သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီယားမှ ကန်တပ်ဖွဲ့များ အလျင်အမြန်ရုပ်မည်မဟုတ်


ဆီးရီယားနိုင်ငံကနေ အမေရိကန်တပ်တွေကို အလျင်အမြန် ရုပ်သိမ်းမှာ မဟုတ်ဘူးလို့ အမေရိကန်သမ္မတ Donald Trump ရဲ့ အမျိုးသားလုံခြုံရေးအကြံပေးက ပြောလိုက်ပါတယ်။

IS အကြမ်းဖက်ဝါဒစွဲအဖွဲပကို နှိမ်နင်းနိုင်တဲ့ အခြေအနေအပေါ်တည်ပြီးတော့ အမေရိကန်စစ်တပ်တွေကို ပြန်လည်ရုပ်သိမ်းသွားမှာဖြစ်တယ်လို့ အစ္စရေးနိုင်ငံကို ရောက်နေတဲ့ အမေရိကန်အမျိုးသားလုံခြုံရေးအကြံပေး John Bolton က တနင်္ဂနွေနေ့မှာ ပြောလိုက်တာပါ။ သမ္မတ Trump အနေနဲ့ ISIS ရဲ့ အာဏာသြဇာတွေကို ချေမှုန်းပစ်လိုတယ်လိုတယ်လို့ ကန် အမျိုးသားလုံခြုံရေးအကြံပေးက ပြောပါတယ်။

အမေရိကန်တပ်တွေ မရုပ်သိမ်းခင်မှာ အမေရိကန်မဟာမိတ်ဖြစ်တဲ့ ကဒ်တိုက်ခိုက်ရေးသမားတွေရဲ့ လုံခြုံရေးနဲ့ပတ်သက်လို့လည်း တူရကီနိုင်ငံဖက်က အာမခံချက် လိုချင်တယ်လို့လည်း အမေရိကန်အမျိုးသားလုံခြုံရေးအကြံပေး John Bolton က ပြောလိုက်ပါတယ်။ ဆီရီယားနိုင်ငံကနေ အမေရိကန်တပ် ရုပ်မယ်လို့ သမ္မတ Donald Trump ရဲ့ ကြေညာချက်ဟာ အတော်လေး ဝေဖန်ခံခဲ့ရတာပါ။ လာမယ့် သီတင်းပတ်အတွင်း ဒီအစီအစဉ်ဖြစ်လာလိမ့်မယ်လို့ ခန့်မှန်းရပါတယ်။ Mr.Bolton ရဲ့ အခု မှတ်ချက်ဟာ ဆီးရီယားကနေ အမေရိကန်တွေ ရုပ်သိမ်းဖို့ကိစ္စ ဖြေးဖြေးလုပ်သွားမယ်ဆိုတာကို ပထမဦးဆုံး အများပြည်သူကို အတည်ပြုပြောဆိုချက်ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG