သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်ခရီးသွားလမ်းညွှန်မှု မြန်မာကို မသွားသင့်တဲ့နိုင်ငံ ဆက်သတ်မှတ်


အမေရိကန်လွှတ်တော်နဲ့ အလံတော်
အမေရိကန်လွှတ်တော်နဲ့ အလံတော်

အမေရိကန်နိုင်ငံခြားရေးဌာနရဲ့ ဇူလိုင်လ ၂၄ ရက်စွဲနဲ့ထုတ်ပြန်တဲ့ မြန်မာနိုင်ငံခရီးသွားသတိပေးချက် ထဲမှာ မတည်ငြိမ်မှုတွေနဲ့ လက်နက်ကိုင်ပဋိပက္ခအခြေအနေကြောင့် အမေရိကန်နိုင်ငံသားတွေ မြန်မာ နိုင်ငံကို ခရီးသွားလာမှုမလုပ်ဖို့ သတိပေးတိုက်တွန်းထားပါတယ်။ မြန်မာစစ်အုပ်ချုပ်ရေးကောင်စီရဲ့ ဥပဒေ တွေကြောင့် မြန်မာနိုင်ငံထဲသွားလာနေထိုင်နေကြတဲ့ အမေရိကန်နိုင်ငံသားတွေအနေနဲ့ စစ်ကောင်စီ ကို ဆန့်ကျင်ပြောဆိုမိတာ၊ လူမှုကွန်ယက်ပေါ်ရေးသားတာ၊ ဝေဖန်စာတွေ ပုဂ္ဂိုလ်ချင်းရေးသားမိတာတွေ ကနေ ရာဇဝတ်မှုစွဲချက်တွေနဲ့ ဖမ်းဆီးအရေးယူရခံနိုင်တယ်လို့ သတိပေးထားပါတယ်။

ဒါ့အပြင်မြေမြှုပ်မိုင်းတွေနဲ့ မပေါက်ကွဲသေးတဲ့ခဲယမ်းတွေရှိတဲ့ဒေသတွေမှာ သတိကြီးကြီးထားဖို့လည်း ညွှန်ကြားထားပါတယ်။ မြန်မာနိုင်ငံ တနံတလျားက မငြိမ်သက်မှုတွေနဲ့ လက်နက်ကိုင်ပဋိပက္ခတွေဖြစ်ပွားမှု အတိုင်းအတာဟာ အချိန်နဲ့အမျှ ပြောင်းလဲမှုရှိနေတယ်လို့လည်း အဲဒီ သတိပေးချက်မှာဖော်ပြပါတယ်။

မြန်မာနိုင်ငံတွင်း ၂၀၂၁ ခုနှစ် စစ်တပ်ကအာဏာသိမ်းပြီးတဲ့နောက်ပိုင်း၊ အာဏာသိမ်းမှုဆန့်ကျင်ဆန္ဒပြ သူတွေကို ပစ်ခတ်နှိမ်နင်းတာတွေ ဖမ်းဆီးမှုတွေပြုလုပ်ခဲ့ရာမှာ အမေရိကန်နိုင်ငံသားတချို့လည်း ဖမ်းဆီးခံခဲ့ရပါတယ်။ စစ်တပ်ကအာဏာသိမ်းပြီးတဲ့နောက် ၂၀၂၁ မတ်လအကုန်မှာပဲ သံရုံးဆက်ဖွင့်ထား ပေမယ့် အရေးတကြီးမဟုတ်တဲ့ သံရုံးဝန်ထမ်းနဲ့မိသားစုတွေကို နိုင်ငံက ထွက်ခွာဖို့ သတိပေးခဲ့သလို၊ အဲဒီအချိန်ကတည်းက အမေရိကန်နိုင်ငံသားတွေ မြန်မာနိုင်ငံမသွားဖို့နဲ့ နိုင်ငံတွင်းရှိနေရင် အမြန်ထွက်ခွာ ဖို့ သတိပေးခဲ့ပါတယ်။

အခု ဇူလိုင် ၂၄ရက် နောက်ဆုံးအခြေအနေသတိပေးအကြံပြုချက်မှာလည်း၊ အနီရောင်ပြ အဆင့်(၄) ခရီးမသွားဖို့ ဆက်ပြီး တိုက်တွန်းခဲ့တာပါ။ အမေရိကန်နိုင်ငံခြားရေးဌာနရဲ့ ခရီးသွားလာမှု သတိပေးချက် တွေထဲ အနီရောင်ပြတဲ့ အဆင့်(၄) ခရီးမသွားဖို့ တိုက်တွန်းချက်ဟာ အဆိုးဆုံးသတ်မှတ်ချက်ဖြစ်ပြီး၊ မြန်မာနိုင်ငံနည်းတူ မြောက်ကိုရီးယား၊ အာဖဂနစ္စတန်၊ အီရန်နဲ့ ရုရှားတို့ကိုလည်း အလားတူသတ်မှတ် ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG