့တာပါ။ အဲဒီနောက် ၁၂ မိနစ်အကြာမှာ အနီးဝန်းကျင်က Schemengees ဆိုတဲ့ ဘားနဲ့အကင်ဆိုင်ကို ထပ်ဝင်ပြီး ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

Bowling ဆိုင်ပစ်ခတ်မှုအတွင်း ၇ ဦး သေဆုံးပြီး ဘားဆိုင်မှာ ၈ ယောက် သေဆုံးကာ အခြား ၃ ဦးကတော့ ဆေးရုံရောက်ချိန်မှာ သေဆုံးခဲ့ပါတယ်။ ဒီပစ်ခတ်မှုအတွင်း ဒဏ်ရာရသူ ၁၃ ဦး ရှိပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG