သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Donald Trump နဲ့ Moon Jae-in မြောက်ကိုရီးယားအရေးမှာ ပူးပေါင်းမည်


အမေရိကန် သမ္မတနဲ့ တောင်ကိုရီးယား သမ္မတသစ်
အမေရိကန် သမ္မတနဲ့ တောင်ကိုရီးယား သမ္မတသစ်

မြောက်ကိုရီးယားရဲ့ နျူကလီးယား လက်နက်တည်ဆောက်မှု အစီအစဉ်နဲ့ ပတ်သက်လို့ အနီးကပ် ပူးပေါင်း ဆောင်ရွက်သွားကြဖို့ အမေရိကန်သမ္မတ Donald Trump နဲ့ တောင်ကိုရီးယား သမ္မတသစ် Moon Jae-in တို့ ၂ ဦးက ဗုဒ္ဓဟူးနေ့မှာ တယ်လီဖုန်းနဲ့ ဆက်သွယ် ပြောကြားစဉ် သဘောတူလိုက်ကြပါတယ်။

မြောက်ကိုရီးယားရဲ့ စစ်ရေး ရည်မှန်းချက်တွေဟာ ခက်ခဲ နက်နဲတဲ့ ကိစ္စရပ်ဖြစ်ပေမယ့်လည်း ဖြေရှင်းလို့ ရနိုင်တဲ့ ကိစ္စဖြစ်တယ်လို့ သမ္မတသစ်အဖြစ် ကျမ်းသစ္စာကျိန်ဆိုတဲ့ နေ့မှာ သမ္မတ မွန်ဂျေအင်းကို သမ္မတ Trump က ပြောကြားခဲ့တယ်လို့ တောင်ကိုရီးယား အရာရှိတွေက ပြောပါတယ်။

မြောက်ကိုရီးယားရဲ့ ခြိမ်းခြောက်မှု အန္တရာယ်တွေကို အဓိက အကာကွယ်ပေးနေတဲ့ အမေရိကန်နဲ့ တောင်ကိုရီးယားတို့ရဲ့ ဆက်ဆံရေးဟာ ခိုင်မာကြောင်းနဲ့ တောင်ကိုရီးယားသမ္မတ အမေရိကန်နိုင်ငံကို လာလည်ဖို့အတွက် သမ္မတ Trump က ဖိတ်ကြားခဲ့ကြောင်း တောင်ကိုရီးယား သမ္မတရုံးက ပြောပါတယ်။

ဒါပေမယ့်လည်း တောင်ကိုရီးယားသမ္မတသစ်ကတော့ မြောက်ကိုရီးယား အရေးမှာ သမ္မတ Trump ထက် ပိုပြီး သတိထားတဲ့ ပုံစံနဲ့ ချဉ်းကပ်နေပါတယ်။ မြောက်ကိုရီးယားရဲ့ နျူကလီးယား ဒုံးကျည် တည်ဆောက်မှုတွေအပေါ် သတိပေးတဲ့အနေနဲ့ အမေရိကန်က ကိုရီးယား ကျွန်းဆွယ်အနီးကို ရေတပ် တိုက်ခိုက်ရေး အုပ်စု စေလွတ်ထားပါတယ်။ မြောက်ကိုရီးယား ခေါင်းဆောင် Kim Jong Un အပေါ် ပိုမို ပြင်းထန်တဲ့ ပိတ်ဆို့ အရေးယူမှုတွေ ချမှတ်ရေး သမ္မတ Trump က လိုလားနေတာ ဖြစ်ပါတယ်။

အင်္ဂါနေ့က ကျင်းပတဲ့ ရွေးကောက်ပွဲမှာ သမ္မတ မွန်ဂျေအင်း အနိုင်ရလိုက်တဲ့အတွက် တောင်ကိုရီးယားနိုင်ငံမှာ ဆယ်စုတခုလောက် ကွန်ဆာဗေးတစ် ပါတီက အုပ်ချုပ်လာတဲ့ အစဉ်အလာ အဆုံးသတ်သွားသလို မြောက်ကိုရီးယားရဲ့ လက်နက် တည်ဆောက်မှု အစီအစဉ်အပေါ် ဖိအားပေး လုပ်ဆောင်မှုလည်း ဆုံခန်းတိုင်သွားတာ ဖြစ်ပါတယ်။

Donald Trump နဲ့ Moon Jae-in မြောက်ကိုရီးယားအရေးမှာ ပူးပေါင်းမည်
please wait

No media source currently available

0:00 0:00:56 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG