သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်မှာ အောက်မေ့ဖွယ် အားလပ်ရက်နေ့ ကျင်းပ


ဒီကနေ့ဟာ အမေရိကန်ပြည်ထောင်စုရဲ့ ကျဆုံး စစ်သည်တွေကို အောက်မေ့ဖွယ်နေ့ Memorial Day ဖြစ်တဲ့အတွက် ကျောင်းတွေ၊ရုံးတွေလည်းပိတ်ကြ၊ နွေရာသီအားလပ်ရက် အစပြုတဲ့ စနေ၊တနင်္ဂနွေ၊တနင်္လာ ၃ရက်ပိတ်တဲ့ ပိတ်ရက်ရှည်ဖြစ်တဲ့အတွက် ကမ်းခြေတွေ ပန်းခြံတွေမှာ မိသားစုတွေနဲ့ ပြည့်နေကြပါတယ်။

မေလ ရဲ့ နောက်ဆုံး တနင်္လာနေ့ မှာ ကျင်းပမြဲဖြစ်တဲ့ အောက်မေ့ဖွယ်နေ့ဟာ တာဝန်ထမ်းဆောင်ရင်း ကျဆုံးခဲ့တဲ့ အမျိုးသမီး၊ အမျိုးသား စစ်သည်တွေကို ဂုဏ်ပြုတဲ့ နေ့လည်း ဖြစ်ပါတယ်။ Memorial Day ကို အစိုးရ ရုံးပိတ်ရက်အဖြစ် သတ်မှတ်ဖို့ ၁၉၇၁ ခုနှစ်တုန်းက လွှတ်တော်က ဆုံးဖြတ်ကြေညာခဲ့ပါတယ်။

ဒီကနေ့ Memorial Day အထိမ်းအမှတ်အနေနဲ့ အမေရိကန် ပြည်ထောင်စု မြို့တော် ဝါရှင်တန် အပြင်ဘက်နားမှာ ရှိတဲ့ Arlington အမျိုးသား စစ်သင်္ချ ိုင်းမှာ သမ္မတ Trump က ပန်းခွေချမှာပါ။ မနေ့တနင်္ဂနွေနေ့တုန်းကတော့ Rolling Thunder လို့ ခေါ်တဲ့ ဆိုင်ကယ်စီး စစ်ပြန်တွေရဲ့ အခမ်းအနားကို ကျင်းပခဲ့ပါတယ်။ နှစ်စဉ် ထောင်နဲ့ချီတဲ့ စစ်ပြန်တွေက ဆိုင်ကယ်တွေနဲ့ ဝါရှင်တန်ဒီစီမြို့တော်ထဲကို ဖြတ်မောင်းပြီး National Mall မှာ ရှိတဲ့ ကျောက်တိုင်ကို ပတ်မောင်းပြီးတော့ အမေရိကန်ပြည်ပက စစ်တွေတွင်း ပျောက်ဆုံးနေတဲ့ စစ်သားတွေအထိမ်းအမှတ် ဂါရဝပြုကြပါတယ်။ ဆိုင်ကယ်တွေကို မတွေ့ရခင် ဟိုးအဝေးကြီးကတည်းက ဆိုင်ကယ်သံတွေ ကြားနေရတာလည်း ဖြစ်ပါတယ်။

အမေရိကန်ပြည်တွင်းစစ်အတွင်း ခေါင်းချရာနေရာမရှိဘဲ စုပြုံပြီးတော့ မြှုပ်နှံခံရတဲ့ ကျဆုံးစစ်သည်တွေအတွက် သချိုင်းသီးသန့်လုပ်ပေးရာကနေ ၁၈၆၅ ခုနှစ်မှာ Memorial Day စတင်ခဲ့ပါတယ်။ ပထမကမ္ဘာစစ်အပြီးမှာတော့ ပြည်တွင်းစစ်သာမက အမေရိကန်စစ်တွေအားလုံးမှာပါဝင်ခဲ့တဲ့ ကျဆုံးစစ်သည်တွေကို အောက်မေ့တဲ့နေ့ ဖြစ်လာခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG