သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမျိုးသမီးတွေ အပေါ် လိင်စော်ကားမှုကြောင့် ဝါရင့် TV သတင်းသမား အလုပ်ထုတ်ခံရ


အမျိုးသမီး ၈ ယောက်က CBS ရုပ်သံသတင်းဌာနကြီးရဲ့ ဝါရင့် သတင်းသမားတဦးဖြစ်တဲ့ Charlie Rose ဟာ သူတို့ကို ညစ်ညစ်ညမ်းညမ်း စကားတွေပြောဆိုခဲ့ဘူးတယ်၊ မဖွယ်မရာ ကိုင်တွယ်မှုတွေ လုပ်ခဲ့သလို သူတို့နားမှာ အဝတ်ဗလာကျင်းနဲ့ နေထိုင်ခဲ့တယ်လို့ ပြောကြောင်း ဝါရှင်တန်ပို့စ် သတင်းစာကြီးက ရေးသား ဖေါ်ပြလိုက်ပြီးတဲ့နောက် သူ့ကို CBS ရုပ်သံဌာနကနေ အလုပ်ဖြုတ်ပစ်လိုက်ပါတယ်။

အသက် ၇၅ နှစ်အရွယ်ရှိပြီ ဖြစ်တဲ့ Rose ဟာ CBS This Morning ဆိုတဲ့ သတင်းနဲ့ တွေ့ဆုံမေးမြန်းခန်း အစီအစဉ်ကို တွဲဖက်တင်ဆက်သူတဦး ဖြစ်ပါတယ်။

သူဟာ တခါတရံမှာလည်း 60 Minutes မိနစ် ၆၀ လို့ အမည်ရတဲ့ စုံစမ်းမေးမြန်းဖေါ်ထုတ်တဲ့ သတင်းအစီအစဉ် မှာလည်း ပါဝင်တင်ဆက်သူဖြစ်ပါတယ်။

Rose ဟာ ၁၉၉၁ ခုနှစ်ကတည်းက သူတင်ဆက်လာတဲ့ Charlie Rose တွေ့ဆုံမေးမြန်းခန်း အစီအစဉ်နဲ့ အများက ချီးကျူးခံခဲ့ရသူဖြစ်ပါတယ်။ အဲဒီအစီအစဉ်မှာ အမေရိကန်ပြည်ထောင်စုနဲ့ ကမ္ဘာအနှံ့က သတင်းဖြစ်စေတဲ့ နိုင်ငံရေးလောက၊ မီဒီယာလောက၊ ဖျော်ဖြေရေးလောက က လူပုဂ္ဂိုလ်တွေကို တွေ့ဆုံမေးမြန်းမှုတွေ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

သတင်းစာမှာ ဒီသတင်း ဖေါ်ပြလိုက်ပြီးတဲ့နောက် သူ့ရဲ့ တွေ့ဆုံမေးမြန်းခန်း အစီအစဉ်ကို ထုတ်လွှင့်နေတဲ့ PBS ရုပ်သံဌာနနဲ့ Bloomberg ရုပ်သံဌာနတွေက အစီအစဉ်ကို တနင်္လာနေ့ကနေ စတင် ရပ်ဆိုင်းလိုက်ပြီး Rose နဲ့ ချုပ်ဆိုထားတဲ့ စာချုပ်တွေကိုလည်း အင်္ဂါနေ့မှာ ရပ်ဆိုင်းလိုက်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG