သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၉ ဦးသေဆုံးရတဲ့ ကန်ပစ်ခတ်မှု ၂ ခု အကြောင်းရင်းစုံစမ်းဆဲ


 Ohio ပစ်ခတ်မှု
Ohio ပစ်ခတ်မှု

အမေရိကန် ပြည်ထောင်စုမှာ ၁၃ နာရီအတွင်း သေနတ်သမား နှစ်ဦးရဲ့ သီးခြား ပစ်ခတ်မှုတွေကြောင့် လူပေါင်း ၂၉ ဦး သေဆုံးခဲ့ရပြီး ဒါဇင်နဲ့ချီ ဒဏ်ရာရခဲ့ပြီးနောက် ဒီလူစုလူဝေးအတွင်း ပစ်ခတ်မှုတွေရဲ့ နောက်ကွယ်က အကြောင်းရင်းကို အာဏာပိုင်တို့ ဖော်ထုတ် နေကြရပါတယ်။

Texas ပြည်နယ် El Paso မြို့နဲ့ အိုဟိုင်းယိုး ပြည်နယ် Dayton မြို့တို့က ရက်စက်တဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေ အတွင်း သေဆုံးခဲ့ရသူတွေကို လေးစားမှု အနေနဲ့ အစိုးရ အဆောက်အအုံတွေက အလံတွေကို နောက် ၅ ရက် အထိ တိုင်တဝက် လျှော့ချ လွင့်ထူဖို့ အမေရိကန် သမ္မတ Donald Trump က တနင်္ဂနွေနေ့မှာ ညွှန်ကြားခဲ့ပါတယ်။ အမေရိကန် သမ္မတ Trump က နိုင်ငံတွင်းမှာ မုန်းတီးမှုတွေ အတွက် နေရာမရှိဘူးလို့ ပြောဆိုပြီး အနာဂတ် တိုက်ခိုက်မှုတွေ မရှိစေရေး အတွက် လုပ်စရာတွေ အများကြီး ရှိတယ်လို့လည်း ပြောပါတယ်။ သတ်ဖြတ်မှုတွေဟာ စိတ်ကျန်းမာရေး ဆိုင်ရာ ပြဿနာ ဖြစ်တယ်လို့ သမ္မတ Trump က ပြောဆိုလိုက်ပြီး သတ်ဖြတ်မှုတွေနဲ့ ပတ်သက်လို့တော့ တနလာၤနေ့ မနက်ပိုင်းမှာ အကျယ်တဝင့် ကြေညာချက် ထုတ်မယ်လို့လည်း ပြောဆိုလိုက်ပါတယ်။

အိုဟိုင်းယိုး ပြည်နယ် Dayton မြို့က ညပိုင်းအလည်အပတ် ဧရိယာမှာ တနင်္ဂနွေနေ့ မနက် အစောပိုင်းက ကျည်ကတ် အပိုတွေနဲ့ အတူ ကျည်ကာဝတ်ထားတဲ့ သေနတ်သမားက ပစ်ခတ်ပြီး တမိနစ် မပြည့်ခင် အချိန်မှာဘဲ ရဲက သူ့ကို အသေပစ်သတ်ခဲ့တာပါ။ ဒီ သေနတ်သမား အမျိုးသားက သူ့ရဲ့ ညီမ အရင်း အပါအဝင် လူ ၉ ဦးကို ပစ်သတ်ခဲ့ပြီး အနည်းဆုံး ၂၇ ဦး ဒဏ်ရာရတဲ့ အထဲ ၄ ဦးက အပြင်းအထန် ဒဏ်ရာရခဲ့ပါတယ်။ ဒီတိုက်ခိုက်မှုမှာတော့ သေနတ်သမားက အသက် ၂၄ နှစ် အရွယ် Connor Betts တဦးတည်း ဖြစ်တယ်လို့ ရဲက ယုံကြည်ထားပါတယ်။ သေနတ်သမား Connor Betts ကတော့ Dayton က ဒေသ ကောလိပ် တခုက စိတ်ပညာ ကျောင်းသား တဦး ဖြစ်တယ်လို့ လူမှုကွန်ယက်မှာ တွေ့ရပါတယ်။ သေနတ်သမားရဲ့ ပစ်ခတ်ရတဲ့ ရည်ရွယ်ချက်ကိုတော့ ရဲဘက်က မပြောသေးပါဘူး။ သေဆုံးသူတွေထဲမှာ လူဖြူ ၃ ဦးနဲ့ အာဖရိကန် အမေရိကန် ၆ ဦး ပါပြီး သေနတ်သမား Betts ကတော့ လူဖြူဖြစ်ကြောင်း ရဲက ပြောပါတယ်။

တက္ကဆက် ပြည်နယ် El Paso မြို့က Walmart စတိုးဆိုင်ကြီးမှာ သေနတ်သမား တဦး လက်ချက်နဲ့ အနည်းဆုံး လူ ၂၀ သေဆုံးပြီး ၂၆ ဦး ဒဏ်ရာရခဲ့ရပြီး ၁၃ နာရီ အကြာမှာ အိုဟိုင်းယိုး ပြည်နယ်မှာ အခု ပစ်ခတ် တိုက်ခိုက်မှု ဖြစ်ခဲ့တာပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG