သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

အေမရိကန္ အမ်ိဳးသားလုံၿခဳံေရး မဟာဗ်ဴဟာနဲ႔ ျမန္မာႏိုင္ငံ


2022 National Security Strategy

ျမန္မာႏိုင္ငံအေနနဲ႔ ဒီမိုကေရစီလမ္းေၾကာင္းေပၚ ျပန္ေရာက္ဖို႔ စစ္ေကာင္စီကို အေမရိကန္အစိုးရက ပိုမိုဖိအားေပးသြားဖို႔ရွိသလို၊ တတ္ႏိုင္သမွ်နည္းလမ္းေတြနဲ႔ ျမန္မာျပည္သူေတြကို အကူအညီေပးသြားဖို႔ရွိတယ္လို႔ျမင္ေၾကာင္း ျမန္မာႏိုင္ငံဆိုင္ရာ အေမရိကန္သံအမတ္ႀကီးေဟာင္း Scot Marciel က ဗြီအိုေအကို ေျပာပါတယ္။ ေအာက္တိုဘာလ (၁၃) ရက္ေန႔က ပထမဆုံးအႀကိမ္ ထုတ္ျပန္လိုက္တဲ့ သမၼတဘိုင္ဒန္အစိုးရရဲ႕ အမ်ိဳးသားလုံၿခဳံေရးမဟာဗ်ဴဟာထဲမွာ ျမန္မာနဲ႔ပတ္သက္လို႔ ေဖၚျပခဲ့တဲ့အခ်က္ေပၚမွာ သူက ေျပာသြားတာပါ။ စစ္အာဏာသိမ္းခံထားရတဲ့အျပင္ အဓိကၿပိဳင္ဘက္ တ႐ုတ္နဲ႔ အိမ္နီးခ်င္းျဖစ္ေနတဲ့ ျမန္မာအေပၚ အေမရိကန္ရဲ႕ မဟာဗ်ဴဟာေျမာက္ မူဝါဒဘယ္လိုရွိေနလဲ။ မအင္ၾကင္းႏိုင္က တင္ျပထားပါတယ္။

ပထဝီႏိုင္ငံေရးအရ အေရးပါေနတဲ့ ျမန္မာႏိုင္ငံနဲ႔ ပတ္သက္လို႔ သမၼတဘိုင္ဒန္အစိုးရရဲ႕ ပထမဆုံးအႀကိမ္ ထုတ္ျပန္လိုက္တဲ့ အမ်ိဳးသားလုံၿခဳံေရး မဟာဗ်ဴဟာမွာ ျမန္မာႏိုင္ငံမွာ ရက္စက္ၾကမ္းၾကဳတ္တဲ့ စစ္အာဏာသိမ္းမႈဟာ ေဒသတြင္းလုံၿခဳံေရးကို ထိခိုက္ေစၿပီး ျမန္မာ့ဒီမိုကေရစီအသြင္ကူးေျပာင္းေရးကို ေျပာင္းလဲထူေထာင္တဲ့ေနရာမွာ ကူညီဖို႔အတြက္ အာဆီယံအပါအဝင္ မဟာမိတ္ေတြ၊ မိတ္ဖက္ႏိုင္ငံေတြနဲ႔ နီးကပ္စြာ ဆက္လက္လုပ္ေဆာင္သြားမယ္လို႔ ေဖၚျပထားပါတယ္။

ျမန္မာျပည္တြင္းမွာ စစ္အာဏာသိမ္းမႈဟာ ျပည္တြင္းေရးမဟုတ္ပဲ ေဒသတြင္း လုံၿခဳံေရးအႏၲရာယ္ကိုပါ ၿခိမ္းေျခာက္ေနတဲ့အေနအထားကို အေမရိကန္အစိုးရက အတိအက်ေဖၚျပလာတာ ျဖစ္ပါတယ္။ ဒါဟာ ျမန္မာ့အေရးကို အေမရိကန္ျပည္ေထာင္စု ျပင္းထန္တဲ့ ဖိအားေပးမႈေတြနဲ႔ ဆက္ၿပီး လုပ္ေဆာင္သြားမယ့္ အေနအထားျဖစ္တယ္လို႔ ျမင္ေၾကာင္း ျမန္မာႏိုင္ငံဆိုင္ရာ အေမရိကန္သံအမတ္ႀကီးေဟာင္း Scot Marciel က ဗြီအိုေအကို ေျပာပါတယ္။

"ျမန္မာႏိုင္ငံမွာ စစ္တပ္အာဏာသိမ္းမႈနဲ႔ အာဏာသိမ္းၿပီးေနာက္ ျဖစ္လာတဲ့ အက်ပ္အတည္းေၾကာင့္ ေပၚေပါက္လာတဲ့ အေၾကာင္းအရာႏွစ္ခု ရွိေနတယ္ဆိုတာကို အေမရိကန္ျပည္ေထာင္စုက ရႈျမင္ထားပါတယ္။ တခုကေတာ့ ျမန္မာႏိုင္ငံအတြက္ ႀကီးမားတဲ့ လူသားခ်င္းစာနာမႈ အက်ပ္အတည္း ျဖစ္ေပၚလာေစတယ္။ ေနာက္တခုက ေဒသတြင္း တည္ၿငိမ္ေရးကို ထိခိုက္ေစပါတယ္။ အာဆီယံကို ထိခိုက္ေစတယ္။ အိမ္နီးခ်င္းႏိုင္ငံေတြကိုလည္း ထိခိုက္ေစပါတယ္။ ဒါေတြဟာ ေဒသတြင္းတည္ၿငိမ္ေရးအတြက္ အႏၲရာယ္ရွိေနတယ္လို႔ က်ေနာ္ျမင္ပါတယ္။ ဒါေၾကာင့္ ဒီအေၾကာင္းအရာေတြအားလုံး ေပါင္းစပ္မႈဟာ ျမန္မာစစ္အာဏာရွင္ေတြအေပၚ ဆက္ၿပီးပိုမိုဖိအားေပးဖို႔နဲ႔ တတ္ႏိုင္တဲ့ နည္းလမ္းမွန္သမွ်နဲ႔ ႀကိဳးစားေပးဖို႔ဆိုတဲ့ အေမရိကန္ရဲ႕ ရႈျမင္မႈကို အားျဖည့္ေပးလိုက္တာ ျဖစ္ပါတယ္။ ဒါမွသာ တိုင္းျပည္ကို ဒီမိုကေရစီလမ္းေၾကာင္းေပၚ ျပန္ေရာက္ေအာင္ႀကိဳးပမ္းေနတဲ့ ျမန္မာျပည္သူေတြကို ကူညီေပးႏိုင္မွာ ျဖစ္ပါတယ္။"

တခ်ိန္တည္းမွာပဲ အေမရိကန္အစိုးရဟာ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕ေတြနဲ႔ တိုက္႐ိုက္ဆက္ဆံမႈေတြကို လူအမ်ားသိေအာင္ ထုတ္ျပလာတာေတြ႕ရပါတယ္။ ဒါေတြဟာ ဘယ္လို အက်ိဳးသက္ေရာက္မႈေတြရွိမလဲဆိုတဲ့ ေမးခြန္းကိုေတာ့ Scot Marciel က အခုလို တုံ႔ျပန္သြားပါတယ္။

"က်ေနာ့္အျမင္ေျပာရရင္ ဒါဟာ သိပ္ကိုအေရးႀကီးပါတယ္။ ျပန္ၿပီးသတိရဖို႔က ျမန္မာႏိုင္ငံမွာရွိတဲ့ တိုင္းရင္းသားအဖြဲ႕အစည္းေတြ၊ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕က ကိုယ္စားလွယ္ေတြနဲ႔ ေတြ႕ဆုံေဆြးေႏြးဖူးပါတယ္။ က်ေနာ္ ျမန္မာႏိုင္ငံမွာ ရွိတုန္းကလည္း KNU (ကရင္အမ်ိဳးသားအစည္းအ႐ုံး)၊ KIO (ကခ်င္လြတ္ေျမာက္ေရးအဖြဲ႕) စတဲ့ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕ ကိုယ္စားလွယ္ေတြနဲ႔ မၾကာခဏေတြ႕ဆုံ ျဖစ္ပါတယ္။ ဒါေတြဟာ အခုမွလုပ္မယ့္ အသစ္အဆန္းေတာ့ မဟုတ္ပါဘူး။ တိုင္းျပည္ရဲ႕ ျပႆနာအေျဖရွာၿပီး ေရွ႕ဆက္သြားဖို႔ဆိုရင္ လူနည္းစုတိုင္းရင္းသားေတြရဲ႕ အခန္းက႑ မရွိမျဖစ္လိုအပ္တယ္ဆိုတာ ႏိုင္ငံတြင္းမွာ ရွိေနတဲ့ လူအမ်ားစုက သေဘာတူၾကပါတယ္။ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕ေတြတင္ မဟုတ္ပါဘူး၊ တိုင္းရင္းသားအဖြဲ႕အစည္း အသိုင္းအဝိုင္းေတြပါဝင္ဖို႔ လိုပါတယ္။ ဒါေၾကာင့္ သက္ဆိုင္သူအားလုံးနဲ႔ စကားေျပာဖို႔နဲ႔ အျမင္ခ်င္းဖလွယ္ဖို႔ အေရးႀကီးပါတယ္။ ဒါေပမဲ့ ရည္႐ြယ္ခ်က္က ဒီမိုကေရစီေရးလမ္းေၾကာင္းကို ဦးတည္ေလွ်ာက္လွမ္းႏိုင္ေရးနဲ႔ ျမန္မာျပည္သူေတြ ဆုံးျဖတ္မယ့္ ဖက္ဒရယ္စနစ္နဲ႔ စည္းလုံးညီၫြတ္တဲ့ ႏိုင္ငံျဖစ္ဖို႔ပါ။

သမၼတဘိုင္ဒန္အစိုးရအေနနဲ႔ ျမန္မာအေပၚ လူသားခ်င္း စာနာေထာက္ထားမႈ အကူအညီေတြကို ထပ္တိုးၿပီး ေပးလာတာ၊ NUG အမ်ိဳးသားညီၫြတ္ေရးအစိုးရလိုမ်ိဳး အဖြဲ႕အစည္းေတြနဲ႔ ခ်ဥ္းကပ္ဆက္ဆံမႈ တိုးျမႇင့္လုပ္လာတာေတြ ရွိပါတယ္။ ဒါေပမဲ့ ဒီလိုေဆာင္႐ြက္ခ်က္ေတြဟာ ျမန္မာျပည္သူေတြအေပၚ စစ္ေကာင္စီရဲ႕ ဖိႏွိပ္မႈေတြ ရပ္တန႔္သြားဖို႔၊ အေျပာင္းအလဲ ျဖစ္လာဖို႔ လုံေလာက္မႈမရွိဘဲ၊ ေႏွးေကြးေနတယ္လို႔ ျမင္ေၾကာင္း Burma Act ျမန္မာႏိုင္ငံဆိုင္ရာ ဥပေဒကို အေမရိကန္လႊတ္ေတာ္မွာ ျပဌာန္းႏိုင္ေရး ဦးေဆာင္ႀကိဳးပမ္းေနတဲ့ ဝါရွင္တန္ဒီစီအေျခစိုက္ US Advocacy Coalition for Myanmar (ျမန္မာ့အေရး ေထာက္ခံအားေပးတဲ့ အေမရိကန္မဟာမိတ္အဖြဲ႕) ေျပာခြင့္ရ Mike Haack က ဗြီအိုေအကို ေျပာပါတယ္။

"အေမရိကန္က အကူအညီေပးေနတာေတြဟာ အရမ္းကို နည္းလြန္းတယ္လို႔ က်ေနာ္တို႔ ခံစားရပါတယ္။ အေမရိကန္အစိုးရအေနနဲ႔ ဒီထက္မက ပိုၿပီး လုပ္ေဆာင္ေစခ်င္ပါတယ္။ လူသားခ်င္းစာနာေထာက္ထားမႈဆိုင္ရာ အကူအညီေတြ၊ ဒီမိုကေရစီအင္အားစုေတြအတြက္ အကူအညီေတြကို တေျဖးေျဖးနဲ႔ တိုးျမင့္ေပးေနတယ္ဆိုေပမယ့္ က်ေနာ္တို႔ လိုခ်င္သေလာက္ အတိုင္းအတာကို မေရာက္ေသးပါဘူး။"

အေမရိကန္ရဲ႕ အမ်ိဳးသားလုံၿခဳံေရးမဟာဗ်ဴဟာ ေရးဆြဲတဲ့အထဲမွာ ျမန္မာကို ထည့္သြင္းေဖၚျပထားတာ ေကာင္းေပမယ့္ လက္ေတြ႕အေကာင္အထည္ေဖၚတဲ့အပိုင္းမွာ အားနည္းမႈေတြ ရွိေနတယ္လို႔ျမင္ေၾကာင္း ႏိုင္ငံတကာေရးရာသုံးသပ္သူ ေဒါက္တာခင္ေဇာ္ဝင္းက ဗြီအိုေအကိုေျပာပါတယ္။

"အမ်ိဳးသားလုံၿခဳံေရး မဟာဗ်ဴဟာကို ျပန္ၾကည့္မယ္ဆိုရင္ စကားအျဖစ္ေတာ့ ေကာင္းပါတယ္။ ျမန္မာျပည္ကို ႏွစ္ေၾကာင္းပဲေရးေရး၊ တစ္ပိုဒ္ပဲေရးေရး၊ တစ္မ်က္ႏွာပဲေရးေရး ပါလာတာ ေကာင္းတာေပါ့။ အဲဒါကိုေတာ့ ႀကိဳဆိုပါတယ္။ ဒါေပမဲ့ ေဆာင္႐ြက္မႈ၊ အေကာင္အထည္ေဖာ္မႈ မပါရင္ မၿပီဘူး။ အထူးသျဖင့္ ဒီအစိုးရ စစ္ေကာင္စီနဲ႔ဆို မရဘူး။"

ဒါအျပင္ အေမရိကန္ရဲ႕ အမ်ိဳးသားလုံၿခဳံေရးမဟာဗ်ဴဟာမွာ တ႐ုတ္ကို ပထဝီအေနအထားအရ အေမရိကန္ရဲ႕ တခုတည္းေသာ အႀကီးဆုံးၿခိမ္းေျခာက္မႈအျဖစ္ ထိပ္တန္းဦးစားေပး သတ္မွတ္ထားတဲ့အခ်က္နဲ႔ ပတ္သက္လို႔ တ႐ုတ္နဲ႔ အိမ္နီးခ်င္း ျမန္မာႏိုင္ငံအေနနဲ႔ သတိထားကိုင္တြယ္သင့္တဲ့ အခ်က္ကိုလည္း ေဒါက္တာခင္ေဇာ္ဝင္းက အခုလို အႀကံေပးသြားပါတယ္။

"စစ္အစိုးရကေတာ့ ဘယ္လိုသေဘာရွိသလဲ မသိဘူး။ ျမန္မာျပည္က ဒီမိုကေရစီအင္အားစုေတြ ဒီမိုကေရစီအစိုးရနဲ႔ ျပည္သူေတြက ဒီလိုအခက္အခဲ ႀကဳံေနခိုက္မွာ အေမရိကအေနနဲ႔ ပါဝင္ပတ္သက္မႈ။ ေနာက္ၿပီးေတာ့ ကူညီေစာင္မမႈ မရွိသေလာက္ ျဖစ္ေနတဲ့အခ်ိန္မွာ ဘာကိစၥနဲ႔ က်ေနာ္တို႔က ဒီလိုအားၿပိဳင္မႈထဲကို ပါခ်င္ရတာလဲ။"

လက္ရွိ အေမရိကန္ဘက္က NUG အမ်ိဳးသားညီၫြတ္ေရးအစိုးရနဲ႔ အနီးကပ္ဆက္ဆံမႈေတြရွိေနေပမယ့္ တရားဝင္အသိအမွတ္ျပဳေရး အလွမ္းေဝးေနေသးတယ္လို႔ သုံးသပ္ခ်က္ေတြ ရွိပါတယ္။ အေမရိကန္ဘက္က ဒီကိစၥမွာ ဘာေၾကာင့္ ေႏွာင့္ေႏွးေနရသလဲဆိုတဲ့ ေမးခြန္းကိုေတာ့ Mike Haack က အခုလိုတုံ႔ျပန္ပါတယ္။

"အေမရိကန္အေနနဲ႔ အတိုက္အခံေတြ ဖြဲ႕ထားတဲ့ အစိုးရဆိုတာေတြကို တရားဝင္ အသိအမွတ္ျပဳတာ အလြန္ရွားပါတယ္။ အေမရိကန္က အတိုက္အခံကို အစိုးရအျဖစ္ အသိအမွတ္ျပဳခဲ့တဲ့ ႏိုင္ငံဆိုလို႔ မၾကာေသးခင္က ထင္ထင္ရွားရွား ျဖစ္ခဲ့တဲ့၊ ဗင္နီဇြဲလားႏိုင္ငံ တႏိုင္ငံပဲ ရွိပါတယ္။ ဒါေပမဲ့လဲ ဒီလိုမ်ိဳးကိစၥေတြမွာ အဆင္ေျပမႈေတြ မရွိခဲ့ဘူးဆိုတာ လက္ခံထားၾကပါတယ္။ ဆိုေတာ့ အတိုက္အခံအစိုးရကို အသိအမွတ္ျပဳေရးကိစၥမွာ ကန႔္သတ္ခ်က္ေတြ အမ်ားႀကီးရွိေနပါတယ္။ ဒါကို က်ေနာ္တို႔ မေမ့ဖို႔ လိုပါတယ္။ ဒါေပမဲ့ ေတာ္လွန္ေရးေအာင္ျမင္ၿပီး NUG အာဏာရရင္ေတာ့ အစိုးရအျဖစ္ အသိအမွတ္ျပဳခံရမွာ ေသခ်ာပါတယ္။"

ဘယ္လိုပဲျဖစ္ျဖစ္ သမၼတအိမ္ျဖဴေတာ္က ထုတ္ျပန္လိုက္တဲ့ သမၼတဘိုင္ဒန္အစိုးရရဲ႕ အမ်ိဳးသားလုံၿခဳံေရးမဟာဗ်ဴဟာမွာ ႏွစ္ေပါင္းမ်ားစြာ ျမန္မာႏိုင္ငံအေပၚ ထားရွိတဲ့ အေမရိကန္မူဝါဒကို ထင္ဟပ္ေနတဲ့ ဒီမိုကေရစီေရးကို အၿမဲပံ့ပိုးကူညီဖို႔အျပင္ ဖယ္ဒရယ္ျပည္ေထာင္စုစနစ္ကို ကူးေျပာင္းဖို႔ လတ္တေလာ ေဆြးေႏြးမႈေတြကိုပါ အေထာက္အပံ့ျဖစ္ေစဖို႔ ရည္႐ြယ္ခ်က္ေတြလည္း ရွိေနေၾကာင္း သံအမတ္ႀကီးေဟာင္း Marciel က ဗြီအိုေအကို ေျပာၾကားခဲ့ပါတယ္။

ကန္ အမ်ိဳးသားလုံၿခဳံေရးမဟာဗ်ဴဟာနဲ႔ ျမန္မာ့အေရး
please wait

No media source currently available

0:00 0:07:34 0:00

===== Unicode ====

မြန်မာနိုင်ငံအနေနဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်ရောက်ဖို့ စစ်ကောင်စီကို အမေရိကန်အစိုးရက ပိုမိုဖိအားပေးသွားဖို့ရှိသလို၊ တတ်နိုင်သမျှနည်းလမ်းတွေနဲ့ မြန်မာပြည်သူတွေကို အကူအညီပေးသွားဖို့ရှိတယ်လို့မြင်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးဟောင်း Scot Marciel က ဗွီအိုအေကို ပြောပါတယ်။ အောက်တိုဘာလ (၁၃) ရက်နေ့က ပထမဆုံးအကြိမ် ထုတ်ပြန်လိုက်တဲ့ သမ္မတဘိုင်ဒန်အစိုးရရဲ့ အမျိုးသားလုံခြုံရေးမဟာဗျူဟာထဲမှာ မြန်မာနဲ့ပတ်သက်လို့ ဖေါ်ပြခဲ့တဲ့အချက်ပေါ်မှာ သူက ပြောသွားတာပါ။ စစ်အာဏာသိမ်းခံထားရတဲ့အပြင် အဓိကပြိုင်ဘက် တရုတ်နဲ့ အိမ်နီးချင်းဖြစ်နေတဲ့ မြန်မာအပေါ် အမေရိကန်ရဲ့ မဟာဗျူဟာမြောက် မူဝါဒဘယ်လိုရှိနေလဲ။ မအင်ကြင်းနိုင်က တင်ပြထားပါတယ်။

ပထဝီနိုင်ငံရေးအရ အရေးပါနေတဲ့ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ သမ္မတဘိုင်ဒန်အစိုးရရဲ့ ပထမဆုံးအကြိမ် ထုတ်ပြန်လိုက်တဲ့ အမျိုးသားလုံခြုံရေး မဟာဗျူဟာမှာ မြန်မာနိုင်ငံမှာ ရက်စက်ကြမ်းကြုတ်တဲ့ စစ်အာဏာသိမ်းမှုဟာ ဒေသတွင်းလုံခြုံရေးကို ထိခိုက်စေပြီး မြန်မာ့ဒီမိုကရေစီအသွင်ကူးပြောင်းရေးကို ပြောင်းလဲထူထောင်တဲ့နေရာမှာ ကူညီဖို့အတွက် အာဆီယံအပါအဝင် မဟာမိတ်တွေ၊ မိတ်ဖက်နိုင်ငံတွေနဲ့ နီးကပ်စွာ ဆက်လက်လုပ်ဆောင်သွားမယ်လို့ ဖေါ်ပြထားပါတယ်။

မြန်မာပြည်တွင်းမှာ စစ်အာဏာသိမ်းမှုဟာ ပြည်တွင်းရေးမဟုတ်ပဲ ဒေသတွင်း လုံခြုံရေးအန္တရာယ်ကိုပါ ခြိမ်းခြောက်နေတဲ့အနေအထားကို အမေရိကန်အစိုးရက အတိအကျဖေါ်ပြလာတာ ဖြစ်ပါတယ်။ ဒါဟာ မြန်မာ့အရေးကို အမေရိကန်ပြည်ထောင်စု ပြင်းထန်တဲ့ ဖိအားပေးမှုတွေနဲ့ ဆက်ပြီး လုပ်ဆောင်သွားမယ့် အနေအထားဖြစ်တယ်လို့ မြင်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးဟောင်း Scot Marciel က ဗွီအိုအေကို ပြောပါတယ်။

"မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းမှုနဲ့ အာဏာသိမ်းပြီးနောက် ဖြစ်လာတဲ့ အကျပ်အတည်းကြောင့် ပေါ်ပေါက်လာတဲ့ အကြောင်းအရာနှစ်ခု ရှိနေတယ်ဆိုတာကို အမေရိကန်ပြည်ထောင်စုက ရှုမြင်ထားပါတယ်။ တခုကတော့ မြန်မာနိုင်ငံအတွက် ကြီးမားတဲ့ လူသားချင်းစာနာမှု အကျပ်အတည်း ဖြစ်ပေါ်လာစေတယ်။ နောက်တခုက ဒေသတွင်း တည်ငြိမ်ရေးကို ထိခိုက်စေပါတယ်။ အာဆီယံကို ထိခိုက်စေတယ်။ အိမ်နီးချင်းနိုင်ငံတွေကိုလည်း ထိခိုက်စေပါတယ်။ ဒါတွေဟာ ဒေသတွင်းတည်ငြိမ်ရေးအတွက် အန္တရာယ်ရှိနေတယ်လို့ ကျနော်မြင်ပါတယ်။ ဒါကြောင့် ဒီအကြောင်းအရာတွေအားလုံး ပေါင်းစပ်မှုဟာ မြန်မာစစ်အာဏာရှင်တွေအပေါ် ဆက်ပြီးပိုမိုဖိအားပေးဖို့နဲ့ တတ်နိုင်တဲ့ နည်းလမ်းမှန်သမျှနဲ့ ကြိုးစားပေးဖို့ဆိုတဲ့ အမေရိကန်ရဲ့ ရှုမြင်မှုကို အားဖြည့်ပေးလိုက်တာ ဖြစ်ပါတယ်။ ဒါမှသာ တိုင်းပြည်ကို ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်ရောက်အောင်ကြိုးပမ်းနေတဲ့ မြန်မာပြည်သူတွေကို ကူညီပေးနိုင်မှာ ဖြစ်ပါတယ်။"

တချိန်တည်းမှာပဲ အမေရိကန်အစိုးရဟာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ တိုက်ရိုက်ဆက်ဆံမှုတွေကို လူအများသိအောင် ထုတ်ပြလာတာတွေ့ရပါတယ်။ ဒါတွေဟာ ဘယ်လို အကျိုးသက်ရောက်မှုတွေရှိမလဲဆိုတဲ့ မေးခွန်းကိုတော့ Scot Marciel က အခုလို တုံ့ပြန်သွားပါတယ်။

"ကျနော့်အမြင်ပြောရရင် ဒါဟာ သိပ်ကိုအရေးကြီးပါတယ်။ ပြန်ပြီးသတိရဖို့က မြန်မာနိုင်ငံမှာရှိတဲ့ တိုင်းရင်းသားအဖွဲ့အစည်းတွေ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့က ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံဆွေးနွေးဖူးပါတယ်။ ကျနော် မြန်မာနိုင်ငံမှာ ရှိတုန်းကလည်း KNU (ကရင်အမျိုးသားအစည်းအရုံး)၊ KIO (ကချင်လွတ်မြောက်ရေးအဖွဲ့) စတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ကိုယ်စားလှယ်တွေနဲ့ မကြာခဏတွေ့ဆုံ ဖြစ်ပါတယ်။ ဒါတွေဟာ အခုမှလုပ်မယ့် အသစ်အဆန်းတော့ မဟုတ်ပါဘူး။ တိုင်းပြည်ရဲ့ ပြဿနာအဖြေရှာပြီး ရှေ့ဆက်သွားဖို့ဆိုရင် လူနည်းစုတိုင်းရင်းသားတွေရဲ့ အခန်းကဏ္ဍ မရှိမဖြစ်လိုအပ်တယ်ဆိုတာ နိုင်ငံတွင်းမှာ ရှိနေတဲ့ လူအများစုက သဘောတူကြပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေတင် မဟုတ်ပါဘူး၊ တိုင်းရင်းသားအဖွဲ့အစည်း အသိုင်းအဝိုင်းတွေပါဝင်ဖို့ လိုပါတယ်။ ဒါကြောင့် သက်ဆိုင်သူအားလုံးနဲ့ စကားပြောဖို့နဲ့ အမြင်ချင်းဖလှယ်ဖို့ အရေးကြီးပါတယ်။ ဒါပေမဲ့ ရည်ရွယ်ချက်က ဒီမိုကရေစီရေးလမ်းကြောင်းကို ဦးတည်လျှောက်လှမ်းနိုင်ရေးနဲ့ မြန်မာပြည်သူတွေ ဆုံးဖြတ်မယ့် ဖက်ဒရယ်စနစ်နဲ့ စည်းလုံးညီညွတ်တဲ့ နိုင်ငံဖြစ်ဖို့ပါ။

သမ္မတဘိုင်ဒန်အစိုးရအနေနဲ့ မြန်မာအပေါ် လူသားချင်း စာနာထောက်ထားမှု အကူအညီတွေကို ထပ်တိုးပြီး ပေးလာတာ၊ NUG အမျိုးသားညီညွတ်ရေးအစိုးရလိုမျိုး အဖွဲ့အစည်းတွေနဲ့ ချဉ်းကပ်ဆက်ဆံမှု တိုးမြှင့်လုပ်လာတာတွေ ရှိပါတယ်။ ဒါပေမဲ့ ဒီလိုဆောင်ရွက်ချက်တွေဟာ မြန်မာပြည်သူတွေအပေါ် စစ်ကောင်စီရဲ့ ဖိနှိပ်မှုတွေ ရပ်တန့်သွားဖို့၊ အပြောင်းအလဲ ဖြစ်လာဖို့ လုံလောက်မှုမရှိဘဲ၊ နှေးကွေးနေတယ်လို့ မြင်ကြောင်း Burma Act မြန်မာနိုင်ငံဆိုင်ရာ ဥပဒေကို အမေရိကန်လွှတ်တော်မှာ ပြဌာန်းနိုင်ရေး ဦးဆောင်ကြိုးပမ်းနေတဲ့ ဝါရှင်တန်ဒီစီအခြေစိုက် US Advocacy Coalition for Myanmar (မြန်မာ့အရေး ထောက်ခံအားပေးတဲ့ အမေရိကန်မဟာမိတ်အဖွဲ့) ပြောခွင့်ရ Mike Haack က ဗွီအိုအေကို ပြောပါတယ်။

"အမေရိကန်က အကူအညီပေးနေတာတွေဟာ အရမ်းကို နည်းလွန်းတယ်လို့ ကျနော်တို့ ခံစားရပါတယ်။ အမေရိကန်အစိုးရအနေနဲ့ ဒီထက်မက ပိုပြီး လုပ်ဆောင်စေချင်ပါတယ်။ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ၊ ဒီမိုကရေစီအင်အားစုတွေအတွက် အကူအညီတွေကို တဖြေးဖြေးနဲ့ တိုးမြင့်ပေးနေတယ်ဆိုပေမယ့် ကျနော်တို့ လိုချင်သလောက် အတိုင်းအတာကို မရောက်သေးပါဘူး။"

အမေရိကန်ရဲ့ အမျိုးသားလုံခြုံရေးမဟာဗျူဟာ ရေးဆွဲတဲ့အထဲမှာ မြန်မာကို ထည့်သွင်းဖေါ်ပြထားတာ ကောင်းပေမယ့် လက်တွေ့အကောင်အထည်ဖေါ်တဲ့အပိုင်းမှာ အားနည်းမှုတွေ ရှိနေတယ်လို့မြင်ကြောင်း နိုင်ငံတကာရေးရာသုံးသပ်သူ ဒေါက်တာခင်ဇော်ဝင်းက ဗွီအိုအေကိုပြောပါတယ်။

"အမျိုးသားလုံခြုံရေး မဟာဗျူဟာကို ပြန်ကြည့်မယ်ဆိုရင် စကားအဖြစ်တော့ ကောင်းပါတယ်။ မြန်မာပြည်ကို နှစ်ကြောင်းပဲရေးရေး၊ တစ်ပိုဒ်ပဲရေးရေး၊ တစ်မျက်နှာပဲရေးရေး ပါလာတာ ကောင်းတာပေါ့။ အဲဒါကိုတော့ ကြိုဆိုပါတယ်။ ဒါပေမဲ့ ဆောင်ရွက်မှု၊ အကောင်အထည်ဖော်မှု မပါရင် မပြီဘူး။ အထူးသဖြင့် ဒီအစိုးရ စစ်ကောင်စီနဲ့ဆို မရဘူး။"

ဒါအပြင် အမေရိကန်ရဲ့ အမျိုးသားလုံခြုံရေးမဟာဗျူဟာမှာ တရုတ်ကို ပထဝီအနေအထားအရ အမေရိကန်ရဲ့ တခုတည်းသော အကြီးဆုံးခြိမ်းခြောက်မှုအဖြစ် ထိပ်တန်းဦးစားပေး သတ်မှတ်ထားတဲ့အချက်နဲ့ ပတ်သက်လို့ တရုတ်နဲ့ အိမ်နီးချင်း မြန်မာနိုင်ငံအနေနဲ့ သတိထားကိုင်တွယ်သင့်တဲ့ အချက်ကိုလည်း ဒေါက်တာခင်ဇော်ဝင်းက အခုလို အကြံပေးသွားပါတယ်။

"စစ်အစိုးရကတော့ ဘယ်လိုသဘောရှိသလဲ မသိဘူး။ မြန်မာပြည်က ဒီမိုကရေစီအင်အားစုတွေ ဒီမိုကရေစီအစိုးရနဲ့ ပြည်သူတွေက ဒီလိုအခက်အခဲ ကြုံနေခိုက်မှာ အမေရိကအနေနဲ့ ပါဝင်ပတ်သက်မှု။ နောက်ပြီးတော့ ကူညီစောင်မမှု မရှိသလောက် ဖြစ်နေတဲ့အချိန်မှာ ဘာကိစ္စနဲ့ ကျနော်တို့က ဒီလိုအားပြိုင်မှုထဲကို ပါချင်ရတာလဲ။"

လက်ရှိ အမေရိကန်ဘက်က NUG အမျိုးသားညီညွတ်ရေးအစိုးရနဲ့ အနီးကပ်ဆက်ဆံမှုတွေရှိနေပေမယ့် တရားဝင်အသိအမှတ်ပြုရေး အလှမ်းဝေးနေသေးတယ်လို့ သုံးသပ်ချက်တွေ ရှိပါတယ်။ အမေရိကန်ဘက်က ဒီကိစ္စမှာ ဘာကြောင့် နှောင့်နှေးနေရသလဲဆိုတဲ့ မေးခွန်းကိုတော့ Mike Haack က အခုလိုတုံ့ပြန်ပါတယ်။

"အမေရိကန်အနေနဲ့ အတိုက်အခံတွေ ဖွဲ့ထားတဲ့ အစိုးရဆိုတာတွေကို တရားဝင် အသိအမှတ်ပြုတာ အလွန်ရှားပါတယ်။ အမေရိကန်က အတိုက်အခံကို အစိုးရအဖြစ် အသိအမှတ်ပြုခဲ့တဲ့ နိုင်ငံဆိုလို့ မကြာသေးခင်က ထင်ထင်ရှားရှား ဖြစ်ခဲ့တဲ့၊ ဗင်နီဇွဲလားနိုင်ငံ တနိုင်ငံပဲ ရှိပါတယ်။ ဒါပေမဲ့လဲ ဒီလိုမျိုးကိစ္စတွေမှာ အဆင်ပြေမှုတွေ မရှိခဲ့ဘူးဆိုတာ လက်ခံထားကြပါတယ်။ ဆိုတော့ အတိုက်အခံအစိုးရကို အသိအမှတ်ပြုရေးကိစ္စမှာ ကန့်သတ်ချက်တွေ အများကြီးရှိနေပါတယ်။ ဒါကို ကျနော်တို့ မမေ့ဖို့ လိုပါတယ်။ ဒါပေမဲ့ တော်လှန်ရေးအောင်မြင်ပြီး NUG အာဏာရရင်တော့ အစိုးရအဖြစ် အသိအမှတ်ပြုခံရမှာ သေချာပါတယ်။"

ဘယ်လိုပဲဖြစ်ဖြစ် သမ္မတအိမ်ဖြူတော်က ထုတ်ပြန်လိုက်တဲ့ သမ္မတဘိုင်ဒန်အစိုးရရဲ့ အမျိုးသားလုံခြုံရေးမဟာဗျူဟာမှာ နှစ်ပေါင်းများစွာ မြန်မာနိုင်ငံအပေါ် ထားရှိတဲ့ အမေရိကန်မူဝါဒကို ထင်ဟပ်နေတဲ့ ဒီမိုကရေစီရေးကို အမြဲပံ့ပိုးကူညီဖို့အပြင် ဖယ်ဒရယ်ပြည်ထောင်စုစနစ်ကို ကူးပြောင်းဖို့ လတ်တလော ဆွေးနွေးမှုတွေကိုပါ အထောက်အပံ့ဖြစ်စေဖို့ ရည်ရွယ်ချက်တွေလည်း ရှိနေကြောင်း သံအမတ်ကြီးဟောင်း Marciel က ဗွီအိုအေကို ပြောကြားခဲ့ပါတယ်။

XS
SM
MD
LG