ဝါရှင်တန်က နိုင်ငံတကာ ဘာသာရေးလွတ်လပ်ခွင့်ညီလာခံ
ခရစ်ယာန်ဘုရားကျောင်းတွေ၊ ဗလီတွေနဲ့ ဂျူးဘုရားကျောင်းတွေကို တိုက်ခိုက်မှုတွေကနေ အသက်မသေ ကျန်ရစ်သူတွေနဲ့အတူ နိုင်ငံပေါင်း ၁၀၀ က နိုင်ငံခြားရေးဝန်ကြီးတွေဟာ ဝါရှင်တန်ဒီစီမှာ အင်္ဂါနေ့ကစပြီး သုံးရက်ကြာကျင်းပနေတဲ့ ဘာသာရေးလွတ်လပ်ခွင့် ညီလာခံကို တက်ရောက်ကြပါတယ်။ ဘာသာရေးလွတ်လပ်ခွင့်နဲ့ ကမ္ဘာတဝန်း ဘာသာပေါင်းစုံ တည်ရှိမှုအပေါ် နားလည် လက်ခံမှု၊ လေးစားသမှုရှိကြဖို့ ညီလာခံတက်ရောက်သူတွေက တောင်းဆိုကြပါတယ်။ ဗွီအိုအေရဲ့ သံတမန်ရေးရာသတင်းထောက် Cindy Saine နိုင်ငံခြားရေးဌာနကနေ ပေးပို့ထားတဲ့သတင်းလွှာကို ကိုကျော်ကျော်သိန်းက ပြောပြပါမယ်။