သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာသင်္ကြန်အတွက် အမေရိကန်ရဲ့ ဆုတောင်း

မြန်မာနိုင်ငံဆိုင်ရာ သံရုံးယာယီတာဝန်ခံ Susan Stevenson
မြန်မာနိုင်ငံဆိုင်ရာ သံရုံးယာယီတာဝန်ခံ Susan Stevenson

နှစ်သစ်ကြိုဆိုတဲ့ မြန်မာသင်္ကြန်ကနေ မြန်မာပြည်သူတွေအတွက် မျှော်လင့်ချက်သစ်တွေ ဆောင်ကြဉ်းပေးဖို့ အမေရိကန်ပြည်ထောင်စုက သင်္ကြန်ဆုတောင်းပေးပို့ခဲ့ပါတယ်။ အမေရိကန်ပြည်သူတွေကိုယ်စား မြန်မာပြည်သူတွေအတွက် အကောင်းဆုံး ဆုတောင်းတွေနဲ့အတူ မြန်မာပြည်သူတွေနဲ့ တသားထဲရပ်တည်နေပါတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken က‌ထုတ်ပြန်ခဲ့သလို၊ မြန်မာနိုင်ငံဆိုင်ရာ သံရုံးယာယီတာဝန်ခံ Susan Stevenson က Video ဆုတောင်းပေးပို့ပါတယ်။

ငြိမ်းချမ်းမှု၊ သာယာဝပြောမှုနဲ့ တရားမျှတမှုတို့အတွက် မြန်မာပြည်သူတွေရဲ့ သန္နိဋ္ဌာန်နဲ့ စိန်ခေါ်မှုကြားမှာ ခံနိုင်ရည်စွမ်းကို အမေရိကန်ပြည်ထောင်စုက လေးစားကြောင်း သံရုံးယာယီတာဝန်ခံ Susan Stevenson ရဲ့ သင်္ကြန်ဆုတောင်းထဲမှာ ပြောကြားထားပါတယ်။ အလားတူ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken ကလည်း ပြီးခဲ့တဲ့နှစ်အတွင်း မြန်မာနိုင်ငံမှာ ပြည်သူတွေအပေါ် အကြမ်းဖက်မှုတွေ၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကြုံခဲ့ရပြီး မဖြစ်မနေ စစ်မှုထမ်းဥပဒေကြောင့် ပြည်သူတွေ ပိုပြီးစိုးရိမ်စရာ အခက်အခဲတွေ ဖြစ်စေခဲ့တယ်လို့ နိုင်ငံခြားရေးဝန်ကြီး Blinken က သူ့ရဲ့ ဆုတောင်းမှာ ထောက်ပြထားပါတယ်။

ပဋိပက္ခတွေ အဆုံးသတ်စေဖို့နဲ့၊ အားလုံးပါဝင်တဲ့ ဒီမိုကရေစီအနာဂတ်ဖြစ်စေဖို့ ကြိုးစားနေသူအားလုံးကို အမေရိကန်ပြည်ထောင်စုက ဆက်ပြီး ထောက်ခံနေတယ်လို့လည်း ဝန်ကြီးရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဖော်ပြလို့ မရနိုင်လောက်တဲ့ အခက်အခဲတွေ ကြုံကြရပေမဲ့ မြန်မာပြည်သူတွေရဲ့ သူမတူတဲ့ ရဲစွမ်းသတ္တိနဲ့ ခံနိုင်ရည်စွမ်းကိုလည်း အမေရိကန်အစိုးရက အသိအမှတ်ပြုထားပါတယ်။ လက်ရှိပြဿနာတွေဖြစ်နေပေမဲ့ နှစ်သစ်မှာ မြန်မာပြည်သူတွေအတွက် မျှော်လင့်ချက်သစ်တွေ ဆောင်ကြဉ်းလာအောင် သင်္ကြန်ဆုတောင်းပေးပို့ပါကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken ကကြေညာချက်ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

မြန်မာသင်္ကြန်အတွက် အမေရိကန်ရဲ့ ဆုတောင်း
please wait

No media source currently available

0:00 0:01:11 0:00
တိုက်ရိုက် လင့်ခ်
မြန်မာသင်္ကြန်အတွက် အမေရိကန်ရဲ့ ဆုတောင်း
please wait

No media source currently available

0:00 0:01:47 0:00
တိုက်ရိုက် လင့်ခ်

Forum

​
XS
SM
MD
LG