သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယားကို ပံ့ပိုးမှုနဲ့ တရုတ်ကုမ္ပဏီကို ကန်အရေးယူ


မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un
မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un

မြောက်ကိုရီးယား Nuclear လက်နက်ထုတ်နိုင်အောင် ငွေကြေးခဝါချ တယ် ဆိုတဲ့ စွပ်စွဲချက်နဲ့တရုတ်ဘဏ်တခုကို အမေရိကန်ပြည်ထောင်စုက ဇွန်လ၂၉ရက် မနေ့ကပဲ နာမည်ပျက်စာရင်းသွင်းခဲ့ပါ တယ်။

Dandong ဘဏ်ကို ငွေကြေးခဝါချမှုနဲ့ပတ်သက်လို့ အထူးစိုးရိမ်မှုရှိတဲ့ဘဏ်လို့ အမေရိကန်ဘဏ္ဍာရေး ဝန်ကြီးဌာနက သတ်မှတ်ခဲ့ပြီး ရက်ပေါင်း ၆၀ ပြန်လည်စီစစ်မှုတွေလုပ်ပြီး နောက်ပိုင်း အမေရိကန်ဘဏ္ဍာရေးစံနစ်ထဲကနေ Dandongဘဏ်ကို ထုတ်ပယ်ဖို့ တင်ပြထားပါတယ်။

တရုတ်သင်္ဘောကုမ္မဏီတခုနဲ့ တရုတ်နိုင်ငံသားနှစ်ဦးဖြစ်ကြတဲ့ San Weiနဲ့ Li Hong Ri တို့ကိုလည်း မြောက်ကိုရီးယားမှာ တရားမဝင်တဲ့လုပ်ရပ်တွေရှိခဲ့လို့ အမေရိကန်က အရေးယူဒဏ်ခတ်ပိတ် ဆို့လည်းလုပ်ခဲ့ပါသေးတယ်။

တရုတ် Dandongဘဏ်ကို ရည်ရွယ်ပြီး နာမည်ပျက်စာရင်း သွင်းခဲ့တာဖြစ်ပြီး ဒီလုပ်ရပ် ဟာ တရုတ်အစိုးရကို မရည်ရွယ်ဘူးလို့လည်း အမေရိကန်ဘဏ္ဍရေးဝန်ကြီး Steve Mnuchin က အိမ်ဖြူတော် သတင်းစာရှင်းလင်းပွဲမှာပြောခဲ့ပါတယ်။

မြောက်ကိုရီးယားအစိုးရကို ပံ့ပိုးကူညီတဲ့လုပ်ငန်း တွေလုပ်တဲ့သူ ဘယ်သူ ပဲဖြစ်ဖြစ်၊ ဘယ်ကုမ္မဏီပဲဖြစ်ဖြစ် ဘယ်လိုဘဏ္ဍာရေးလုပ်ငန်းပဲဖြစ်ဖြစ် အရေးယူဖို့ဝန်လေး နေမှာမဟုတ်ဘူးဆိုတာ ကို အမေရိကန်ပြည်ထောင်စုက ပြတ်ပြတ်သားသားအသိပေးလိုက်တာပဲလို့လည်း အမေရိကန်ဘဏ္ဍာရေးဝန်ကြီးက ပြောပါတယ်။

မြောက်ကိုရီးယားက ကောင်းကောင်းမွန်မွန်ရပ်တည်မှုရှိမလာမချင်း ငွေကြေးစီးဆင်းမှုတွေကို စောင့်ကြည့်ပြီး ငွေကြေးဖြတ်တောက်မှုတွေကို လုပ်သွားမယ်လို့လည်း အမေရိကန်ဘဏ္ဍာရေးဝန်ကြီး Steve Mnuchin ကပြောခဲ့ပါတယ်။

မြောက်ကိုရီးယားကို ပံ့ပိုးမှုနဲ့ တရုတ်ကုမ္ပဏီကို ကန်အရေးယူ
please wait

No media source currently available

0:00 0:00:23 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG