သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်တက္ကသိုလ်ဆန္ဒပြပွဲများ ဥပဒေစိုးမိုးမှုအလေးထားဖို့ သမ္မတဘိုင်ဒန်တုံ့ပြန်


အမေရိကန်သမ္မဂျိုးဘိုင်ဒန်
အမေရိကန်သမ္မဂျိုးဘိုင်ဒန်

အမေရိကန်နိုင်ငံတလွှားက တက္ကသိုလ်ကျောင်းဝင်းတွေမှာ ဂါဇာစစ်ဆန့်ကျင်ရေး ဆန္ဒပြမှုတွေ တိုးလာနေချိန်မှာပဲ သမ္မတဂျိုးဘိုင်ဒန်က လွတ်လပ်စွာ ပြောဆိုခွင့်နဲ့ အတူ တရားဥပဒေစိုးမိုးမှုရှိဖို့ လိုအပ်ကြောင်း ကြာသပတေးနေ့မှာ သမ္မတအိမ်ဖြူကနေ ပြည်သူကို မိန့်ခွန်းပြောကြားခဲ့ပါတယ်။

လွတ်လပ်စွာပြောဆိုခွင့်ဟာ ဒီမိုကရေစီအတွက် အဓိကကျတာ မှန်ပေမယ့် တရားဥပဒေစိုးမိုးမှုတော့ ရှိရမှာဖြစ်ကြောင်း၊ အမေရိကန်နိုင်ငံဟာ လူထုအသံတိတ်သွားစေတဲ့ ဒါမှမဟုတ် အတိုက်အခံတွေကိုဖိနှိပ်တဲ့ အာဏာရှင်နိုင်ငံမဟုတ်တဲ့အတွက် အရေးကြီးတဲ့ပြဿနာတွေကိုတုံ့ပြန်ရာမှာ အမေရိကန်ရဲ့ အကောင်းဆုံးဓလေ့ထုံးစံက ငြိမ်းချမ်းစွာဆန္ဒဖေါ်ထုတ်တာ ဖြစ်ကြောင်းလည်း ပြောပါတယ်။ အောက်လွှတ်တော်ဥက္ကဌ Mike Johnson အပါအဝင် ရီပတ်ဘလစ်ကင်ပါတီဝင်တချို့က ဆန္ဒပြမှုကိုနှိမ်နင်းဖို့ ပြည်စောင့်တပ်စေလွှတ်ခိုင်းတာကို သူလက်မခံကြောင်းလည်း ပြောပါတယ်။

အခုလို တက္ကသိုလ်ကျောင်းဝင်း ဆန္ဒပြမှုတွေက သူ့ရဲ့ဂါဇာအရေးကိုင်တွယ်မှုတွေကို ပြန်စဉ်းစားစေမှာမဟုတ်ဘူးလို့လည်း ပြောပါတယ်။ အစ္စရေးရဲ့စစ်ပွဲဆိုင်ရာနဲ့ ပတ်သက်ပြီးတချို့ကို သူ့အစိုးရအဖွဲ့ကဝေဖန်ခဲ့ပေမဲ့ တိုးတက်သော ဒီမိုကရက်တွေ အမေရိကန်မွတ်ဆလင်အဖွဲအစည်းတွေတားနေတဲ့ကြားကပဲ ဟာမတ်စ်တွေကို ရှင်းလင်းဖယ်ရှားဖို့ လုပ်နေတဲ့ အစ္စရေးရဲ့ကြိုးပမ်းမှုကို ဆက်လက် ထောက်ခံပံ့ပိုးမှာ ဖြစ်ကြောင်းလည်း ပြောပါတယ်။

အမေရိကန်နဲ့ အစ္စလာမ္မစ် ဆက်ဆံရေးဆိုင်ရာကောင်စီ ဒုတိယအကြီးအကဲ Edward Mitchell ကတော့ သမ္မတဘိုင်ဒန်ရဲ့ ဒီမိန့်ခွန်းဟာ ၂ ဘက်စလုံးအတွက် လက်ခံနိုင်စရာမရှိဘဲ ပြတ်သားမှုမရှိဘူးလို့ ဝေဖန်ပါတယ်။

အစ္စရေးလိုလားတဲ့ ဆူပူသူတွေနဲ့ လုံခြုံရေးတာဝန်ရှိသူတွေရဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေကို ထုတ်ဖေါ်ပြောဆိုတာ၊ ရှုတ်ချတာမရှိတဲ့အတွက် နိုင်ငံတလွှားက ကျောင်းသားတွေက ဂါဇာစစ်ပွဲလူမျိုးတုံးသတ်ဖြတ်မှုကို ကန့်ကွက်ဆန္ဒပြကြတာဖြစ်ကြောင်း ပြောပါတယ်။ ရီပတ်ဘလစ်ကင်ပါတီရဲ့ သမ္မတလောင်းအဖြစ် ရွေးကောက်ထားတဲ့ သမ္မတဟောင်း ဒေါ်နယ်ထရမ့်ကလည်း ဆန္ဒပြမှုနဲ့ ပတ်သက်တဲ့ သမ္မတဘိုင်ဒန်ရဲ့ကိုင်တွယ်ပုံ သိပ်အားနည်းကြောင်း ဝေဖန်ခဲ့တာပါ။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG