သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

IS ကို တိုက်တဲ့Kurd တပ်ဖွဲ့ အကူအညီ ပိုပေးဖို့ ကန်စဉ်းစား


ကာ့လူမျိုးစုများ။
ကာ့လူမျိုးစုများ။

အီရတ်နိုင်ငံအတွင်းမှာရှိတဲ့ IS အစ္စလာမ်မစ် စစ်သွေးကြွတွေနဲ့ တိုက်ခိုက်နေတဲ့ ဆူနီးတပ်ဖွဲ့တွေနဲ့ ကဒ်လူမျိုးစု Peshmerga တိုက်ခိုက်ရေးသမားတွေကို တိုက်ရိုက် အကူအညီပေးနိုင်ငံမယ့် ဥပဒေ ပြုနိုင်ဖို့ အမေရိကန် အောက်လွှတ်တော် အမတ်တွေက စဉ်းစားနေပါတယ်။

ဒီအဆိုပြုချက်အရ IS အဖွဲ့နဲ့ တိုက်ခိုက်နေတဲ့ အီရတ် တပ်ဖွဲ့ဝင်ကို သင်တန်းပို့ချပေးရေးနဲ့ လက်နက် တပ်ဆင်ရေးအတွက် အကူအညီပေးဖို့ ယာထားတဲ့ ဒေါ်လာ ၇၁၅ သန်းထဲက ၁၇၉ သန်းနဲ့ညီမျှတဲ့ ၂၅% ကို အဲဒီ အဖွဲ့ ၂ ဖွဲ့စလုံးက ခွဲေ၀ လက်ခံ ရရှိမှာ ဖြစ်ပါတယ်။

ဒါ့အပြင် အီရတ်လူမျိုး ဆူနီး မူဆလင်ဘာသာဝင်တွေနဲ့ ကဒ်လူမျိုးတွေနဲ့ ပိုမို လက်တွဲဆောင်ရွက်ရေးနဲ့ နိုင်ငံရေးအရ ပြုပြင် ပြောင်းလဲရေးတွေ လုပ်ဆောင်ပါမယ် ဆိုတဲ့ အီရတ်အစိုးရအပေါ် အကူအညီပေးရေး သဘောတူညီချက်မှာ ပါဝင်တဲ့ အချက်တွေကို ပြည့်မှီအောင် အီရတ်အစိုးရဖက်က မစွမ်းဆောင်နိုင်ရင် စုစုပေါင်း ထောက်ပံ့ငွေထဲက ကျန်နေတဲ့ ဒေါ်လာ ၅၃၆ သန်းနဲ့ ညီမျှတဲ့ ၆၀% ရရှိဖို့အတွက်လည်း သူတို့အနေနဲ့လျှောက်ထားခွင့် ရှိမှာ ဖြစ်ပါတယ်။

အခု အဆိုပြုထားတဲ့ မူကြမ်းဟာ အမေရိကန်အစိုးရရဲ့ ပေါ်လစီကို ထင်ဟပ်စေမယ့် အစီအစဉ် မဟုတ်ကြောင်း နိုင်ငံခြားရေးဌာန ပြောခွင့်ရ Marie Harf က ကြာသပတေးနေ့မှာ ပြောပါတယ်။ အမေရိကန်အစိုးရရဲ့ ပေါ်လစီအရ လက်နက် ထောက်ပံ့ပေးမယ့် အစီအစဉ် အားလုံးဟာ အီရတ်အစိုးရကတဆင့် သွားရမယ်လို့ ပြဌာန်းထားတာ ဖြစ်ပါတယ်။

ဗဟိုအစိုးရကတဆင့် ချဉ်းကပ်ပြီး ဆောင်ရွက်တဲ့ လုပ်ရပ်ဟာ ညီညွတ်ပြီး၊ အများစုကို ကိုယ်စားပြုနိုင်တဲ့ ဒီမိုကရက်တစ် အီရတ်နိုင်ငံ တည်ထောင်ရေးအတွက် အကောင်းဆုံး နည်းလမ်းဖြစ်တယ်လို့ Marie Harf က ပြောပါတယ်။

XS
SM
MD
LG