သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာရှလုံခြုံရေး အမေရိကန် ဆက်လက် ထောက်ခံမည်


တောင်ကိုးရီးကာကွယ်ရေးဝန်ကြီး ၊ အမေရိကန် ကာကွယ်ရေးဝန်ကြီး James Mattis နှင့် ဂျပန်ကာကွယ်ရေးဝန်ကြီး
တောင်ကိုးရီးကာကွယ်ရေးဝန်ကြီး ၊ အမေရိကန် ကာကွယ်ရေးဝန်ကြီး James Mattis နှင့် ဂျပန်ကာကွယ်ရေးဝန်ကြီး

စင်္ကာပူနိုင်ငံမှာ အခုသီတင်းပတ် ကျင်းပတဲ့ ဒေသတွင်း လုံခြုံရေး ထိပ်သီးညီလာခံ အတောအတွင်း အာရှဒေသရဲ့ လုံခြုံရေးနဲ့ တည်တံ့ခိုင်မြဲမှုအပေါ် ထောက်ခံအားပေးနေတာကို အမေရိကန်ပြည်ထောင်စု အနေနဲ့ ကျောခိုင်းသွားမှာ မဟုတ်ပါဘူးလို့ အမေရိကန် ကာကွယ်ရေးဝန်ကြီး James Mattis က ပြောကြားလိုက်ပါတယ်။

ဒေသတွင်းမှာရှိတဲ့ အမေရိကန်ပြည်ထောင်စုရဲ့ မဟာမိတ်တွေနဲ့ လုပ်ဖေါ်ကိုင်ဖက်တွေကို ရည်ရွယ်ပြီး ပြောဆို ဒီလိုပြောဆိုချက်အပေါ် အားလုံးက ဘဝင်ကျကြပုံ ရတယ်လို့ လေ့လာသုံးသပ်သူတွေက ပြောပါတယ်။

ဗိုလ်ချုပ်ကြီး Mattis အနေနဲ့ အစည်းအဝေးရဲ့ ပြင်ပမှာတော့ ဘာမှ သိပ်ပြီး အကျယ်တဝန့် ပြောဆိုတာမျိုးမရှိပဲ ဘာတွေ ပြောဆို ဆွေးနွေးကြတယ်ဆိုတာကိုသာ အဓိကနားထောင်ဖို့ ရှိတယ်လို့ မှတ်ချက်ပြုပါတယ်။

အစည်းဝေးကာလအတွင်း ဗိုလ်ချုပ်ကြီးဟာ ဒေသတွင်း မဟာမိတ်တွေ လုပ်ဖေါ်ကိုင်ဖက်တွေနဲ့ သီးသန့် တွေ့ဆုံမှုတွေ လုပ်ခဲ့ပါတယ်။ ဂျပန် တောင်ကိုရီးယားနိုင်ငံတို့နဲ့ သုံးပွင့်ဆိုင် ဆွေးနွေးပွဲကျင်းပခဲ့သလို၊ တနင်္ဂနွေနေ့ မနက်ပိုင်းမှာတော့ ဒေသတွင်းအဖွဲ့အစည်းဖြစ်တဲ့ အရှေ့တောင်အာရှနိုင်ငံများအသင်း ASEAN အဖွဲ့ဝင် ၁၀ နိုင်ငံက ကာကွယ်ရေး ဝန်ကြီးတွေအားလုံးနဲ့ အတူတကွ တွေ့ဆုံခဲ့ပါတယ်။

အာရှလုံခြုံရေး အမေရိကန် ဆက်လက် ထောက်ခံမည်
please wait

No media source currently available

0:00 0:01:02 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG