သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပနာမားတူးမြောင်း ပြန်ထိန်းချုပ်မယ်လို့ ရွေးကောက်ခံကန်သမ္မတခြိမ်းခြောက်


Phoenix မြို့ မှာ ပထမဆုံး ပြုလုပ်တဲ့ ကွန်ဆာဗေးတစ် တက်ကြွလှုပ်ရှားသူတွေ နဲ့ တွေ့ဆုံပွဲမှာ မိန့်ခွန်းပြောနေတဲ့ ရွေးကောက်ခံသမ္မတ ထရမ့် (ဒီဇင်ဘာ ၂၂၊ ၂၀၂၄)
Phoenix မြို့ မှာ ပထမဆုံး ပြုလုပ်တဲ့ ကွန်ဆာဗေးတစ် တက်ကြွလှုပ်ရှားသူတွေ နဲ့ တွေ့ဆုံပွဲမှာ မိန့်ခွန်းပြောနေတဲ့ ရွေးကောက်ခံသမ္မတ ထရမ့် (ဒီဇင်ဘာ ၂၂၊ ၂၀၂၄)

ရွေးကောက်ခံ သမ္မတ ဒေါ်နယ်ထရမ့်က ပနားမား တူးမြောင်းကို ပြန်လည် ထိန်းချုပ်နိုင်တယ်လို့ တနင်္ဂနွေနေ့က ခြိမ်းခြောက်လိုက်ပါတယ်။

“တူးမြောင်းကို ပေးခဲ့ရာမှာ ပြဋ္ဌာန်းချက်တွေ ရှိပါတယ်။ မျှမျှတတ ဆက်ဆံရမှာ ဖြစ်ပေမဲ့၊ သူတို့က ကျွန်တော်တို့ကို မျှမျှတတ မဆက်ဆံပါဘူး။ သဘောထား ကြီးကြီး ပေးခဲ့ရာမှာ ပြောခဲ့တဲ့ ကျင့်ဝတ်အရရော၊ ဥပဒေအရပါ လိုက်နာရမယ့် မူတွေကို မလိုက်နာဘူးဆိုရင်၊ ပနားမား တူး‌မြောင်းကို အမေရိကန်ကို အပြည့်အဝ၊ မြန်မြန်၊ အငြင်းမပွါး ပြန်ပေးဖို့ ကျွန်တော်တို့ တောင်းဆိုရပါလိမ့်မယ်” လို့ ထရမ့်က ပြောသွားခဲ့တာပါ။

နိုဝင်ဘာ ၅ ရက် ရွေးကောက်ခံရပြီးနောက် အရီဇိုးနား ပြည်နယ် Phoenix မြို့ မှာ ပထမဆုံး ပြုလုပ်တဲ့ ကွန်ဆာဗေးတစ် တက်ကြွလှုပ်ရှားသူတွေ နဲ့ တွေ့ဆုံပွဲမှာ ထရမ့်က အခုလို ပြောလိုက်တာလည်း ဖြစ်ပါတယ်။ တရုတ်ဩဇာ ညောင်းလာနိုင်ဖွယ် ရှိတာကိုလည်း သူက သတိ ပေးလိုက်ပါတယ်။ ထရမ့်ပြောပြီး မကြာမီမှာပဲ ကျွန်တော်တို့ တိုင်းပြည်ရဲ့ အချုပ်အခြာအာဏာနဲ့ လွတ်လပ်မှုက စေ့စပ်လို့ မရတဲ့ အချက်တွေ ဖြစ်ပါတယ် လို့ ပနားမား သမ္မတ José Raúl Mulino က ဗွီဒီယို ထုတ်ပြန် တုံ့ပြန်လိုက်ပါတယ်။

သမ္မတ ဂျင်မီကာတာ လက်ထက် ၁၉၇၇ ခုနှစ်မှာ ချုပ်ဆိုခဲ့တဲ့ စာချုပ်အရ၊ အမေရိကန် က တူးမြောင်း ထိန်းချုပ်မှုကို ၁၉၉၉ ဒီဇင်ဘာ ၃၁ ရက်နေ့မှာ ပနားမား နိုင်ငံကို လွှဲပြောင်းပေးခဲ့တာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG