မြောက်ကိုရီးယားနဲ့ စစ်ရေးအရ ဆက်ဆံမှုရှိနေတဲ့အတွက် မြန်မာကုမ္ပဏီ ၃ ခုနဲ့ စစ်တပ်အရာရှိတစ်ယောက်ကို အမေရိကန်က ပစ်မှတ်ထား အရေးယူလိုက်ပါတယ်။ မြောက်ကိုရီးယားနိုင်ငံနဲ့ လက်နက်အရောင်းအဝယ် လုပ်တဲ့အတွက် Asia Metal Company Ltd., စိုးမင်းထိုက် Co. Ltd., နဲ့ Excellence Mineral Manufacturing Co. Ltd. တို့ကို အမေရိကန် ဘဏ္ဍာရေးဌာနက အရေးယူ ပိတ်ဆို့လိုက်တယ်လို့ အင်္ဂါနေ့မှာ ကြေညာချက် ထုတ်ပြန်ပါတယ်။
ကာကွယ်ရေးဝန်ကြီးဌာန ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေး အရာရှိချုပ်ရုံး (ကကထုတ်) က ဒုတိယဗိုလ်မှူးကြီး ကျော်ညွန့်ဦးကိုလည်း ဒဏ်ခတ် အရေးယူလိုက်ပါတယ်။ မြန်မာနိုင်ငံထဲမှာရှိနေတဲ့ မြောက်ကိုရီးယား လက်နက်ဆိုင်ရာ တာဝန်ရှိသူတွေဟာ နိုင်ငံခြားကသွင်းလာတဲ့ ပစ္စည်းတွေကို လက်ခံဖို့ မြန်မာနိုင်ငံက လိပ်စာတွေကို အသုံးပြုနေတယ်လို့ အမေရိကန်က ပြောပါတယ်။
စိုးမင်းထိုက် Co. Ltd. နဲ့ Excellence Mineral ကုမ္ပဏီတို့ဟာ မြောက်ကိုရီးယား တာဝန်ရှိသူတွေနဲ့ပေါင်းပြီး စစ်လက်နက် အစီအစဉ်အတွက် ပစ္စည်းတွေကို အခုနှစ် ၂၀၁၃ ဇွန်လအထိကို တင်သွင်းခဲ့သလို၊ ၂၀၁၂ ဒီဇင်ဘာအထိကို
မြောက်ကိုရီးယား အယောက် ၃၀ လောက် အလုပ်လုပ်နေတဲ့ ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေး စက်ရုံဝန်းထဲမှာ Asia Metal ကုမ္ပဏီက ဆောက်လုပ်ရေးလုပ်ငန်းတွေ လုပ်ခဲ့သလို ဆောက်လုပ်ရေး ပစ္စည်းတွေ ဖြန့်ဖြူးခဲ့တယ်လို့ အင်္ဂါနေ့ကထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ ဖော်ပြ ထားပါတယ်။
စိုးမင်းထိုက် ကုမ္ပဏီဟာဆိုရင် ကကထုတ်အတွက် နိုင်ငံခြားကနေ ပစ္စည်းကိရိယာတွေ တင်သွင်းပေးတဲ့ ပွဲစားအဖြစ် လုပ်ပေးနေတာ အနှစ် ၃၀ ထက်မနည်းရှိပြီလို့ ပြောပါတယ်။ မြောက်ကိုရီးယားဆီကနေ စစ်လက်နက်ပစ္စည်းတွေ ဝယ်ယူမှုမှာ ပတ်သက်နေတဲ့ လုပ်ငန်းတွေကို ဆက်လက် ပစ်မှတ်ထား အရေးယူနေတာဖြစ်ပြီး မြန်မာအစိုးရကို အရေးယူတာ မဟုတ်ဘူးလို့ ကြေညာချက်မှာ ဖော်ပြပါတယ်။
စစ်လက်နက်ပစ္စည်း ရောင်းဝယ်မှုက ရရှိတဲ့ ဝင်ငွေတွေနဲ့ မြောက်ကိုရီးယားမှာ တရားမဝင်တဲ့ လုပ်ငန်းတွေကို ဆက်လက် အားပေးရာရောက်ပြီး မြန်မာနိုင်ငံ တင်မက ဒေသတွင်း အရောင်းအဝယ် လုပ်နေတာတွေကို ဆက်ပြီး ပစ်မှတ်ထား အရေးယူသွားမယ်လို့ အကြမ်းဖက်မှုနဲ့ ငွေကြေး ထောက်လှမ်းမှုဆိုင်ရာ အမေရိကန် ဘဏ္ဍာရေး လက်ထောက်ဝန်ကြီး David S. Cohen က ပြောပါတယ်။
ပိတ်ဆို့ ဒဏ်ခတ်ခံ စာရင်းဝင်သွားသူတွေရဲ့ ငွေကြေး အထုတ်အသွင်း လုပ်မှုတွေအားလုံးနဲ့ အမေရိကန်ထဲမှာရှိတဲ့ ပိုင်ဆိုင်မှုတွေအားလုံးကို အမေရိကန်က ထိန်းချုပ်လိုက်ပါတယ်။ ဇူလိုင်လတုန်းကလည်း ကာကွယ်ရေးပစ္စည်း ထုတ်လုပ်ရေး အရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီးသိန်းဋ္ဌေးကို အမေရိကန်အစိုးရက အရေးယူ ပိတ်ဆို့ခဲ့ပါတယ်။