သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလဆိုင်ရာ ကန်သံအမတ်ဟောင်း စစ်ကောင်စီအကြီးအကဲနဲ့ တွေ့ဆုံမည် 

ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ်ကြီးဟောင်းလည်းဖြစ်၊ New Mexico ပြည်နယ် အုပ်ချုပ်ရေးမှူးဟောင်းလည်းဖြစ်တဲ့ Bill Richardson
ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ်ကြီးဟောင်းလည်းဖြစ်၊ New Mexico ပြည်နယ် အုပ်ချုပ်ရေးမှူးဟောင်းလည်းဖြစ်တဲ့ Bill Richardson

{{Zawgyi/Unicode}}

ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ်ကြီးဟောင်းလည်းဖြစ်၊ New Mexico ပြည်နယ် အုပ်ချုပ်ရေးမှူးဟောင်းလည်းဖြစ်တဲ့ Bill Richardson ဟာ ထိုင်းနိုင်ငံကတဆင့် မြန်မာနိုင်ငံကို ရောက်ရှိနေပြီဖြစ်ပါတယ်။ မနက်ဖြန်မနက်ပိုင်းမှာတော့ နေပြည်တော်မှာ မြန်မာစစ်ကောင်စီအကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံဖို့ရှိပါတယ်။ အလားတူပဲ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထဲရေးဝန်ကြီးဌာနနဲ့ လူကယ်ပြန်ဝန်ကြီးဌာနတွေက တာဝန်ရှိသူတွေနဲ့လည်း သီးခြားစီ တွေ့ဆုံမယ်လို့ သိရပါတယ်။

Bill Richardson ဟာ မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး ရခိုင်ပြည်နယ်အရေးနဲ့ ရိုဟင်ဂျာအရေးကိစ္စကို အဓိကဆောင်ရွက်နေသူဖြစ်ပေမယ့်လည်း ဒီခရီးစဉ်အတွင်း ရခိုင်ပြည်နယ်ကို သွားခွင့်မရမရ မသေချာပါဘူး။ အလားတူပဲ မြန်မာစစ်ကောင်စီက ဖမ်းဆီးထိမ်းသိမ်းထားတဲ့ အမေရိကန်သတင်းထောက် လွှတ်ပေးဖို့ကိစ္စ ပြောဆိုဆွေးနွေး မလားဆိုတာလည်း မသိရသေးပါဘူး။

ဒါပေမယ့်လည်း ဂျပန်နိုင်ငံမှ အထူးကိုယ်စားလှယ် နိပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ မစ္စတာ ဆာဆာကာဝါရဲ့ ညှိနှိုင်းဆောင်ရွက်ပေးမှုနဲ့ အမေရိကန်သတင်းထောက်ကို မြန်မာဘက်က မကြာခင်လွှတ်ပေးမယ်လို့ ပြောဆိုထားပြီးဖြစ်ကြောင်းလည်း VOA က သတင်းရရှိပါတယ်။ မစ္စတာ ဆာဆာကာဝါဟာလည်း ရခိုင်ငြိမ်းချမ်းရေးကိစ္စတွေကို အထူးဆောင်ရွက်နေသူဖြစ်ပြီး မြန်မာနိုင်ငံသို့ ထပ်မံသွားရောက်နိုင်ရေးအတွက် အစီအစဉ်များကြိုးပမ်းနေတယ်လို့သိရပါတယ်။

Mr. Bill Richardson ဟာ အောက်လွှတ်တော်အမတ်အဖြစ် ဆောင်ရွက်နေစဉ် ၁၉၉၄ နှစ်မှာတော့ မြန်မာနိုင်ငံသွားပြီး ထိမ်းသိမ်းခံနေရတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကို သွားရောက်တွေ့ဆုံခွင့်ရတဲ့ ရှားရှားပါးပါး အမေရိကန်လွှတ်တော်အမတ်တဦးဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် အာဏာရပြီး ၂၀၁၈ ခုနှစ်မှာတော့ ရခိုင်အရေးအကြံပေးဘုတ်အဖွဲ့မှာ ပါဝင်ခဲ့ဖူးပါတယ်။

ဒါပေမယ့်လည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD အစိုးရဟာ ရိုဟင်ဂျာကိစ္စမှာ ပြေလည်အောင်ဖြေရှင်းဖို့ ပိုင်းဖြတ်ဆောင်ရွက်တာမျိုးမရှိဘူးဆိုပြီး အဲဒီအဖွဲ့ကနေ နုတ်ထွက်ခဲ့ပါတယ်။ အဲဒီနောက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရခိုင်အရေးကိုင်တွယ်မှုတွေအပေါ်မှာ ဝေဖန်ပြောဆို ရေးသားတာတွေ လုပ်ခဲ့ပါတယ်။ သူဟာ ဘင်္ဂလာဒေ့ရှ်က ရိုဟင်ဂျာဒုက္ခသည်စခန်းတွေအထိ သွားရောက်ခဲ့သလို နိုင်ငံတကာမှာလည်း ရိုဟင်ဂျာအရေးကိစ္စတွေကို တတ်တတ်ကြွကြွဆောင်ရွက်ခဲ့ပါတယ်။

မစ္စာ ဘီလ် ရစ်ချတ်ဆဲန်ရဲ့ အခု မြန်မာပြည်ခရီးစဉ်ဟာ "အမေရိကန်အစိုးရကို ကိုယ်စားပြုသွားတဲ့ခရီးစဉ်မဟုတ်ဘဲ (သူတည်ထောင်ထားတဲ့) The Richardson Center အဖွဲ့အနေနဲ့ ကိုဗစ်ကာလအတွင်း မြန်မာနိုင်ငံကို လူသားချင်းစာနာတဲ့အထောက်အကူတွေ ပေးနိုင်ရေးဆွေးနွေးဖို့အတွက် သွားတဲ့ခရီးစဉ်သာ ဖြစ်ကြောင် သိရှိရပါတယ်။

-------------

{{Unicode}}








#USMyanmar #BillRichardson #MyanmarMilitary #VOABurmese


This item is part of
XS
SM
MD
LG