သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂျာမန်ဝန်ကြီးချုပ်ဖုန်း အမေရိကန် ထောက်လှမ်းရေး ခိုးနားထောင်ခဲ့သလား


အမေရိကန်သမ္မတနဲ့ ဂျာမာန်ဝန်ကြီးချုပ်ကို ဂျာမဏီနိုင်ငံ ဘာလင်မြို့တွင် တွေ့ရစဉ်က ( ဇွန် ၁၉၊ ၂၀၁၃)
အမေရိကန်သမ္မတနဲ့ ဂျာမာန်ဝန်ကြီးချုပ်ကို ဂျာမဏီနိုင်ငံ ဘာလင်မြို့တွင် တွေ့ရစဉ်က ( ဇွန် ၁၉၊ ၂၀၁၃)
အမေရိကန်အနေနဲ့ ဂျာမဏီဝန်ကြီးချုပ်ရဲ့ ဖုန်းကို ခိုးနားထောင်နေတယ်လို့ စွတ်စွဲချက်တွေ ထွက်နေချိန်မှာ ဂျာမဏီလည်း အဖွဲ့ဝင်အဖြစ်ပါတဲ့ ဥရောပသမဂ္ဂ ထိပ်သီးဆွေးနွေးပွဲ စတင်နေပြီး ပြင်းပြင်းထန်ထန် တုန့်ပြန်နေကြပါတယ်။
ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံပေါင်း ၂၈ နိုင်ငံက ခေါင်းဆောင်တွေဟာ ဘယ်လ်ဂျီယံမြို.တော် ဘရပ်ဆယ်လ်မြို.မှာ ဒီနေ့ စတင်တွေ့ဆုံနေကြရာမှာ၊ NSA လို့ အတိုခေါက်ခေါ်တဲ့ အမေရိကန် အမျိုးသားလုံခြုံရေးအေဂျင်စီအနေနဲ့ ဂျာမဏီဝန်ကြီးချုပ် Angela Merkel ရဲ့လက်ကိုင်ဖုန်းကိုခိုးနားထောင်တယ်ဆိုတဲ့ စွတ်စွဲချက် သတင်းတွေက ဒီထိပ်သီးဆွေးနွေးပွဲကို လွှမ်းမိုးနေပါတယ်။

ဒီဖုန်းခိုးနားထောင်တဲ့ကိစ္စအကြောင်း မေးမြန်းဖို့ ဒီနေ့မနက်စောစောမှာပဲ ဂျာမဏီနိုင်ငံခြားရေးဝန်ကြီးက အမေရိကန်သံအမတ်ကို ဆင့်ခေါ်ထားရာမှာ ဒီနေ့ နှောင်းပိုင်းမှာ သူတို့နှစ်ဦး တွေ့ဆုံကြဖို့ရှိပါတယ်။ တချိန်တည်းမှာ EC ဥရောပကော်မရှင်အဖွဲ့ဝင်တွေအနေနဲ့လည်း ဒီEU ဥရောပသမဂ္ဂ ထိပ်သီးဆွေးနွေးပွဲ မတိုင်ခင်လေးမှာ ဒီကိစ္စကို ဖြေရှင်းဖို့ ဆွေးနွေး ခဲ့ကြပါသေးတယ်။ ဥရောပကော်မရှင်ရဲ့ တရားမျတရေးနဲ့ လူ့အခွင့်အရေးဆိုင်ရာ ပြောခွင့်ရသူ မီနာအမ်ဒရီဗာက သတင်းအချက်အလက် ကာကွယ်ရေးဆိုတာ မည်သူမဆို ရသင့်တဲ့အခွင့်အရေးဖြစ်တယ်။ ဒီကိစ္စအတွက် EU ဥရောပကော်မရှင်တခုလုံး ညီညီညွတ်ညွတ်နဲ့ ရင်ဆိုင်ဖြေရှင်းဖို့လိုတယ်။ EU ရဲ့ လွတ်လပ်ရေး ကြေညာစာတမ်းတောင် ဖြစ်နိုင်တယ်လို့ ထုတ်ပြောခဲ့ပါတယ်။

မနေ့တုံးကတော့ အမေရိကန်သမ္မတ Barack Obama အနေနဲ့ ဂျာမဏီဝန်ကြီးချုပ် Merkel နဲ့ ဖုန်းပြောရာမှာ အမေရိကန်အနေနဲ့ အခုလိုခိုးနားထောင်တာမရှိဖူး၊ သူမရဲ့ ဆက်သွယ်မှုတွေကို စောင့်ကြည့်နေတာ မရှိဖူးလို့ ပြောခဲ့ပါတယ်။

ဒါပေမဲ့ ဝန်ကြီးချုပ် Merkel ရဲ.ပြောခွင့်ရသူက သတင်း ထုတ်ပြန်ရန်မှာတော့ခုလို လုပ်ရပ်မျိုးကို ဝန်ကြီးချုပ်အနေနဲ့ လုံးဝလက်ခံမှာ မဟုတ်ဖူး၊ ပြင်းပြင်းထန်ထန် ဆန့်ကျင်တယ်ဆိုတာကို သမ္မတ Obama ကို ရှင်းရှင်းလင်းလင်း ပြောခဲ့တယ်လို့ ဆိုပါတယ်။

ဂျာမဏီနိုင်ငံ ဆိုရှယ်ဒီမိုကရက်ခေါင်းဆောင် ဆစ်မာကယ်ဘရီယယ်ကလည်း ဒီထောက်လှမ်းတာ တကယ်ဖြစ်ခဲ့ရင် EU ဥရောပသမဂ္ဂ အနေနဲ့ အမေရိကန်နဲ့ အနာဂတ်ကုန်သွယ်မှုစာချုပ်တွေ ဆက်လုပ်ဖို့ စဉ်းစားရခက်သွားနိုင်တယ်လို့ဆိုပါတယ်။
XS
SM
MD
LG