သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန် တရားသူကြီးချုပ်သစ် ခန့်အပ်ရေး အထက်လွှတ်တော်မဲခွဲဖွယ်ရှိ


အမေရိကန် တရားရုံးချုပ် တရားသူကြီးအဖြစ် သမ္မတ Donald Trump အဆိုပြုထားတဲ့ တရားသူကြီး Neil Gorsuch
အမေရိကန် တရားရုံးချုပ် တရားသူကြီးအဖြစ် သမ္မတ Donald Trump အဆိုပြုထားတဲ့ တရားသူကြီး Neil Gorsuch

အမေရိကန် တရားရုံးချုပ် တရားသူကြီး အဖြစ် တရားသူကြီး Neil Gorsuch ကို သမ္မတက ရွေးချယ်မှုနဲ့ ပတ်သက်ပြီး အထက်လွှတ်တော်မှာ ဒီသီတင်းပတ် အတွင်း အရေးပါတဲ့ မဲခွဲမှုတွေကို ဆောင်ရွက်မှာ ဖြစ်ပါတယ်။

အသက် ၄၉ နှစ် အရွယ် တရားသူကြီး Neil Gorsuch ကို မထောက်ခံတဲ့ ဒီမိုကရက် လွှတ်တော် အမတ် အရေအတွက်ကလည်း တိုးလာနေပါတယ်။ ဒါပေမယ့်လည်း အထက်လွှတ်တော် လူများစု ခေါင်းဆောင် Mitch McConnell ကတော့ ၉ ဦးမြောက် တရားရုံးချုပ် တရားသူကြီး အဖြစ် Neil Gorsuch ကို တနည်းနည်းနဲ့ အတည်ပြုပေးနိုင်မယ်လို့ အခိုင်အမာ ပြောဆိုထားတာပါ။ တရားရုံးချုပ် တရားသူကြီး Antonin Scalia ပြီးခဲ့တဲ့ တနှစ်ကျော်က ကွယ်လွန်ခဲ့ပြီးနောက် ပြန်လည် ခန့်အပ်ဖို့ လိုအပ်နေတာဖြစ်ပါတယ်။

အထက်လွှတ်တော် တရားရေး ကော်မတီကတော့ ဒီကနေ့ တနလာၤနေ့မှာ တရားသူကြီး Gorsuch ကို အတည်ပြုမယ်လို့ ခန့်မှန်းရပြီး ကော်မတီက အတည်ပြုပြီးရင်တော့ အထက်လွှတ်တော် တခုလုံးမှာ မဲခွဲနိုင်ရေး လွှဲပြောင်းနိုင်မှာ ဖြစ်ပါတယ်။ အထက်လွှတ်တော်မှာတော့ ရီပတ်ပလီကန် အမတ် ၅၂ ဦး စလုံးက တရားသူကြီး Gorsuch ကို ထောက်ခံထားပြီး ဒီမိုကရက် အမတ် သုံးဦးကလည်း ထောက်ခံထားတာပါ။

အထက်လွှတ်တော် အမတ် စုစုပေါင်း ၁၀၀ မှာ Republican က ၅၂ ဦးရှိပြီး ဒီမိုကရက် လွှတ်တော် အမတ်က ၄၈ ဦး ရှိနေတာပါ။ လွှတ်တော်ကနေ အတည်ပြုနိုင်ရေး အတွက် မဲ ၆၀ လိုတာ ဖြစ်တဲ့ အတွက် ဒီမိုကရက်တွေဘက်က အတည်မပြုနိုင်ရေး အတွက် ဆောင်ရွက်သွားမယ်လို့ ပြောဆိုထားတာပါ။ အခုအချိန်ထိ အတည်မပြုနိုင်ရေးဘက်က ရပ်တည်မယ်လို့ ပြောဆိုထားတဲ့ ဒီမိုကရက် အထက်လွှတ်တော် အမတ် ၃၇ ဦး ရှိနေပြီး တရားသူကြီး Grosuch ကို ထောက်ခံမလား မထောက်ခံဘူးလားဆိုတာ ရှင်းရှင်းလင်းလင်း မပြောသေးတဲ့ ဒီမိုကရက် အမတ်တွေ ရှိနေပါသေးတယ်။

ဒီမိုကရက်တွေဘက်က အတည်မပြုနိုင်ရေး ကန့်ကွက်မဲ အလုံအလောက် ရှိခဲ့ရင်တော့ ရီပတ်ပလီကန်တွေဘက်က အများစုမဲနဲ့ အတည်ပြုနိုင်အောင် တဖက်သတ် ပြောင်းလဲဖို့ ကြိုးပမ်းလာလိမ့်မယ်လို့လည်း ခန့်မှန်းထားကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG