သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယားကိုအရေးယူဖို့ အထက်လွှတ်တော်နိုင်ငံခြား ရေးရာ ကော်မတီ ဆုံးဖြတ်


အထက်လွှတ်တော် နိုင်ငံခြားရေးရာ ကော်မတီ
အထက်လွှတ်တော် နိုင်ငံခြားရေးရာ ကော်မတီ
ဆီးရီးယားကို စစ်ရေးအရ အရေးယူဖို့အတွက် အမေရိကန် အထက်လွှတ်တော် နိုင်ငံခြားဆက်ဆံရေး ကော်မတီက ထောက်ခံလိုက်ပါတယ်။
အရပ်သားတွေကို ဓာတုလက်နက်သုံး တိုက်ခိုက်ခဲ့တဲ့ ဆီးရီးယားအစိုးရကို စစ်ရေးအရ အရေးယူဖို့အတွက် ထောက်ခံမဲ ၁၀ မဲ၊ ကန့်ကွက်မဲ ၇ မဲနဲ့ ဗုဒ္ဓဟူးနေ့မှာ အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) ကို လုပ်ပိုင်ခွင့် ပေးခဲ့တာဖြစ်ပါတယ်။

အရေးယူတဲ့ကာလကို ရက်ပေါင်း ၉၀ ထက် မပိုရဆိုတဲ့ သတ်မှတ်ချက်ထားဖို့ အထက်လွှတ်တော်က ဆုံးဖြတ်ချက် ချခဲ့ပါတယ်။ ဒါ့အပြင် အမေရိကန် ကြည်းတပ်သားတွေကို ဆီးရီးယားမှာ ချမထားဖို့ သတ်မှတ်လိုက်ပြီး အမေရိကန် ပြည်ထောင်စုကို နောက်ထပ် စစ်ပွဲတပွဲ ထပ်ပြီး မနွှဲစေချင်တဲ့ လွှွတ်တော်အမတ်တွေကို အာမခံချက်ပေးခဲ့ပါတယ်။

ဒီဆုံးဖြတ်ချက်အတွက် အထက်လွှတ်တော်မှာ မဲခွဲမှာဖြစ်သလို အောက် လွှတ်တော်မှာလည်း မဲခွဲဆုံးဖြတ်ချက် ရယူမှာဖြစ်ပါတယ်။ အထက်လွှတ်တော် မှာ ပါတီ ၂ ရပ်စလုံးက အမြန် ဆုံးဖြတ်လုပ်ဆောင်ကြဖို့ သမ္မတအိမ်ဖြူက
ကြေညာချက်ထုတ်ပြန် ပြောဆိုခဲ့ပြီး အခုလို ဆီးရီးယားကို အရေးယူဖို့ ဆုံးဖြတ်ချက် ချတာဟာ အမေရိကန်နိုင်ငံရဲ့ အမျိုးသားလုံခြုံရေး တိုးမြင့် ခိုင်မာစေဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။

ဆီးရီးယားကိစ္စအတွက် ဘောင်သတ်မှတ်မှုကို သမ္မတ အိုဘားမားက ချမှတ်လုပ်ဆောင်တာမဟုတ်ဘဲ၊ ပထမကမ္ဘာစစ်ကြီးအပြီး အဆိပ်ဓာတ်ငွေ့ သုံးစွဲမှုကို တားမြစ်ခဲ့တာဟာ တကမ္ဘာလုံးအတိုင်းအတာနဲ့ လုပ်ဆောင်ခဲ့တာ သာဖြစ်ကြောင်း သမ္မတ အိုဘားမား က လွှတ်တော်မှာ မဲခွဲ မဆုံးဖြတ်ခင်မှာပဲ
ပြောကြားခဲ့ပါတယ်။
XS
SM
MD
LG