သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အင်ဒို-ပစိဖိတ်ဒေသအတွက် ကန် ဒေါ်လာသန်း ၃၀၀ ထောက်ပံ့မည်


ASEAN နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး သတင်းစာရှင်းလင်းပွဲမှ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Pompeo (သြ၈ုတ် ၄၊ ၂၀၁၈)
ASEAN နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး သတင်းစာရှင်းလင်းပွဲမှ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Pompeo (သြ၈ုတ် ၄၊ ၂၀၁၈)

အင်ဒို-ပစိဖိတ် ဒေသတွင်း လွတ်လပ်ပြီး ပွင့်လင်းလာဖို့ ပဋိပက္ခဖြစ်နေတဲ့ ရခိုင် ပြည်နယ်မှာ ဆက်ပြီးဖြစ်နေတဲ့ လူသား ဘေးဒုက္ခအကျပ်အတည်း ဖြေရှင်းရေး အခြေအနေတွေ တိုးတက်လာဖို့နဲ့ အခြား လုံခြုံရေးဆိုင်ရာ ကိစ္စရပ်တွေဟာ အဓိက ကျတဲ့ အချက်တွေဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Mike Pompeo က ပြောကြားလိုက်ပါတယ်။

အရှေ့တောင်အာရှဒေသအတွက် လုံခြုံဆိုင်ရာ ရံပုံငွေ အသစ်အနေနဲ့ ဒေါ်လာ သန်းပေါင်း ၃၀၀ နီးပါး အမေရိကန်ပြည်ထောင်စုက ကူညီမှာဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီး Pompeo က စနေနေ့က ကတိပြု ပြောကြားရာမှာ အဲဒီလို ထည့်သွင်းပြောဆိုခဲ့တာဖြစ်ပါတယ်။

စင်္ကာပူနိုင်ငံမှာ ကျင်းပနေတဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးအဆင့် ဆွေးနွေးပွဲနဲ့ တဆက်တည်း ပြုလုပ်တဲ့ အာဆီယံ မဟာမိတ်နိုင်ငံတွေနဲ့ စည်းဝေးပွဲကို တက်ရောက် လာတဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Mike Pompeo ဟာ သတင်းထောက်တွေကိုအခုလို ရံပုံငွေ ပမာဏ အတိအကျ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

အင်ဒို-ပစိဖိတ်ဒေသ လုံခြုံရေး တိုးမြှင့်ဖို့ အမေရိကန်ရဲ့ ခိုင်မာတဲ့ ကူညီပံ့ပိုးမှု အစိတ်အပိုင်းအဖြစ် ဒေသတခုလုံး လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး တွန်းအားပေးတဲ့အနေနဲ့ ဒေါ်လာ သန်းပေါင်း ၃၀၀ နီးပါး ရံပုံငွေအသစ်အနေနဲ့ ထောက်ပံ့ပေးသွားမှာဖြစ်တယ်လို့ ဝန်ကြီး Pompeo က ကြေညာခဲ့တာပါ။

အဲဒီရံပုံငွေ အသစ်ဟာ ရေကြောင်းဆိုင်ရာ လုံခြုံရေး အားကောင်းစေဖို့၊ လူသား ချင်း စာနာမှုဆိုင်ရာ အထောက်အပံံ့တွေ၊ ငြိမ်းချမ်းရေးထိန်းသိမ်းမှုဆိုင်ရာ စွမ်း ရည်တွေ တိုးတက်လာဖို့ အပြင် နိုင်ငံ နယ်နမိတ်တွေ ဖြတ်ကျော် ခြိမ်းခြောက် မှုတွေကို ဆန့်ကျင် တန်ပြန်နိုင်ဖို့ ဖြစ်တယ်လို့လည်း Pompeo ကပြောပါတယ်။

ကြီးပွားတိုးတက်လာတဲ့ အာရှဒေသတွင်းနည်းပညာ၊ စွမ်းအင်နဲ့အခြေခံ အဆောက် အဦး စတာတွေမှာ ပဏာမအစီအစဉ်အဖြစ် အမေရိကန်ပြည် ထောင်စု အနေနဲ ဒေါ်လာ ၁၁၃ သန်း ရင်းနှီးမြှုပ်နှံဖို့ရှိကြောင်း ဒီသတင်းပတ် အစောပိုင်းက Mike Pompeo ကပြောဆိုခဲ့ပါတယ်။ ဒါဟာလည်း ဒေသတွင်း အမေရိကန်ပြည်ထောင်စု ရဲ့ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု ခေတ်သစ်ရဲ့ တာဝန်ယူ ဆောင်ရွက်မှု အစဖြစ်ပါတယ်လို့ သူကပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG