သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကွက်မျက်မှုတွေ မြင်တွေ့ရပြီး မြောက်ကိုရီးယား အဆင့်မြင့်အရာရှိ ဘက်ပြောင်းခိုလှုံ


မြောက်ကိုရီးယား အဆင့်မြင့် အရာရှိ Ri Jong Ho နဲ့ ဗွီအိုအေ ကိုရီးယား ဌာန တွေ့ဆုံမေးမြန်းခန်း။
မြောက်ကိုရီးယား အဆင့်မြင့် အရာရှိ Ri Jong Ho နဲ့ ဗွီအိုအေ ကိုရီးယား ဌာန တွေ့ဆုံမေးမြန်းခန်း။

မြောက်ကိုရီးယား နိုင်ငံကို ပိုပြီးတင်းကျပ်တဲ့ စီးပွားရေး ပိတ်ဆို့မှုတွေ ချမှတ်တာဟာ ထိရောက်မှုရှိပြီး မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်းရဲ့ အုပ်ချုပ်မှုဟာ အချိန်ကြာလာတာနဲ့ အမျှ မတည်မငြိမ် ဖြစ်လာနိုင်တယ်လို့ မြောက်ကိုရီးယား ကနေ ဘက်ပြောင်း ခိုလှုံလာသူ အဆင့်မြင့်အရာရှိ Ri Jong Hoက ဗွီအိုအေ ကိုရီးယားဌာနကို ပြောလိုက်ပါတယ်။

Ri Jong Ho ဟာ ၂၀၁၄ ခုနှစ်က ဘက်ပြောင်း ခိုလှုံခဲ့သူဖြစ်ပြီး ပထမဆုံး တွေ့ဆုံမေးမြန်းမှုကို အခုမှ လုပ်ခဲ့တာပါ။ Ri Jong Ho ရဲ့ အခုလို ပြောဆိုမှုဟာ အမေရိကန် သမ္မတ ဒေါ်နလ်ထရမ့်နဲ့ တောင်ကိုရီးယား သမ္မတ မွန်းဂျေးအင်တို့အခုတပတ်ထဲ မတွေ့ဆုံခင်မှာ ထွက်ပေါ်လာတာပါ။

နှစ်နိုင်ငံ ခေါင်းဆောင်တွေ တွေ့ဆုံကြတဲ့အခါ အမေရိကန် အတွက်ရော တောင် ကိုရီးယား အတွက်ပါ ခြိမ်းခြောက်မှု ရှိနေတဲ့ မြောက်ကိုရီးယား အရေးကို အဓိကထား ပြောဆိုကြမယ်လို့ မျှော်လင့်ရပါတယ်။ Ri Jong Ho ဟာ မြောက်ကိုရီးယား အလုပ်သမား ပါတီရဲ့အရေးပါတဲ့ ဌာနတွေမှာ အဆင့်မြင့် အရာရှိတဦး အနေနဲ့နှစ် ပေါင်း ၃၀ တာဝန် ထမ်းဆောင်ခဲ့သူ ဖြစ်ပြီး မြောက်ကိုရီးယားရဲ့ကုန်ထုတ်လုပ်မှုနဲ့ ကုန်သွယ်ရေး အပြင် ကင်ဂျုံအင် အစိုးရ အတွက် သိပ်ပြီး အရေးကြီးတဲ့ နိုင်ငံခြားငွေ ရှာဖွေရေး ကိစ္စတွေကိုပါ သိမြင်ခဲ့တဲ့ ပုဂ္ဂိုလ် ဖြစ်ပါတယ်။

လောလောဆယ် နိုင်ငံတကာက မြောက်ကိုရီးယားနဲ့ ကုန်သွယ်မှုတွေ ကန့်သတ်ထားလို့ စီးပွါးရေး အထိနာနေတဲ့ အကြောင်း၊ တွင်းထွက်ဓါတ်သတ္တု ပို့ကုန်တွေ အပေါ်မှာပဲ မြောက်ကိုရီးယားက အဓိကထားပြီး ကုန်သွယ်နေ ရတာလို့လည်း Ri Jong Ho က ပြောပါတယ်။

တိုက်ရိုက် လင့်ခ်


XS
SM
MD
LG