၂၀၁၅ရွေးကောက်ပွဲ မကျင်းပမှီ ၂၀၀၈ခုနှစ်က ပြဋ္ဌာန်းအတည်ပြုခဲ့တဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ပေးဖို့ မြန်မာ ပြည်တွင်းမှာ ပြောဆိုချက်တွေ တနေ့တခြား တိုးလာနေတာနဲ့အမျှ ရန်ကုန်မှာ ရှိတဲ့ အမေရိကန်သံအမတ်ကြီး Derek Mitchell ကလည်း သူ့ရဲ့ဆန္ဒကို ထုတ်ဖော်ထောက်ခံလိုက်ပါတယ်။ အလားတူပဲ အမေရိကန် နိုင်ငံခြားရေးဌာနကလည်း ခေတ်မှီ ဒီမိုကရေစီ နိုင်ငံကြီး အပြည့်အဝဖြစ်လာစေဖို့ လက်ရှိဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဆင်ဖို့ မြန်မာ အစိုးရကို တိုက်တွန်းလိုက်ပါတယ်။ အကြောင်းစုံ ကို ဒေါ်လှလှသန်း က တင်ပြပေးထားပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး Derek Mitchell က အရင် မြန်မာ စစ်အစိုးရ လက်ထက် ၂၀၀၈ခုနှစ်က အတည်ပြုခဲ့တဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ သမ္မတ အရည်အချင်းကို ကန့်သတ်ထားတဲ့ ပုဒ်မ ၅၉ (စ) ဟာ အတိတ်က လက်ကျန် အမွေဟောင်း တရပ်ဖြစ်တယ်လို့ တင်စားခေါ်ဝေါ် လိုက်ပြီး ပြောင်းလဲဖို့ ထောက်ခံလိုက်တာဖြစ်ပါတယ်။
အဲ့ဒီ့ပုဒ်မမှာ မြန်မာနိုင်ငံ သမ္မတရဲ့ အရည်အသွေးတွေကို သတ်မှတ်ချက်တွေ အနက် တခုကတော့ သမ္မတဖြစ်သူရဲ့ ဇနီး၊ ဒါမှမဟုတ် ခင်ပွန်း၊ ဒါမှမဟုတ် သားသမီးတွေဟာ နိုင်ငံခြားသားတွေ မဖြစ်ရဘူးလို့ ကန့်သတ် ထားတာဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခင်ပွန်း ဗြိတိန်နိုင်ငံသား Michael Aris ဟာ ကင်ဆာရောဂါနဲ့ ကွယ်လွန်နေပြီဖြစ်ပေမဲ့လို့လည်း သူ့ရဲ့ အရွယ်ရောက် သားနှစ်ဦးဖြစ်တဲ့ Kim နဲ့ Alexander တို့ကတော့ နိုင်ငံခြားသားတွေ ဖြစ်ကြ ပါတယ်။ ဒါကြောင့် ၂၀၁၅မှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပါတီ အနိုင်ရရင်တောင်မှ လက်ရှိ ဖွဲ့စည်းပုံ အခြေခံဥပဒေကို မပြင်ဆင်နိုင်ရင် ဥက္ကဋ္ဌဖြစ်သူ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ သမ္မတဖြစ်လာနိုင်မှာ မဟုတ်ပါဘူး။
ဒီလိုမျိုး ကန့်သတ်ချက်ဟာ ၁၉၄၇ ခုက ဖြစ်ခဲ့ရင် ဒါမှမဟုတ် ၁၉၇၄ခုနှစ် အထိတောင်မှ အတည်ဖြစ်ခဲ့ရင် သူ့အနေနဲ့ နားလည်နိုင်ပေမဲ့လို့လည်း ၂၁ရာစုမှာ ဒီမိုကရေစီနည်းအရ ချီတက်နေတဲ့ ပြုပြင်ပြောင်း လဲရေးဖော်ဆောင်နေတဲ့ မြန်မာနိုင်ငံဟာ ကမ္ဘာကြီးနဲ့ ရင်ဘောင်တန်းနိုင်ဖို့ ကြိုးစားရာမှာ ဒီလိုနိုင်ငံခြားနဲ့ဆက်သွယ်မှုကို စိုးရိမ်မှုဟာ အတိတ်က အမွေဟောင်းတရပ်ဖြစ်တယ်လို့ ယူဆကြောင်း သံအမတ်ကြီး Mitchellက ဝေဖန် လိုက်ပါတယ်။ အလားတူပဲ အမေရိကန် နိုင်ငံခြားရေးဌာန ကလည်း အခုလို သဘောထားကို တုန့်ပြန်ခဲ့ပါတယ်။
အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာဌာန ပြန်ကြားရေးဌာနအရာရှိက အခုလို မြန်မာအစိုးရ ကို တိုက်တွန်းတဲ့အကြောင်း ဗွီအိုအေကို ပြောပါတယ်။
"မြန်မာနိုင်ငံအနေနဲ့ ရည်မှန်းချက် ပန်းတိုင်ကို အပြည့်အဝရောက်နိုင်ဖို့က ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ တရားဥပဒေ စနစ်ရဲ့ အခြေခံ ယန္တရားတွေဟာ ခေတ်မှီ ဒီမိုကရေစီနိုင်ငံ တစ်နိုင်ငံရဲ့ စံထားချက်တွေကို ထင်ဟပ်ပေါ်လွင် မယ်လို့ အမေရိကန်ပြည်ထောင်စုက ယုံကြည်ပါတယ်။ တိုင်းရင်းသား လူနည်းစုတွေရဲ့ အခွင့်အရေးကို လေးစားဖို့။ စစ်တပ်ကို အရပ်ဖက်က ထိန်းချုပ်ထားနိုင်ဖို့ အပြင်၊ နိုင်ငံသားတွေ အနေနဲ့ သူတို့နှစ်သက်တဲ့ခေါင်းဆောင်ကို လွတ်လပ်စွာ ရွေးချယ် တင်မြှောက်နိုင်ခွင့် စသဖြင့်တို့ ပါဝင်ပါတယ်။"
ဒါ့အပြင်နိုင်ငံရဲ့ အဓိက နိုင်ငံရေး ပါတီခေါင်းဆောင်လည်းဖြစ်၊ လွှတ်တော်မှာ အဓိက ကော်မတီတွေရဲ့ ဥက္ကဋ္ဌအဖြစ်လည်း ဆောင်ရွက်တဲ့အပြင် ဆယ်စုနှစ်ပေါင်းစွာ သတ္တိရှိရှိနဲ့ နိုင်ငံအတွက် စွန့်လွှတ် အနစ်နာခံခဲ့သူ လည်းဖြစ်တဲ့ အပြင် ပြည်တွင်းမှာ လူကြိုက်များလှတဲ့သူတစ်ဦးကို အခုလို သမ္မတဖြစ်လာနိုင်တဲ့ အခွင့်အရေးကို ပိတ်ပင်ရာ ရောက်တာဟာလည်း သံအမတ်ကြီး Mitchell အတွက် ထူးဆန်းနေတာဖြစ်တယ်လို့ သူကထောက်ပြခဲ့ပါတယ်။
တချိန်တည်းမှာ အမေရိကန်ပြည်ထောင်စုအနေနဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်တာကို မြင်လိုပေမဲ့လို့လည်း မြန်မာနိုင်ငံရဲ့ သမ္မတဖြစ်လာဖို့ အတွက် ဘယ်ပုဂ္ဂိုလ်ကိုမှ မျက်နှာသာပေးထောက်ခံခဲ့တဲ့ စိတ်နဲ့ တိုက်တွန်းခဲ့တာ မဟုတ်တဲ့ အကြောင်းနဲ့ လွတ်လပ်ပြီး တရားမျှတတဲ့ အပြင် ပြည်သူတို့ရဲ့ ဆန္ဒကို ထင်ဟပ်ပေါ်လွင်စေတဲ့ ရွေးကောက်ပွဲကိုသာ မြင်လိုတဲ့အတွက်ဖြစ်တဲ့အကြောင်း သံအမတ်က ရှင်းလင်းခဲ့ပါတယ်။
ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးမှာ နောက်ထပ် အခြေအတင် အငြင်းပွားဖွယ်ရာ အချက် ကတော့ လွှတ်တော်မှာ ကိုယ်စားလှယ် ၂၅% ကို စစ်တပ်အတွက် သတ်မှတ်ထားတဲ့ အချက်နဲ့ တိုင်းရင်းဒေသတွေ မှာ ပြည်မ အစိုးရက ဆက်လက် လွှမ်းမိုးမှုပဲဖြစ်ပါတယ်။ ဒါကြောင့်လည်း အမေရိကန်နိုင်ငံခြားရေးဌာနက အရင်စစ်အစိုးရ ရေးဆွဲခဲ့တဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရာမှာ နိုင်ငံရေးမှာ စစ်တပ်ရဲ့ အခန်းကဏ္ဍ ကို လျော့ချပေးဖို့လည်း အခုလို တိုက်တွန်းလိုက်ပါတယ်။
"ဖွဲ့စည်းပုံ အခြေခံဥပဒေ ကို ပြင်ဆင်မှုတွေမှာလည်း လွတ်လပ်ပြီး တရားမျှတမယ့် ၂၀၁၅ခုနှစ် ရွေးကောက်ပွဲတွေမှာ မြန်မာနိုင်ငံသားတွေအနေနဲ့ သူတို့ထောက်ခံတဲ့ သမ္မတကို လွတ်လပ်စွာ ရွေးချယ်နိုင်ဖို့၊ တိုင်းရင်းသား လူနည်းစုတွေရဲ့ ရပိုင်ခွင့် ကိစ္စတွေအပြင် နိုင်ငံတော်အစိုးရနဲ့ အဓိက တိုင်းရင်းသား လူနည်းစု ပြည်နယ်တွေအကြား ဆက်ဆံရေးနဲ့ပတ်သက်လို့ ကိုင်တွယ်ဖြေရှင်းပေးဖို့အပြင်၊ နိုင်ငံရေး လုပ်ငန်းစဉ်တွေမှာ စစ်တပ်ရဲ့ ပါဝင် လှုပ်ရှားဆောင်ရွက်တဲ့ အခန်းကဏ္ဍကို လျော့ချပေးဖို့ လမ်းခင်းပေးဖို့ ရာရောက်ဖို့လိုတယ်ဆိုတာကို အမေရိကန်ပြည်ထောင်စုက ယုံကြည်ပါတယ်။"
လောလောဆယ်မှာ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးအတွက် လွှတ်တော် ကိုယ်စားလှယ် ၁၀၉ဦးနဲ့ဖွဲ့စည်းထားတဲ့ ၂၀၀၈ခု ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေးကော်မတီကို နိုင်ငံရေးပါတီတွေ၊ လူပုဂ္ဂိုလ် အဖွဲ့အစည်းတွေ ပေးပို့ထားတဲ့ အကြံပြုချက် သုံးသိန်းကျော်ကို ငါးဖွဲ့ခွဲပြီး လေ့လာဖို့ ပြည်ထောင်စု လွှတ်တော်ကနေ ဆုံးဖြတ်ခဲ့ပါတယ်။
အဲ့ဒီ့အဖွဲ့ဟာ ဇန်နဝါရီလ နောက်ဆုံးထားပြီး တွေ့ရှိချက်တွေကို လွှတ်တော်ကို တင်ဖို့လည်း ရှိပါတယ်။ မကြာမှီက ချင်းပြည်နယ်နဲ့ စစ်ကိုင်းတိုင်းတို့ကို သွားရောက်ခဲ့တဲ့ NLD ရဲ့ ပါတီဖွဲ့စည်းပုံအခြေခံ လူထုစုဝေးပွဲကြီး ခရီးစဉ် အတွင်း ဒေါ်အောင်ဆန်းစုကြည်ကလည်း ရွေးကောက်ပွဲမကျင်းပမှီ၂၀၁၄ခုနှစ်
အတွင်း ဖွဲ့စည်းပုံအခြေခံပြင်ဆင်နိုင်ရေးက အရေးကြီးတယ်လို့ လူထုစည်းဝေးပွဲမှာ ပြောကြားခဲ့တာလည်း တွေ့ရပါတယ်။