သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကုိ႐ုိနာဗုိင္းရပ္စ္ေၾကာင့္ ဥေရာပမွာ ကန္႔သတ္ခ်က္ေတြ တုိးျမႇင့္


စပိန္ႏုိင္ငံ ဘာစီလုိနာၿမိဳ႕လယ္တြင္ ႏွာေခါင္းစည္းတပ္ သြားလာေနသူအခ်ဳိ႕။ (မတ္ ၁၄၊ ၂၀၂၀)

(Zawgyi / Unicode)

ဥေရာပတိုက္အတြင္း ကို႐ုိနာဗိုင္းရပ္စ္ ကမၻာ့ကပ္ေရာဂါ ကူးစက္ပ်ံ႕ႏွံ႔မႈကို ထိန္းခ်ဳပ္ေရးအတြက္ စပိန္လူဦးေရ ၄၆ သန္းရဲ႕ ကူးသန္းသြားလာမႈကို တင္းတင္းက်ပ္က်ပ္ ထိန္းခ်ဳပ္မယ့္အေၾကာင္း စပိန္အစိုးရက စေနေန႔မွာ ေၾကညာလိုက္ပါတယ္။

ႏုိင္ငံတြင္း အသြားအလာေတြ ပိတ္လိုက္တဲ့ အီတလီႏုိင္ငံရဲ႕ ပံုစံအတိုင္းပဲ စပိန္မွာ သီတင္း ၂ ပတ္ၾကာ အသြားအလာ ပိတ္မယ့္အေၾကာင္း အစိုးရက ေၾကညာခဲ့တာပါ။

စပိန္၀န္ႀကီးခ်ဳပ္ Pedro Sanchez ရဲ႕ ေၾကညာခ်က္ထဲမွာေတာ့ အခုကစၿပီး ျပည္သူေတြအေနနဲ႔ အစားအေသာက္နဲ႔ ေဆး၀ါး၀ယ္ဖုိ႔၊ အလုပ္သြားဖို႔၊ ေဆးခန္းသြားဖို႔၊ ေနာက္ လူငယ္ေတြ၊ လူႀကီးေတြကို ကူညီေစာင့္ေရွာက္ဖို႔ အတြက္ပဲ အိမ္ကေန ထြက္ခြင့္ျပဳမယ္လို႔ ေျပာဆိုသြားပါတယ္။

စပိန္၀န္ႀကီးခ်ဳပ္ကေတာ္ Begona Gomez လည္း ကို႐ုိနာဗိုင္းရပ္စ္ ကူးစက္ခံထားရေၾကာင္း ၀န္ႀကီးခ်ဳပ္႐ုံးက သတင္းထုတ္ပါတယ္။

စပိန္မွာ စေနေန႔က ကို႐ုိနာဗိုင္းရပ္စ္ ကူးစက္ခံ အတည္ျပဳလူနာ ၅,၇၀၀ ေက်ာ္ထိ ေရာက္ရွိသြားၿပီး ဒါဟာဆိုရင္ ၂၄ နာရီအတြင္း လူေပါင္း ၁,၅၀၀ ထပ္တိုးသြားတာ ျဖစ္ပါတယ္။ စပိန္မွာ ဗိုင္းရပ္စ္ေၾကာင့္ ေသဆံုးသူက ၁၃၆ ေယာက္ထိ ရွိသြားပါတယ္။

ကို႐ုိနာဗိုင္းရပ္စ္ေၾကာင့္ ပၪၥမေျမာက္ ေသဆံုးသူအမ်ားဆံုး ႏုိင္ငံေတြျဖစ္တဲ့ တ႐ုတ္၊ အီတလီ၊ အီရန္နဲ႔ ေတာင္ကိုရီးယားၿပီးရင္ စပိန္ႏုိင္ငံက ပၪၥမေျမာက္မွာ ရပ္တည္ေနပါတယ္။

ျပင္သစ္ႏုိင္ငံကလည္း ကို႐ုိနာဗိုင္းရပ္စ္ ပ်ံ႕ႏွံ႔ကူးစက္မႈကို ထိန္းခ်ဳပ္ေရး ကန္႔သတ္ခ်က္သစ္ေတြ ေၾကညာပါတယ္။

Eiffel ေမွ်ာ္စင္နဲ႔ လုဖ္ျပတိုက္တို႔ အပါအ၀င္ ခရီးသြားေတြ သြားလာလည္ပတ္မႈ မ်ားတဲ့ ေနရာေတြကို တာ၀န္ရွိသူေတြက ပိတ္လုိက္ၿပီး ျဖစ္ပါတယ္။ ဒါေပမယ့္ လူေတြစုေ၀းတတ္တဲ့ စားေသာက္ဆုိင္ေတြ၊ ႐ုပ္ရွင္႐ုံေတြနဲ႔ မျဖစ္မေန ဖြင့္လွစ္ဖို႔ မလိုအပ္တဲ့ လက္လီဆိုင္ေတြကို တနဂၤေႏြေန႔ကစလို႔ ျပင္သစ္မွာ ပိတ္မွာျဖစ္ပါတယ္။

ျပင္သစ္ႏုိင္ငံမွာ စေနေန႔အထိ ကို႐ုိနာဗိုင္းရပ္စ္ ကူးစက္ အတည္ျပဳလူနာ ၃,၆၀၀ ေလာက္ ရွိသြားၿပီျဖစ္ၿပီး ၉၁ ဦး ေသဆံုးခဲ့ပါတယ္။

အေမရိကန္ျပည္ေထာင္စုမွာေတာ့ ဗိုင္းရပ္စ္ ကူးစက္ခံထားရသူ ၂,၂၂၆ ဦး အတည္ျပဳထားၿပီး ၅၁ ဦး ေသဆံုးခဲ့ရပါတယ္။

အီတလီႏုိင္ငံမွာေတာ့ ကို႐ုိနာဗိုင္းရပ္စ္ေၾကာင့္ ေသဆံုးရသူ ၁,၂၆၆ ဦးထိရွိသြားၿပီး ကူးစက္ခံထားရသူ ၁၇,၆၆၀ ရွိေနပါတယ္။

---------------------------

(Unicode)

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဥရောပမှာ ကန့်သတ်ချက်တွေ တိုးမြှင့်

ဥရောပတိုက်အတွင်း ကိုရိုနာဗိုင်းရပ်စ် ကမ္ဘာ့ကပ်ရောဂါ ကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်ရေးအတွက် စပိန်လူဦးရေ ၄၆ သန်းရဲ့ ကူးသန်းသွားလာမှုကို တင်းတင်းကျပ်ကျပ် ထိန်းချုပ်မယ့်အကြောင်း စပိန်အစိုးရက စနေနေ့မှာ ကြေညာလိုက်ပါတယ်။

နိုင်ငံတွင်း အသွားအလာတွေ ပိတ်လိုက်တဲ့ အီတလီနိုင်ငံရဲ့ ပုံစံအတိုင်းပဲ စပိန်မှာ သီတင်း ၂ ပတ်ကြာ အသွားအလာ ပိတ်မယ့်အကြောင်း အစိုးရက ကြေညာခဲ့တာပါ။

စပိန်ဝန်ကြီးချုပ် Pedro Sanchez ရဲ့ ကြေညာချက်ထဲမှာတော့ အခုကစပြီး ပြည်သူတွေအနေနဲ့ အစားအသောက်နဲ့ ဆေးဝါးဝယ်ဖို့၊ အလုပ်သွားဖို့၊ ဆေးခန်းသွားဖို့၊ နောက် လူငယ်တွေ၊ လူကြီးတွေကို ကူညီစောင့်ရှောက်ဖို့ အတွက်ပဲ အိမ်ကနေ ထွက်ခွင့်ပြုမယ်လို့ ပြောဆိုသွားပါတယ်။

စပိန်ဝန်ကြီးချုပ်ကတော် Begona Gomez လည်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရကြောင်း ဝန်ကြီးချုပ်ရုံးက သတင်းထုတ်ပါတယ်။

စပိန်မှာ စနေနေ့က ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံ အတည်ပြုလူနာ ၅,၇၀၀ ကျော်ထိ ရောက်ရှိသွားပြီး ဒါဟာဆိုရင် ၂၄ နာရီအတွင်း လူပေါင်း ၁,၅၀၀ ထပ်တိုးသွားတာ ဖြစ်ပါတယ်။ စပိန်မှာ ဗိုင်းရပ်စ်ကြောင့် သေဆုံးသူက ၁၃၆ ယောက်ထိ ရှိသွားပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပဉ္စမမြောက် သေဆုံးသူအများဆုံး နိုင်ငံတွေဖြစ်တဲ့ တရုတ်၊ အီတလီ၊ အီရန်နဲ့ တောင်ကိုရီးယားပြီးရင် စပိန်နိုင်ငံက ပဉ္စမမြောက်မှာ ရပ်တည်နေပါတယ်။

ပြင်သစ်နိုင်ငံကလည်း ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့ကူးစက်မှုကို ထိန်းချုပ်ရေး ကန့်သတ်ချက်သစ်တွေ ကြေညာပါတယ်။

Eiffel မျှော်စင်နဲ့ လုဖ်ပြတိုက်တို့ အပါအဝင် ခရီးသွားတွေ သွားလာလည်ပတ်မှု များတဲ့ နေရာတွေကို တာဝန်ရှိသူတွေက ပိတ်လိုက်ပြီး ဖြစ်ပါတယ်။ ဒါပေမယ့် လူတွေစုဝေးတတ်တဲ့ စားသောက်ဆိုင်တွေ၊ ရုပ်ရှင်ရုံတွေနဲ့ မဖြစ်မနေ ဖွင့်လှစ်ဖို့ မလိုအပ်တဲ့ လက်လီဆိုင်တွေကို တနင်္ဂနွေနေ့ကစလို့ ပြင်သစ်မှာ ပိတ်မှာဖြစ်ပါတယ်။

ပြင်သစ်နိုင်ငံမှာ စနေနေ့အထိ ကိုရိုနာဗိုင်းရပ်စ် ကူးစက် အတည်ပြုလူနာ ၃,၆၀၀ လောက် ရှိသွားပြီဖြစ်ပြီး ၉၁ ဦး သေဆုံးခဲ့ပါတယ်။

အမေရိကန်ပြည်ထောင်စုမှာတော့ ဗိုင်းရပ်စ် ကူးစက်ခံထားရသူ ၂,၂၂၆ ဦး အတည်ပြုထားပြီး ၅၁ ဦး သေဆုံးခဲ့ရပါတယ်။

အီတလီနိုင်ငံမှာတော့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးရသူ ၁,၂၆၆ ဦးထိရှိသွားပြီး ကူးစက်ခံထားရသူ ၁၇,၆၆၀ ရှိနေပါတယ်။

တိုက္႐ိုက္ လင့္ခ္

XS
SM
MD
LG