သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မဟာမိတ်တွေရဲ့တာဝေးပစ်လက်နက်တွေနဲ့ ရုရှားထဲပစ်ခွင့်ပေးဖို့ ယူကရိန်း ပန်ကြား


 စပိန်ဘုရင် Felipe နဲ့ မိဖုရား Letizia တို့ဘေးမှာရှိနေတဲ့ ယူကရိန်းသမ္မတ Volodymyr Zelenskiy ကို စပိန်ဝန်ကြီးချုပ် Pedro Sanchez က စပိန်နန်းတော်မှာ နှုတ်ဆက်နေစဥ်။ (မေ ၂၇၊ ၂၀၂၄/Reuters)
စပိန်ဘုရင် Felipe နဲ့ မိဖုရား Letizia တို့ဘေးမှာရှိနေတဲ့ ယူကရိန်းသမ္မတ Volodymyr Zelenskiy ကို စပိန်ဝန်ကြီးချုပ် Pedro Sanchez က စပိန်နန်းတော်မှာ နှုတ်ဆက်နေစဥ်။ (မေ ၂၇၊ ၂၀၂၄/Reuters)

ယူကရိန်းနိုင်ငံကကိုယ့်ကိုကိုယ် ခုခံကာကွယ်တဲ့အနေနဲ့ အနောက်နိုင်ငံတွေကပေးအပ်ထားတဲ့ တာဝေးပစ်လက်နက်တွေနဲ့ ရုရှားနိုင်ငံထဲကပစ်မှတ်တွေကို တိုက်ခိုက်ခွင့်ပြုပါလို့ ယူကရိန်းသမ္မတ Volodymyr Zelenskyy က တနင်္လာနေ့မှာ ပန်ကြားလိုက်ပါတယ်။

အောင်မြင်မှုတွေပိုရအောင် မိတ်ဖက်နိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်မှုအရှိန်မြှင့်ဖို့လိုပါတယ်လို့ စပိန်နိုင်ငံ၊ မက်ဒရစ်မြို့က စပိန်ဝန်ကြီးချုပ် Pedro Sanchez နဲ့ ပူးတွဲပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာ သမ္မတ Zelenskyy ကပြောဆိုသွားတာပါ။ မိတ်ဖက်တွေနဲ့ ပူးပေါင်းဆောင်ရွက်ရုံတင်မကဘဲ ရုရှားရန်က ခုခံကာကွယ်နိုင်အောင် အခွင့်အရေးပေးဖို့လည်း သမ္မတ Zelenskyy ကပြောဆိုသွားတာပါ။ ရုရှားရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို ကာကွယ်ဖို့ လေကြောင်းရန်ကာကွယ်ရေးစနစ်တွေလိုအပ်တယ်လို့လည်း ထပ်လောင်းပြောဆိုသွားပါတယ်။

လေကြောင်းရန်ကာကွယ်ရေးဆိုတာဟာ ခုခံကာကွယ်ဖို့သာဖြစ်ပြီး တိုက်ခိုက်ဖို့မဟုတ်ဘူးဆိုတာ လက်နက်အကူအညီပေးဖို့ နောက်တွန့်နေတဲ့မဟာမိတ်တွေနားလည်စေချင်ပါတယ်လို့လည်း သမ္မတ Zelenskyy ကပြောပါတယ်။ ရုရှားတို့ကလေကြောင်းဗုံး အလုံး ၃,၀၀၀ နဲ့ ယူကရိန်းနိုင်ငံထဲ လစဥ် ပစ်ခတ်တိုက်ခိုက်နေတယ်လို့လည်း ပြောဆိုသွားပါတယ်။

မြောက်အန္တတိတ် စစ်စာချုပ်အဖွဲ့ NATO အကြီးအကဲ Jens Stoltenberg ကလည်း ယူကရိန်းကိုပေးထားတဲ့လက်နက်တွေနဲ့ ရုရှားနိုင်ငံထဲ မပစ်ခတ်ရဆိုပြီး ကန့်သတ်ထားတဲ့ကိစ္စပြန်လည်သုံးသပ်ကြဖို့ ဘူဂေးလ်ရီးယားနိုင်ငံကိုသွားရောက်စဥ် နေတိုးအရာရှိတွေကို တနင်္လာနေ့မှာ တိုက်တွန်းပြောကြားသွားပါတယ်။ ယူကရိန်းအနေနဲ့ နိုင်ငံပြင်ပကတရားဝင်ပစ်မှတ်တွေအပါအဝင် ကိုယ့်ကိုကိုယ် ခုခံကာကွယ်ပိုင်ခွင့်ရှိပါတယ်လို့လည်း နေတိုးအကြီးအကဲက ပြောဆိုသွားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG