သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

ဘာသာရေးလွတ်လပ်ခွင့်ညီလာခံ ကန်အစိုးရ ကျင်းပမည်


အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနမှာ ၀န်ကြီး Mike Pompeo

နိုင်ငံပေါင်း ၄၀ ကျော်ပါဝင်မယ့်ဘာသာရေးလွတ်လပ်ခွင့်ဆိုင်ရာညီလာခံကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနမှာ ၀န်ကြီး Mike Pompeo က ပထမဆုံးအကြိမ်လက်ခံကျင်းပသွားမှာဖြစ်ပြီး၊ ဒီညီလာခံကို ကမ္ဘာတ၀ှမ်းက အစိုးရတာဝန်ရှိသူတွေ၊ ဘာသာရေးခေါင်းဆောင်တွေ၊ လူ့အခွင့်အရေးအကြံပေးတွေ နဲ့ အရပ်အဖက်အဖွဲ့အစည်းတွေလည်း တက်ရောက်ကြမှာဖြစ်ပါတယ်။

အင်္ဂါနေ့မှာ စတင်မယ့် ဒီညီလာခံက အရေးပါပြီး၊ ညီလာခံရဲ့ ရည်မှန်းချက်က ကမ္ဘာတ၀ှမ်းမှာရှိတဲ့ လူတိုင်းအတွက် ဘာသာရေးလွတ်လပ်ခွင့်ရှိဖို့ အရေးကြီးတယ်ဆိုတာကို ဖြန့်ဝေသွားဖို့ဖြစ်တယ်လို့ နိုင်ငံခြားရေးဝန်ကြီး Pompeo က ဗာတီကန်သတင်းဌာနကို ပြောကြားခဲ့ပါတယ်။ ကမ္ဘာပေါ်မှာရှိတဲ့သူအားလုံးဟာ သူတို့ကိုးကွယ်ချင်တဲ့ဘာသာကို လွတ်လပ်စွာကိုးကွယ်ခွင့်ရှိသလို၊ တကယ်လို့ သူတို့က မကိုးကွယ်ချင်ဘူးဆိုရင်လည်း သူတို့မှာ မကိုးကွယ်ပိုင်ခွင့်ရှိတယ်လို့ ဗာတီကန်သတင်းဌာနကို သူက ပြီးခဲ့တဲ့ သီတင်းပတ်ကလည်း ပြောခဲ့ပါတယ်။

၃ ရက်ကြာ ကျင်းပမယ့် ဒီညီလာခံကို ကမ္ဘာတ၀ှမ်းက နိုင်ငံခြားရေးဝန်ကြီး ၄၀ ကျော်တက်ရောက်သွားမှာဖြစ်တယ်လို့ ၀န်ကြီး Pompeo က ပြောပါတယ်။ ဒါဟာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနမှာ နိုင်ငံခြားရေးဝန်ကြီးတွေ အများဆုံး စုဝေးကြတာလည်း ဖြစ်ပါတယ်။ ဘာသာရေးလွတ်လပ်ခွင့်၊ လူ့အခွင့်အရေး နဲ့ စီးပွားရေးအကျိုးစီးပွားတွေကြား တခုနဲ့တခု နက်နက်ရှိုင်းရှိုင်း ဆက်နွယ်မှုတွေ ရှိတယ်ဆိုတာကို အမေရိကန် သမ္မတထရမ့်အစိုးရက တွေ့မြင်ထားတယ်လို့ ပြောပါတယ်။

ဒါ့အပြင် ကမ္ဘာပေါ်ကနိုင်ငံအတော်များများဟာ သူတို့ရဲ့ နိုင်ငံသားတွေကို ဘာသာရေးလွတ်လပ်ခွင့်ပေးဖို့ ရုန်းကန်နေရတယ်ဆိုတာ သိကြောင်း၊ တခြားနိုင်ငံတွေက အဲဒီစိန်ခေါ်မှုတွေကို ဘယ်လိုကျော်လွှားခဲ့တယ်၊ မတူတဲ့ဘာသာတွေကြား တဘက်နဲ့တဘက် ပိုပြီးတော့ သည်းခံနိုင်တဲ့ လူမှုအသိုင်းအ၀ိုင်းဖြစ်အောင် ဘယ်လို လုပ်ခဲ့ကြတယ်ဆိုတာကို တွေ့မြင်ရမှာဖြစ်တယ်လို့ နိုင်ငံခြားရေးဝန်ကြီး Pompeo က ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG