(Zawgyi / Unicode)
အေမရိကန္မရိမ္းတပ္သား Joseph Scott Pemberton အေနနဲ႔ လိင္ေျပာင္းထားသူတဦးကို သတ္ျဖစ္ခဲ့တာေၾကာင့္ အက်ဥ္းက်ေနခဲ့ရာကေန သမၼတ Rodrigo Duterte ရဲ႕ လြတ္ၿငိမ္းခ်မ္းသာခြင့္ အမိန္႔နဲ႔ တနဂၤေႏြေန႔က ျပန္လြတ္လာပါတယ္။
ဒုတပ္ၾကပ္ Pemberton အေနနဲ႔ Jennifer Laude ကို လိင္ေျပာင္းထားေၾကာင္း တည္းခိုခန္းေရာက္မွ သိသြားၿပီး ၂၀၁၄ ခုႏွစ္မွာ သတ္ျဖတ္ခဲ့မႈနဲ႔ ေထာင္ဒဏ္ ၁၀ ႏွစ္ က်ခဲ့ရာက အခု ေထာင္ဒဏ္သက္တမ္း ၅ ႏွစ္မွာ ျပန္လြတ္လာတာပါ။
အေမရိကန္ ဒုတပ္ၾကပ္ Pemberton အေနနဲ႔ ေထာင္ကလြတ္လာၿပီး မနက္ပိုင္းမွာပဲ စစ္ေလယာဥ္တစီးနဲ႔ ဖိလစ္ပိုင္ကေန အေမရိကန္ကို ထြက္ခြာခဲ့ပါတယ္။
သူူ႔ေၾကညာခ်က္ထဲမွာေတာ့ ေထာင္တြင္း အက်ဥ္းက်ေနစဥ္ သူ အမ်ားႀကီး မွားခဲ့တာေတြအတြက္ ေနာင္တရ ျပင္ဆင္ဖို႔ အခ်ိန္ယူ စဥ္းစားႏိုင္ခဲ့တယ္၊ ေသဆံုးခဲ့သူ Laude ရဲ႕ မိသားစုကိုလည္း အ႐ုိးသားဆံုး စာနာေတာင္းပန္ပါတယ္လို႔ ထုတ္ေျပာခဲ့ပါတယ္။
ေသဆံုးခဲ့ရသူ Laude ရဲ႕ မိခင္ကေတာ့ သူတို႔ေတာင္းဆိုတာဟာ ေထာင္ဒဏ္ ၁၀ ႏွစ္ျဖစ္ၿပီး တကယ္ေတာ့ ဒီေထာင္ဒဏ္သက္တမ္းဟာ သူ႔သမီး အသက္ေပးဆပ္ခဲ့ရတာနဲ႔ ႏႈိင္းယွဥ္ရင္ တိုေတာင္းပါတယ္လို႔လည္း ဆိုပါတယ္။
အခုလို ျပစ္မႈက်ဴးလြန္မႈအေပၚ လြတ္ၿငိမ္းခ်မ္းသာေပးအၿပီးမွာ အေမရိကန္စစ္သည္ေတြ အေနနဲ႔ ဖိလစ္ပိုင္မွာ ျပစ္မႈဆိုင္ရာ အထူးခံစားခြင့္ ရၾကတယ္ဆိုၿပီး ေဝဖန္မႈတခ်ိဳ႕ ထြက္ေပၚေနပါတယ္။
----------------------
(Unicode)
ဖိလစ်ပိုင်သမ္မတ လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်တဲ့ အမေရိကန်စစ်သား နေရပ်ကို ထွက်ခွာ
အမေရိကန်မရိမ်းတပ်သား Joseph Scott Pemberton အနေနဲ့ လိင်ပြောင်းထားသူတဦးကို သတ်ဖြစ်ခဲ့တာကြောင့် အကျဉ်းကျနေခဲ့ရာကနေ သမ္မတ Rodrigo Duterte ရဲ့ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်နဲ့ တနင်္ဂနွေနေ့က ပြန်လွတ်လာပါတယ်။
ဒုတပ်ကြပ် Pemberton အနေနဲ့ Jennifer Laude ကို လိင်ပြောင်းထားကြောင်း တည်းခိုခန်းရောက်မှ သိသွားပြီး ၂၀၁၄ ခုနှစ်မှာ သတ်ဖြတ်ခဲ့မှုနဲ့ ထောင်ဒဏ် ၁၀ နှစ် ကျခဲ့ရာက အခု ထောင်ဒဏ်သက်တမ်း ၅ နှစ်မှာ ပြန်လွတ်လာတာပါ။
အမေရိကန် ဒုတပ်ကြပ် Pemberton အနေနဲ့ ထောင်ကလွတ်လာပြီး မနက်ပိုင်းမှာပဲ စစ်လေယာဉ်တစီးနဲ့ ဖိလစ်ပိုင်ကနေ အမေရိကန်ကို ထွက်ခွာခဲ့ပါတယ်။
သူူ့ကြေညာချက်ထဲမှာတော့ ထောင်တွင်း အကျဉ်းကျနေစဉ် သူ အများကြီး မှားခဲ့တာတွေအတွက် နောင်တရ ပြင်ဆင်ဖို့ အချိန်ယူ စဉ်းစားနိုင်ခဲ့တယ်၊ သေဆုံးခဲ့သူ Laude ရဲ့ မိသားစုကိုလည်း အရိုးသားဆုံး စာနာတောင်းပန်ပါတယ်လို့ ထုတ်ပြောခဲ့ပါတယ်။
သေဆုံးခဲ့ရသူ Laude ရဲ့ မိခင်ကတော့ သူတို့တောင်းဆိုတာဟာ ထောင်ဒဏ် ၁၀ နှစ်ဖြစ်ပြီး တကယ်တော့ ဒီထောင်ဒဏ်သက်တမ်းဟာ သူ့သမီး အသက်ပေးဆပ်ခဲ့ရတာနဲ့ နှိုင်းယှဉ်ရင် တိုတောင်းပါတယ်လို့လည်း ဆိုပါတယ်။
အခုလို ပြစ်မှုကျူးလွန်မှုအပေါ် လွတ်ငြိမ်းချမ်းသာပေးအပြီးမှာ အမေရိကန်စစ်သည်တွေ အနေနဲ့ ဖိလစ်ပိုင်မှာ ပြစ်မှုဆိုင်ရာ အထူးခံစားခွင့် ရကြတယ်ဆိုပြီး ဝေဖန်မှုတချို့ ထွက်ပေါ်နေပါတယ်။