သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဖိလစ္ပိုင္ၿမိဳ႕ေတာ္ အဝင္အထြက္ ပိတ္ပင္


ဖိလစ္ပုိင္ႏုိင္ငံ မနီလာၿမိဳ႕တြင္ တ႐ုတ္၊ ေဟာင္ေကာင္ႏွင့္ မကာအုိတုိ႔မွာ ခရီးသြားမ်ားအား ပိတ္ပင္သည့္ သတင္း ဖတ္႐ႈေနသူတဦး။ (ေဖေဖာ္ဝါရီ ၃၊ ၂၀၂၀)

(Zawgyi / Unicode)

ဖိလစ္ပိုင္ႏုိင္ငံမွာ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ျပန္႔ပြားမႈကို ထိန္းခ်ဳပ္ႏိုင္ဖို႔အတြက္ လူဦးေရ ၁၂ သန္းရွိတဲ့ ၿမိဳ႕ေတာ္မနီလာမွာ အသြားအလာ အဝင္အထြက္ေတြကို ပိတ္လိုက္ပါတယ္။

ၿမိဳ႕ေတာ္ရဲ႕ အဓိကလမ္းမႀကီးေတြကို ရဲက ပိတ္ဆို႔ထားသလို မနီလာၿမိဳ႕ကို ပ်ံသန္းေနတဲ့ ျပည္တြင္းေလယာဥ္ခရီးစဥ္ေတြကိုလည္း ဒီကေန႔ တနဂၤေႏြ အေစာပိုင္းကစၿပီး တလၾကာ ရပ္ဆိုင္းထားပါတယ္။

လူစုလူေဝးပြဲေတြကို ဖ်က္သိမ္းထားၿပီး စာသင္ေက်ာင္းေတြကိုေတာ့ ဧၿပီလ ၁၂ ရက္ေန႔ထိ ပိတ္ထားတာပါ။

ဖိလစ္ပိုင္ႏိုင္ငံမွာ ကို႐ိုနာဗိုင္းရပ္စ္ပိုး ကူးစက္ခံရသူ ၁၁၁ ဦးရွိေနၿပီး ေသဆုံးသူ ၈ ဦးအထိ ရွိလာတဲ့အတြက္ ေရာဂါကူးစက္ပ်ံ႕ႏွံ႔မႈကို ကာကြယ္ထိန္းခ်ဳပ္ႏိုင္ဖို႔ ခုလိုလုပ္ေဆာင္တာ ျဖစ္ပါတယ္။

အခုလို အသြားအလာေတြ ပိတ္ထားတယ္ဆိုေပမယ့္ အလုပ္ဆင္းဖို႔ လိုအပ္တဲ့သူေတြကိုေတာ့ စစ္ေဆးေရးဂိတ္ေတြမွာ အစစ္ေဆးခံၿပီး သြားခြင့္ျပဳထားပါတယ္။ က်န္လူေတြကိုေတာ့ အိမ္မွာပဲေနၾကဖို႔ တိုက္တြန္းလိုေၾကာင္း ျပည္ထဲေရးဝန္ႀကီး Eduardo Ano က မေန႔က သတင္းေထာက္ေတြကို ေျပာၾကားခဲ့ပါတယ္။

အဝင္အထြက္ ကန႔္သတ္ခ်က္ေတြ ဒီကေန႔ တနဂၤေႏြေန႔ စၿပီး အသက္ဝင္မွာ ျဖစ္တဲ့အတြက္ ဒီမတိုင္ခင္ လူအေတာ္မ်ားမ်ားဟာလည္း ၿမိဳ႕ထဲကေန ထြက္ခြာေနၾကပါတယ္။

ဘတ္စ္ကားနဲ႔ ရထားေတြကို နယ္စပ္အထိ ေျပးဆြဲေပးေနၿပီး လူေတြ ေနရာသီးျခားခြဲ ထိုင္ႏိုင္ဖို႔အတြက္ လူေလွ်ာ့တင္ဖို႔၊ ဖ်ားနာေနတဲ့သူေတြကို လိုက္ပါခြင့္မျပဳဖို႔ သတိေပးထားပါတယ္။

ဒါ့အျပင္ ဖိလစ္ပိုင္ႏိုင္ငံက ၿမိဳ႕ေပါင္း ၁၆ ၿမိဳ႕မွာ ညမထြက္ရအမိန႔္ကို မတ္လ ၁၅ ရက္ေန႔ကေန ဧၿပီလ ၁၄ ရက္ေန႔ထိ သတ္မွတ္ထားပါတယ္။

ဖိလစ္ပိုင္ၿမိဳ႕ေတာ္ အဝင္အထြက္ ပိတ္ပင္
please wait

No media source currently available

0:00 0:01:15 0:00
တိုက္႐ိုက္ လင့္ခ္

---------------------------------

(Unicode)

ဖိလစ်ပိုင်မြို့တော် အဝင်အထွက် ပိတ်ပင်

ဖိလစ်ပိုင်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ဖို့အတွက် လူဦးရေ ၁၂ သန်းရှိတဲ့ မြို့တော်မနီလာမှာ အသွားအလာ အဝင်အထွက်တွေကို ပိတ်လိုက်ပါတယ်။

မြို့တော်ရဲ့ အဓိကလမ်းမကြီးတွေကို ရဲက ပိတ်ဆို့ထားသလို မနီလာမြို့ကို ပျံသန်းနေတဲ့ ပြည်တွင်းလေယာဉ်ခရီးစဉ်တွေကိုလည်း ဒီကနေ့ တနင်္ဂနွေ အစောပိုင်းကစပြီး တလကြာ ရပ်ဆိုင်းထားပါတယ်။

လူစုလူဝေးပွဲတွေကို ဖျက်သိမ်းထားပြီး စာသင်ကျောင်းတွေကိုတော့ ဧပြီလ ၁၂ ရက်နေ့ထိ ပိတ်ထားတာပါ။

ဖိလစ်ပိုင်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူ ၁၁၁ ဦးရှိနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာတဲ့အတွက် ရောဂါကူးစက်ပျံ့နှံ့မှုကို ကာကွယ်ထိန်းချုပ်နိုင်ဖို့ ခုလိုလုပ်ဆောင်တာ ဖြစ်ပါတယ်။

အခုလို အသွားအလာတွေ ပိတ်ထားတယ်ဆိုပေမယ့် အလုပ်ဆင်းဖို့ လိုအပ်တဲ့သူတွေကိုတော့ စစ်ဆေးရေးဂိတ်တွေမှာ အစစ်ဆေးခံပြီး သွားခွင့်ပြုထားပါတယ်။ ကျန်လူတွေကိုတော့ အိမ်မှာပဲနေကြဖို့ တိုက်တွန်းလိုကြောင်း ပြည်ထဲရေးဝန်ကြီး Eduardo Ano က မနေ့က သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

အဝင်အထွက် ကန့်သတ်ချက်တွေ ဒီကနေ့ တနင်္ဂနွေနေ့ စပြီး အသက်ဝင်မှာ ဖြစ်တဲ့အတွက် ဒီမတိုင်ခင် လူအတော်များများဟာလည်း မြို့ထဲကနေ ထွက်ခွာနေကြပါတယ်။

ဘတ်စ်ကားနဲ့ ရထားတွေကို နယ်စပ်အထိ ပြေးဆွဲပေးနေပြီး လူတွေ နေရာသီးခြားခွဲ ထိုင်နိုင်ဖို့အတွက် လူလျှော့တင်ဖို့၊ ဖျားနာနေတဲ့သူတွေကို လိုက်ပါခွင့်မပြုဖို့ သတိပေးထားပါတယ်။

ဒါ့အပြင် ဖိလစ်ပိုင်နိုင်ငံက မြို့ပေါင်း ၁၆ မြို့မှာ ညမထွက်ရအမိန့်ကို မတ်လ ၁၅ ရက်နေ့ကနေ ဧပြီလ ၁၄ ရက်နေ့ထိ သတ်မှတ်ထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG