သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်လွတ်လပ်ရေး အခမ်းအနားတွေမှာ လုံခြုံရေးတင်းကြပ်


နယူးရောက်မြို့မှာ ကျင်းပမယ့် လွတ်လပ်ရေးနေ့ အခမ်းအနားအတွက် ရဲတပ်ဖွဲ့လုံခြုံရေးကား နေရာယူထားစဉ်
နယူးရောက်မြို့မှာ ကျင်းပမယ့် လွတ်လပ်ရေးနေ့ အခမ်းအနားအတွက် ရဲတပ်ဖွဲ့လုံခြုံရေးကား နေရာယူထားစဉ်

အမေရိကန်ပြည်ထောင်စုရဲ့ ဇူလိုင်လ ၄ ရက်ဒီကနေ့မှာ ကျရောက်တဲ့ လွတ်လပ်ရေးနေ့ အထိမ်းအမှတ်ကို နိုင်ငံတဝှမ်း မြို့ကြီးတွေမှာ ဆင်နွှဲဖို့ ပြင်ဆင်နေချိန်မှာ လွတ်လပ်ရေး ဆင်နွဲှမှုတွေ ဘေးအန္တရာယ် ကင်းရှင်းစေရေးအတွက် ဒေသခံ ရဲတပ်ဖွဲ့တွေနဲ့ ပြည်ထောင်စုအစိုးရ အရာရှိတွေက အတူတကွ ညှိုနှိုင်းလုပ်ဆောင်လျှက်ရှိပါတယ်။

နယူးရောက်မြို့မှာ ဒီကနေ့ ကျင်းပမယ့် နိုင်ငံရဲ့ အကြီးမားဆုံး မီးရှုမီးပန်းဖောက်ပွဲကို လူ ၃ သန်းကျော် ကြည့်ရှုလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။ အခုလိုပွဲတွေ ကျင်းပစဉ်အတွင်း တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး ခိုင်လုံတဲ့ ခြိမ်းခြောက်မှုတွေ မတွေ့ရကြောင်း နယူးရောက် ရဲတပ်ဖွဲ့ကပြောပေမယ့် မြို့တော်ဝန် Bill de Blasio ကတော့ အကြမ်းဖက်မှုတိုက်ဖျက်ရေးနဲ့ အခြားလက်နက်ကိုင် ရဲအရာရှိတွေကို စေလွှတ်ချထားတယ်လို့ ပြောပါတယ်။

ဝါရှင်တန်ဒီစီမှာတော့ မီးရှုမီးပန်းဖောက်ပွဲအပြင် လွှတ်တော်ရှေ့မှာ အနုပညာဖျော်ဖြေပွဲကျင်းပဖို့ရှိပြီး လွတ်လပ်ရေး ဖျော်ဖြေမှုအခမ်းအနားတွေကို လူသိန်းနဲ့ချီ တက်ရောက်ကြလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။ ဒီစီရဲချုပ်ကတော့ ဒီအခမ်းအနားတွေမှာ ခြိမ်းခြောက်မှုတွေ မတွေ့ရကြောင်း ပြီးခဲ့တဲ့ သတင်းပတ်ကပြောပေမယ့် လုံခြုံရေးတွေကို အပြည့်အဝချထားကြောင်း ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG