သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လက်နက် တင်ဆောင်တဲ့ အမေရိကန်သင်္ဘော အိန္ဒိယဖမ်းဆီး


အိန္ဒိယက ထိန်းသိမ်းထားတဲ့ အမေရိကန်လက်နက်သင်္ဘော။ (အောက်တိုဘာ ၁၃၊ ၂၀၁၃)။
အိန္ဒိယက ထိန်းသိမ်းထားတဲ့ အမေရိကန်လက်နက်သင်္ဘော။ (အောက်တိုဘာ ၁၃၊ ၂၀၁၃)။
အိန္ဒိယနိုင်ငံရေပိုင်နက်အတွင်းမှာ ခွင့်ပြုချက် တစုံတရာမရရှိဘဲ လက်နက်တွေ၊ ခဲယမ်းမီးကျောက်တွေ တင်ဆောင်လာတဲ့ အမေရိကန် သင်္ဘောက ဝန်ထမ်း ၃၃ ယောက်ကို ဖမ်းဆီးထားတယ်လို့ အိန္ဒိယနိုင်ငံ တောင်ပိုင်းမှာရှိတဲ့ ရဲတပ်ဖွဲ့က ပြောပါတယ်။ သင်္ဘော အမှုထမ်း တွေကို အိန္ဒိယနိုင်ငံတောင်ပိုင်းမှာရှိတဲ့ Tuticorin ဆိပ်ကမ်းမှာ သောကြာနေ့က ဖမ်းဆီး ထိန်းသိမ်းလိုက်တာပါ။ သင်္ဘောဟာ Sierra Leone အလံတင်ထားပေမဲ့ AdvanFort ခေါ် အမေရိကန် အခြေစိုက် ပင်လယ်ရေကြောင်းဆိုင်ရာ လုံခြုံရေးကုမ္ပဏီရဲ့ Seaman Ohio ကုန်တင် သဘောၤ ဖြစ်တယ်လို့ ဆိုပါတယ်။

လက်နက်သယ်ဆောင်ခွင့် စာရွက်စာတမ်းတွေ မပြနိုင် တာကြောင့် သဘောၤအမှုထမ်းတွေကို ထိန်းသိမ်း လိုက်ရတာလို့ အိန္ဒိယ နိုင်ငံခြားရေးဌာနအကြီးတန်းတာဝန်ရှိသူ Sujata Singh ကပြောပါတယ်။ သင်္ဘောအမူထမ်း တွေဟာ Britain၊ Estonia၊ India နဲ့ Ukraine နိုင်ငံသားတွေဖြစ်ကြပြီး Seaman Guard Ohio သင်္ဘောကို Tuticorin ဆိပ်ကမ်းမှာ ကျောက်ချခိုင်းထားပါတယ်။

AdvanFort ကုမ္မဏီဥက္ကဋ္ဌ William Watson ကတော့ အိန္ဒိယသမုဒ္ဒရာအရှေ့ပိုင်းက ပင်လယ်ဓါးပြ နှိမ်နင်းရေး စီမံချက်အတွက် ခွင့်ပြုမိန့် လိုင်စင်နဲ့ Seaman Guard Ohio သင်္ဘောမှာ လက်နက်တွေ တင်ဆောင်ခဲ့တာဖြစ်ကြောင်း၊ သဘောၤကို ရပ်ခိုင်းတာနဲ့ ချက်ချင်း ဆိုသလိုဘဲ Captain မာလိန်မှူးက ခွင့်ပြုမိန့် စာရွက်စာတမ်းတွေကို ထုတ်ပြခဲ့တယ်လို့ VOA ကိုပြောပါတယ်။ သင်္ဘောကို ဖမ်းတဲ့အချိန်မှာ အိန္ဒိယ ရေပိုင်နက်အပြင်မှာဖြစ်ကြောင်း၊ Phailin ဆိုင်ကလုန်းကြောင့် သင်္ဘောဟာ ပုံမှန်ထက်တော့ အိန္ဒိယပိုင်နက်ဘက်ကို ရောက်ခဲ့ရတယ်လို့ Mr. Watson ကပြောပါတယ်။
XS
SM
MD
LG