သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

လိင္ေျပာင္းထားသူ အမ်ိဳးသမီး သတ္ျဖတ္မႈနဲ႔ ေထာင္က်ေနတဲ့ အေမရိကန္ဒုတပ္ၾကပ္ကို ဖိလစ္ပိုင္သမၼတ လြတ္ၿငိမ္းခ်မ္းသာခြင့္ေပး


မွတ္တမ္းဓါတ္ပံု- ၂၀၁၅ တုန္းက Joseph Scott Pemberton ကိုဖမ္းခဲ့စဥ္

(Zawgyi/Unicode)

လိင္ေျပာင္းထားသူ အမ်ိဳးသမီးတဦးကို သတ္ျဖတ္ခဲ့မႈနဲ႔ ျပစ္ဒဏ္က်ခံေနရသူ အေမရိကန္ မရိမ္း တပ္သားတဦးကိုတနလၤာေန႔တုန္းက ဖိလစ္ပိုင္သမၼတ Rodrigo Duterte က လြတ္ၿငိမ္းခ်မ္းသာခြင့္ေပးလိုက္ပါတယ္။ ဒီမရိမ္း တပ္သားကို ရက္ေစာၿပီး ျပန္လႊတ္ေပးဖို႔ ထုတ္ျပန္ခဲ့တဲ့ တရား႐ုံးရဲ့အမိန္႔ကို သမၼတ ႐ုံးက တားျမစ္ပိတ္ပင္ခဲ့ၿပီး ရက္မၾကာခင္မွာ အခုလို လြတ္ၿငိမ္းခ်မ္းသာခြင့္ေပးလိုက္တာ ျဖစ္ ပါတယ္။

ျပစ္မႈ က်ဳးလြန္ခဲ့သူ ဒုတပ္ၾကပ္ Joseph Scott Pemberton ကို ၂၀၁၅ ခုႏွစ္မွာ လူသတ္မႈနဲ႔ စြဲခ်က္တင္ခဲ့တာျဖစ္ပါတယ္။ ၂၀၁၄ ေအာက္တို ဘာလတုန္းက သူက ၿမိဳ႕ေတာ္ မနီလာအနား Olongapo ၿမိဳ႕ က ဘားဆိုင္တဆိုင္မွာ Jennifer Laude ဆိုသူ လိင္ေျပာင္းထားတဲ့ အမ်ိဳးသမီးနဲ႔ ေတြ႕ဆုံခဲ့တာပါ။ သူတို႔ႏွစ္ေယာက္ အနားက မိုတယ္တခုကို သြားေရာက္တည္းခိုၿပီး သိပ္မၾကာခင္ နာရီဝက္ေလာက္မွာ Jennifer Laude ဟာ အိမ္သာ ထဲမွာေသဆုံးေနတာကို မိုတယ္ဝန္ထမ္းေတြက ေတြ႕ခဲ့ပါတယ္။

အခုလို Pemberton ကို လြတ္ၿငိမ္းခ်မ္းသာခြင့္ ေပးလိုက္တာက အျပစ္က်ဳးလြန္တာကို ပယ္ဖ်က္ေပးလိုက္တာမဟုတ္ဘူးလို႔ သမၼတ Duterte ရဲ့ေျပာခြင့္ရ Harry Roque က ေျပာပါတယ္။ Pemberton ရင္ဆိုင္ေနရတဲ့ျပစ္ဒဏ္ကေန လြတ္ၿငိမ္းခြင့္ေပးတာသာျဖစ္ၿပီး လူသတ္မႈ က်ဳးလြန္ တဲ့ လုပ္ရပ္ကို သမၼတDuterte က ေမ့ေဖ်ာက္လိုက္တာ မဟုတ္ေၾကာင္း ေျပာခြင့္ရ က ေျပာေၾကာင္း The New York Times သတင္းစာမွာ ေဖာ္ျပထားပါတယ္။

ေသဆုံးသူ Laude ရဲ့ မိသားစုေရွ႕ေနေတြနဲ႔ လူ႔အခြင့္အေရး လႈပ္ရွားသူေတြက ေတာ့ ဒီလို ျပစ္မႈက်ဳးလြန္ထားသူ Pemberton ကို လြတ္ၿငိမ္း ခ်မ္းသာခြင့္ ေပးလိုက္တာကို အေမရိကန္နိုင္ငံကို မ်က္ႏွာသာေပးတဲ့ လုပ္ရပ္အျဖစ္ ေဝဖန္ခဲ့ၾကပါတယ္။


.............

လိင်ပြောင်းထားသူ အမျိုးသမီး သတ်ဖြတ်မှုနဲ့ ထောင်ကျနေတဲ့ အမေရိကန်ဒုတပ်ကြပ်ကို ဖိလစ်ပိုင်သမ္မတ လွတ်ငြိမ်းချမ်းသာခွင့်ပေး

(Unicode)

လိင်ပြောင်းထားသူ အမျိုးသမီးတဦးကို သတ်ဖြတ်ခဲ့မှုနဲ့ ပြစ်ဒဏ်ကျခံနေရသူ အမေရိကန် မရိမ်း တပ်သားတဦးကိုတနင်္လာနေ့တုန်းက ဖိလစ်ပိုင်သမ္မတ Rodrigo Duterte က လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်ပါတယ်။ဒီမရိမ်း တပ်သားကို ရက်စောပြီး ပြန်လွှတ်ပေးဖို့ ထုတ်ပြန်ခဲ့တဲ့ တရားရုံးရဲ့အမိန့်ကို သမ္မတ ရုံးက တားမြစ်ပိတ်ပင်ခဲ့ပြီး ရက်မကြာခင်မှာ အခုလို လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်တာ ဖြစ် ပါတယ်။

ပြစ်မှု ကျုးလွန်ခဲ့သူ ဒုတပ်ကြပ်Joseph Scott Pemberton ကို ၂၀၁၅ ခုနှစ်မှာ လူသတ်မှုနဲ့ စွဲချက်တင်ခဲ့တာဖြစ်ပါတယ်။ ၂၀၁၄ အောက်တို ဘာလတုန်းက သူက မြို့တော် မနီလာအနား Olongapo မြို့ က ဘားဆိုင်တဆိုင်မှာ Jennifer Laude ဆိုသူ လိင်ပြောင်းထားတဲ့ အမျိုးသမီးနဲ့ တွေ့ဆုံခဲ့တာပါ။ သူတို့နှစ်ယောက် အနားက မိုတယ်တခုကို သွားရောက်တည်းခိုပြီး သိပ်မကြာခင် နာရီဝက်လောက်မှာ Jennifer Laude ဟာ အိမ်သာ ထဲမှာသေဆုံးနေတာကို မိုတယ်ဝန်ထမ်းတွေက တွေ့ခဲ့ပါတယ်။

အခုလို Pemberton ကို လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်တာက အပြစ်ကျုးလွန်တာကို ပယ်ဖျက်ပေးလိုက်တာမဟုတ်ဘူးလို့ သမ္မတ Duterte ရဲ့ပြောခွင့်ရ Harry Roque က ပြောပါတယ်။ Pemberton ရင်ဆိုင်နေရတဲ့ပြစ်ဒဏ်ကနေ လွတ်ငြိမ်းခွင့်ပေးတာသာဖြစ်ပြီး လူသတ်မှု ကျုးလွန် တဲ့ လုပ်ရပ်ကို သမ္မတDuterte က မေ့ဖျောက်လိုက်တာ မဟုတ်ကြောင်း ပြောခွင့်ရ က ပြောကြောင်း The New York Times သတင်းစာမှာ ဖော်ပြထားပါတယ်။

သေဆုံးသူ Laude ရဲ့ မိသားစုရှေ့နေတွေနဲ့ လူ့အခွင့်အရေး လှုပ်ရှားသူတွေက တော့ ဒီလို ပြစ်မှုကျုးလွန်ထားသူ Pemberton ကို လွတ်ငြိမ်း ချမ်းသာခွင့် ပေးလိုက်တာကို အမေရိကန်နိုင်ငံကို မျက်နှာသာပေးတဲ့ လုပ်ရပ်အဖြစ် ဝေဖန်ခဲ့ကြပါတယ်။

XS
SM
MD
LG