သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံတွင်း စစ်ရေးပဋိပက္ခဒေသများ ခရီးသွားလာမှု UK နိုင်ငံခြားရေးသတိပေး


ဗြိတိန်ပါလီမန်နဲ့ နိုင်ငံတော်အလံ
ဗြိတိန်ပါလီမန်နဲ့ နိုင်ငံတော်အလံ

မြန်မာနိုင်ငံရဲ့ လုံခြုံရေးဟာ ကြိုတင်မမှန်းဆနိုင်တဲ့ အခြေအနေဖြစ်ပြီး လေကြောင်းတိုက်ခိုက်မှုတွေ၊ လက်နက်ကြီး ပစ်ခတ်မှု၊ မြေမြှုပ်မိုင်းနဲ့ လက်နက်ကိုင်တိုက်ပွဲတွေ အပါအဝင်အကြမ်းဖက်တိုက်ခိုက်မှုတွေ ဆက်လက် ဖြစ်ပွားနေကြောင်း ဗြိတိန်အစိုးရက သူ့နိုင်ငံသားတွေအတွက်ထုတ်ပြန်တဲ့ ခရီးသွားလာခြင်း ဆိုင်ရာ အကြံပြုချက်ထဲမှာ သတိပေးထားပါတယ်။ ဇူလိုင် ၁၉ ရက်က ထပ်မံ ထုတ်ပြန်တဲ့နိုင်ငံခြားရေးရာ၊ ဓနသဟာယနဲ့ ဖွံ့ဖြိုးတိုးတက်ရေးရုံး (FCDO) ရဲ့လမ်းညွှန်ချက်ထဲမှာ ပြည်နယ်နဲ့ တိုင်းဒေသကြီး အတော်များများကို ခရီးသွားခွင့် လုံးဝတားမြစ်တာ၊ ဒါမှမဟုတ် တတ်နိုင်သမျှ ရှောင်ရှားကြဖို့ အကြံပြုထားပါတယ်။

မွန်၊ ကချင်၊ ချင်း၊ ကယား၊ ကရင်၊ စစ်ကိုင်း၊ မကွေးတိုင်း ဒေသကြီးနဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသတွေ ကို ခရီးသွားလာခွင့် တားမြစ်ထားပြီး ရခိုင်ပြည်နယ်အလယ်ပိုင်း၊ မန္တလေးတိုင်းဒေသကြီးနဲ့ တနင်္သာရီတိုင်း ဒေသကြီးတွေကိုလည်း မဖြစ်မနေခရီးသွားရတာကလွဲလို့ မလုပ်ဖို့အကြံပြုထားပါတယ်။

နိုင်ငံခြားသားတွေအဖို့ မတရားဖမ်းဆီးချုပ်နှောင်ခံရနိုင်ခြေအန္တရာယ်နည်းပေမယ့် သတင်းသမားတွေနဲ့ တက်ကြွလှုပ်ရှားသူတွေဆိုရင်တော့ အဖမ်းခံရနိုင်ပြီး အထူးသဖြင့် မြန်မာအာဏာသိမ်းစစ်ကောင်စီဟာ လွတ်လပ်တဲ့ သတင်းတင်ဆင်မှုနဲ့ သတင်းမီဒီယာစာနယ်ဇင်းပုံစံအားလုံးကို အထူးစောင့်ကြည့်နေတဲ့အ တွက်သတိပြုကြဖို့လည်း လမ်းညွှန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

မြို့ပြအများစုမှာ ပုံမှန်နေ့စဥ်ဘဝ ပြန်လည် သွားလာလှုပ်ရှားတာမျိုးတွေ့ရပေမယ့် အထူးသဖြင့် နိုင်ငံရေးတင်းမာမှုတွေ တိုးလာချိန်မှာ ပစ်ခတ်မှုတွေ၊ ပေါက်ကွဲမှုတွေ ဖြစ်လေ့ရှိတယ်လို့လည်း သတိပေးထားပါတယ်။ တိုက်ခိုက်မှုတွေဟာ ရန်ကုန်နဲ့ နေပြည်တော်ပါ မကျန်ဖြစ်ပွားနေပြီး အဓိကအားဖြင့် အစိုးရအဆောက်အအုံတွေ၊ ရဲစခန်း၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၊ လမ်းပေါ်က ယာဉ်ထိန်းရဲရုံ၊ စစ်ဆေးရေးဂိတ်၊ စစ်တပ်ပိုင်နေရာနဲ့ စစ်တပ်ပိုင်လုပ်ငန်းတွေကို ပစ်မှတ်ထားတာ တွေ့ရှိရပေမယ့် ဟိုတယ်၊ စားသောက်ဆိုင်၊ စျေးဝယ်စင်တာလို နိုင်ငံခြားသားများ မကြာခဏ လာရောက်လေ့ရှိတဲ့ နေရာတွေမှာလည်း တပါတည်းထိခိုက်တာတွေ ဖြစ်နိုင်ကြောင်းလည်း ဗြိတိန် အစိုးရက သတိပေးထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG