သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိမ်ပြင်မထွက်ရအမိန့် ချိုးဖောက်သူတွေ ပစ်သတ်ဖို့ သမ္မတ Duterte အမိန့်ပေး


ဖိလစ်ပိုင်သမ္မတ Rodrigo Duterte
ဖိလစ်ပိုင်သမ္မတ Rodrigo Duterte

(Zawgyi/Unicode)

ဖိလစ်ပိုင်နိုင်ငံမှာ coronavirus ပိုးကူးစက်မှု ထိန်းချုပ်နိုင်ဖို့ အိမ်ပြင်မထွက်ရ တားမြစ်ထားတဲ့အမိန့်ကို ချိုးဖောက်သူတွေကို ပစ်သတ်မယ်လို့ သမ္မတ Rodrigo Duterte က ပြောကြားလိုက်ပါတယ်။

ရဲတပ်ဖွ့ဲ၊ စစ်တပ်နဲ့ ကျေးရွာအကြီးအကဲတွေအနေနဲ့ ပြဿနာလုပ်သူတွေ ရှိတယ်။ ကိုယ့်အသက်အန္တရာယ် ရှိတယ်ဆိုရင် ပစ်သာသတ်လိုက်ဖို့ အမိန့်ပေးတယ်လို့ ဖိလစ်ပိုင် သမ္မတ Duterte က ဗုဒ္မဟူးနေ့က ရုပ်မြင်သံကြားပေါ်ကနေ ပြောကြားခဲ့တာပါ။ မနီလာမြို့တော်က ဆင်းရဲသားရပ်ကွက် တခုမှာ အစိုးရရဲ့ အစားအသောက်ထောက်ပံ့မှုတွေ မလုံလောက်တဲ့အပေါ် ဆူပူဆန္ဒပြမှုတွေ ရှိခဲ့ပြီးနောက် ပြဿနာလုပ်သူတွေကို ပစ်သတ်မယ်လို့ သမ္မတကပြောကြားခဲ့တာပါ။

ဒါတင်မက ဆရာဝန်တွေ ကျန်းမာရေးဝန်ထမ်းတွေအပေါ် တိုက်ခိုက်သူတွေကိုလည်း အဆိပ်အတင်း သောက်ခိုင်းတာမျိုးအထိ လုပ်ပြီး ပြင်းပြင်းထန်ထန် အရေးယူမယ်လို့ သတိပေးခဲ့ပါတယ်။

ဖိလစ်ပိုင်မှာ coronavirus ပိုးကူးစက်မှု အခြေအနေ ဆိုးလာနေတယ်လို့လည်း သမ္မတက ပြောကြားခဲ့ပါတယ်။ ဖိလစ်ပိုင်မှာ ရောဂါပိုးကူးစက်တယ်လို့ အတည်ပြုထားသူ လောလောဆယ် ၂,၃၀၀ ကျော်ရှိပြီး သေဆုံးသူ ၉၆ ယောက်ရှိပါတယ်။

အိမ်ပြင်မထွက်ရအမိန့် ချိုးဖောက်သူတွေ ပစ်သတ်ဖို့ သမ္မတ Duterte အမိန့်ပေး
please wait

No media source currently available

0:00 0:01:07 0:00
တိုက်ရိုက် လင့်ခ်

[Unicode Version]

အိမျပွငျမထှကျရအမိန့ျ ခြိုးဖောကျသူတှေ ပဈသတျဖို့ သမ်မတ Duterte အမိန့ျပေး


ရဲတပျဖှ့ဲ၊ စဈတပျနဲ့ ကြေးရှာအကွီးအကဲတှအေနနေဲ့ ပွူနာလုပျသူတှေ ရှိတယျ။ ကိုယ့ျအသကျအန်တရာယျ ရှိတယျဆိုရငျ ပဈသာသတျလိုကျဖို့ အမိန့ျပေးတယျလို့ ဖိလဈပိုငျ သမ်မတ Duterte က ဗုဒ်မဟူးနေ့က ရုပျမွငျသံကွားပေါျကနေ ပွောကွားခဲ့တာပါ။ မနီလာမွို့တောျက ဆငျးရဲသားရပျကှကျ တခုမှာ အစိုးရရဲ့ အစားအသောကျထောကျပံ့မှုတှေ မလုံလောကျတဲ့အပေါျ ဆူပူဆန်ဒပွမှုတှေ ရှိခဲ့ပွီးနောကျ ပွူနာလုပျသူတှကေို ပဈသတျမယျလို့ သမ်မတကပွောကွားခဲ့တာပါ။



XS
SM
MD
LG