သုံးရလွယ်ကူစေသည့် Link များ

'နာဇီအောင်နိုင်ခြင်း' ဥရောပသတ်မှတ်နေ့ ယူကရိန်းအတည်ပြု


ယူကရိန်းသမ္မတ Volodymyr Zelenskyy
ယူကရိန်းသမ္မတ Volodymyr Zelenskyy

ဒုတိယကမ္ဘာစစ်မှာ နာဇီတွေအပေါ်အောင်နိုင်ခြင်းနဲ့ အမှတ်ရဖွယ်နေ့အဖြစ် မေလ ၈ ရက်နေ့ကို တရားဝင်သတ်မှတ် ပြဌာန်းလိုက်တဲ့ဥပဒေကို ယူကရိန်းသမ္မတ Volodymyr Zelenskyy က လက်မှတ်ရေးထိုးလိုက်ပါတယ်။ မေလ ၉ ရက်နေ့ကိုလည်း 'ဥရောပနေ့' အဖြစ် သတ်မှတ်ကြောင်း ခုလို ပြောပါတယ်။

“ဒီကနေ့ ဥပဒေကို ကျနော်လက်မှတ်ရေးထိုးလိုက်ပါတယ်။ မနက်ဖြန်ကစပြီး နှစ်တိုင်း မေလ ၉ ရက်နေ့ကို သမိုင်းဝင်စည်းလုံးညီညွတ်ခြင်းအဖြစ် ကျနော်တို့ အထိမ်းအမှတ် ပြုကြမှာပါ။ နာဇီဝါဒကို ချေမှုန်းခဲ့တဲ့ ဥရောပတိုက်သားတွေ စည်းလုံးညီညွတ်ကြပြီး ရုရှား ဖက်ဆစ်ဝါဒကို အနိုင်တိုက်ကြမှာ ဖြစ်ပါတယ်။” လို့ သမ္မတ Zelenskyy က ပြောသွားခဲ့တာပါ။

ဥရောပနိုင်ငံအများစုက ဂျာမနီလက်နက်ချတဲ့ မေလ ၈ ရက်နေ့ကို အဲဒီလို နှစ်ပတ်လည်နေ့အဖြစ်သတ်မှတ်ကြပြီး ရုရှားက မေလ ၉ ရက်နေ့ကို သတ်မှတ်ပါတယ်။ ယူကရိန်းကလည်း ဆိုဗီယက်အောက်မှာရှိခဲ့တဲ့နိုင်ငံတွေအတိုင်း အရင်က မေလ ၉ ရက်နေ့ကို နာဇီတွေအပေါ်အောင်ပွဲနေ့အဖြစ်ကျင်းပခဲ့ရာက ဒီနှစ်ကစပြီး ခုလို တရားဝင် မေလ ၈ ရက်နေ့အဖြစ် ပြောင်းလဲသတ်မှတ်လိုက်တာ ဖြစ်ပါတယ်။ မေလ ၉ ရက်နေ့ကိုတော့ ရုရှားကျူးကျော်စစ်ကိုဆန့်ကျင်ရာမှာ ဥရောပက ထောက်ခံတာကို အသိအမှတ်ပြုသောအားဖြင့် ဥရောပနေ့အဖြစ် ယူကရိန်းသမ္မတက သတ်မှတ် ပြဌာန်းလိုက်ပါတယ်။

ရုရှားကတော့ ဒီနေ့ မေလ ၉ ရက်နေ့မှာ ဒုတိယကမ္ဘာစစ်မှာ နာဇီတွေအပေါ် အောင်ပွဲနေ့အဖြစ် ရင်ပြင်နီမှာ ကျင်းပမှာဖြစ်ပါတယ်။ ယူကရိန်းကတိုက်ခိုက်မှာကို စိုးရိမ်တဲ့အတွက် လုံခြုံရေး တင်းတင်းကျပ်ကျပ် ချထားပါတယ်။ ဒါပေမဲ့ ရုရှားရဲ့တခြားဒေသတွေမှာတော့ စစ်ပွဲကြောင့် အောင်ပွဲနေ့ကျင်းပမှာကို ဖျက်ထားကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG