သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံတွင်း ခရီးသွားလာရေး ဗြိတိန်၊ သြစတြေးလျ၊ ကနေဒါ သတိပေး


နေပြည်တော်ရောက် ကမ္ဘာလှည့်ခရီးသည်များ။ (နိုဝင်ဘာ ၁၄၊ ၂၀၁၅)
နေပြည်တော်ရောက် ကမ္ဘာလှည့်ခရီးသည်များ။ (နိုဝင်ဘာ ၁၄၊ ၂၀၁၅)

မြန်မာနိုင်ငံမှာ အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်နိုင်ချေရှိတဲ့အတွက် ခရီးသွားသတိပေးချက် ထုတ်ပြန်ထားတဲ့ အမေရိကန်ပြည်ထောင်စုလိုပဲ ဗြိတိန်၊ သြစတြေးလျနဲ့ ကနေဒါနိုင်ငံတွေကလည်း သတိပေးချက် ထုတ်ပြန်လိုက်ပါတယ်။

မြန်မာနိုင်ငံက မြို့ကြီးတွေ အထူးသဖြင့် ရန်ကုန်၊ နေပြည်တော်နဲ့ မန္တလေးမြို့တွေမှာ လုံခြုံရေး အထူးသတိရှိကြဖို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက စက်တင်ဘာ ၂၅ ရက်စွဲနဲ့ သတိပေးချက် ထုတ်ပြန်ခဲ့တာပါ။

အဲဒီသတိပေးချက်ထဲမှာ စက်တင်ဘာ ၂၆၊ အောက်တိုဘာ ၁၆ နဲ့ ၂၆ ရက်တွေမှာ နေပြည်တော်ကို တိုက်ခိုက်လာနိုင်ခြေရှိပြီး နောက်လာမယ့်လတွေမှာ နေပြည်တော်၊ ရန်ကုန်၊ မန္တလေးမြို့တွေကို တိုက်ခိုက်လာဖွယ် ရှိတယ်ဆိုတဲ့ သတင်းနဲ့ပတ်သက်ပြီး မြန်မာလုံခြုံရေးတပ်ဖွဲ့တွေက စုံစမ်းစစ်ဆေးနေကြောင်း ဖော်ပြထားတာဖြစ်ပြီး မြန်မာနိုင်ငံတွင်း ရောက်နေကြတဲ့ အမေရိကန်နိုင်ငံသားတွေ ပြည်တွင်းသတင်းကို နားစွင့်ဖို့နဲ့ လုံခြုံရေးအသိ ရှိကြဖို့ကိုလည်း တိုက်တွန်းထားတာဖြစ်ပါတယ်။

ဒီနေ့ရက်တွေမှာ ဘာကြောင့် တိုက်ခိုက်မှုတွေ ဖြစ်နိုင်တယ် ဆိုတာတွေကိုတော့ အသေအချာ မသိရသလို စက်တင်ဘာ ၂၆ ရက်နေ့တုန်းကလည်း ဘာတိုက်ခိုက်မှုမှ မဖြစ်ပွားခဲ့ပါဘူး။

မြန်မာနိုင်ငံရဲတပ်ဖွဲ့ ပြောခွင့်ရ ရဲမှူးကြီး မျိုးသူစိုးကတော့ လုံခြုံရေးတပ်ဖွဲ့တွေဟာ ပုံမှန်အတိုင်း လိုအပ်တာကို စီစဉ်ဆောင်ရွက်နေပါတယ်လို့ မီဒီယာတွေကို ရှင်းပြထားပါတယ်။

ကနေဒါနဲ့ ဗြိတိန်က ထုတ်ပြန်တဲ့ အကြံပေးချက်တွေထဲမှာတော့ ဒီတိုက်ခိုက်မှုတွေဟာ ဗုံးခွဲတိုက်ခိုက်မှု ဖြစ်နိုင်တယ်လို့ ပြောပါတယ်။ ဗြိတိန်အစိုးရ နိုင်ငံခြားရေးနဲ့ ဓနသဟာယရုံးက ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာတော့ ဒီသတင်းနဲ့ပတ်သက်ပြီး မြန်မာအစိုးရဘက်က ဘာမှ အတည်မပြုသလို ဘာလုပ်ဆောင်သင့်တယ်ဆိုတာလည်း အသေးစိတ်မပြောဘူးလို့ ဖော်ပြထားပါတယ်။

----------------------------

(Unicode)








တိုက်ရိုက် လင့်ခ်


XS
SM
MD
LG