သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်အစိုးရ အသုံးစရိတ် အထက်လွှတ်တော်မှာ သဘောတူဖို့နီးစပ်


အထက်လွှတ်တော်အမတ် Harry Reid အား သတင်းထောက်များ ဝိုင်းရံနေစဉ်။ (အောက်တိုဘာ ၁၄၊ ၂၀၁၃)
အထက်လွှတ်တော်အမတ် Harry Reid အား သတင်းထောက်များ ဝိုင်းရံနေစဉ်။ (အောက်တိုဘာ ၁၄၊ ၂၀၁၃)
အမေရိကန်ပြည်ထောင်စုမှာ အစိုးရလုပ်ငန်းအတော်များများ ရက်သီတင်းပတ် နှစ်ပတ်ကြာ ရပ်နားထားရတဲ့အခြေအနေနဲ့ အစိုးရက ချေးယူနိုင်တဲ့ ငွေပမာဏတိုးမြှင့်သတ်မှတ်ရေးကိစ္စတွေအတွက် သဘောတူညီချက်ရဖို့ အတော်ကြီးကို နီးစပ်တိုးတက်လာပြီလို့ ဒီမိုကရက်တစ်ပါတီရဲ့ အထက်လွှတ်တော်ခေါင်းဆောင် Harry Reid က မနေ့က ပြောဆိုလိုက်ပါတယ်။

အောက်လွှတ်တော်မှာတော့ ဒီလို အခြေအနေမျိုးတော့ မဖြစ်သေးပေမယ့်လို့ အခု အင်္ဂါနေ့မှာတော့ ကောင်းမွန်တိုးတက်တဲ့ အခြေအနေတွေ ဖြစ်လာမယ်လို့ တွက်ဆတဲ့အကြောင်း မနေ့တုန်းက အထက်လွှတ်တော်မှာ ညနေပိုင်း Mr.Reid က ပြောသွားပါတယ်။ ရီပတ်ပလင်ကန် ပါတီရဲ့ အထက်လွှတ်တော် အမတ် Mitch McConell ကလည်း အထက်လွှတ်တော်အမတ် Reid လိုပဲ သူ့အနေနဲ့ အခြေအနေတွေကို အကောင်းမြင်မျှော်လင့်တယ်လို့ ပြောသွားပါတယ်။

အမေရိကန်ပြည်ထောင်စုမှာ လတ်တလာအားဖြင့် အစိုးရအသုံးစရိတ်ကို လွှတ်တော်က အတည်မပြုနိုင်တာကြောင့် အစိုးရလုပ်ငန်း အတော်များများရပ်နားထားရပြီး လာမယ့် အောက်တိုဘာလ ၁၇ ရက်ဆိုရင်လည်း အမေရိကန်အစိုးရက ချေးငှားယူနိုင်တဲ့ ငွေသတ်မှတ်ချက်ပမာဏ ပြည့်တာကြောင့် အစိုးရဘဏ္ဍာရေးအကြပ်အတည်းတွေ ကြုံနေရတာဖြစ်ပါတယ်။ မနေ့က နေလည်ပိုင်းကတော့ အထက်လွှတ်တော်အမတ် McConnell ရုံးကနေ အောက်လွှတ်တော်ဥက္ကဌ John Boehner ထွက်သွားတာကို မြင်လိုက်ကြရပါတယ်။

လက်ရှိဆွေးနွေးနေကြရမှာတော့ အစိုးရချေးယူနိုင်တဲ့ငွေပမာဏာကို လာမယ့် နှစ်တိုးမြင့်ပေးနိုင်ဖို့နဲ့ အစိုးရလုပ်ငန်းတွေ ပုံမှန် ပြန်လည်ပတ်နိုင်အောင် ယာယီသေဘောတူညီချက်တရပ်ရရှိရေးအတွက် အဆိုပြု ညှိနှိုင်းနေကြတာပါ။
ညှိနှိုင်းသဘောတူညီချက်ကို အောက်လွှတ်တော်ရော အထက်လွှတ်တော်ကပါ အတည်ပြုပေးရမှာဖြစ်ပြိး နောက်ဆုံး သမ္မတက လက်မှတ်ထိုးရမှာပါ။ သမ္မတအိုဘားမားကတော့ တနင်္လာနေ့လုပ်ဖို့ စီစဉ်ထားတဲ့ ဒီမိုကရက်တစ်နဲ့ ရီပတ်ပလင်ကန် လွှတ်တော် ခေါင်းဆောင်တွေနဲ့ တွေ့ဆုံမယ့် ဆွေးနွေးပွဲကို ယာယီရွှေ့ဆိုင်းခဲ့ပါတယ်။ ဒါဟာ ညှိနှိုင်းမှုတွေ တိုးတက်အောင်မြင်အောင် လွှတ်တော်အမတ်တွေကို အချိန်ပေးတဲ့သဘောဖြစ်တယ်လို့ ပြောခဲ့ပါတယ်။
XS
SM
MD
LG