သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့အရေး အာဆီယံမူနဲ့ အကောင်အထည်ဖော်ဖို့ ကမ္ဘောဒီးယားကို အမေရိကန်တိုက်တွန်း


မြန်မာ့အရေး အာဆီယံမူနဲ့ အကောင်အထည်ဖော်ဖို့ ကမ္ဘောဒီးယားကို အမေရိကန်တိုက်တွန်း

{{Zawgyi/Unicode}}

အရှေ့တောင်အာရှ နိုင်ငံများအသင်းရဲ့ အလှည့်ကျဥက္ကဋ္ဌ ကမ္ဘောဒီးယားနိုင်ငံ အနေနဲ့ မြန်မာ့အရေး အာဆီယံအသင်းက ချမှတ်ထားတဲ့ ဘုံသဘောတူညီချက်တွေကို အကောင်အထည်ဖော်ဖို့နဲ့ အာဆီယံ အထူးကိုယ်စားလှယ် မြန်မာနိုင်ငံကို သွားရောက်ပြီး သက်ဆိုင်သူတွေ အားလုံးနဲ့ တွေ့ဆုံနိုင်အောင် ကြိုးပမ်းဖို့ အမေရိကန်က တိုက်တွန်းလိုက်ပါတယ်။ မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပထမဆုံး နိုင်ငံ့ခေါင်းဆောင် တဦးရဲ့ ခရီးစဉ်အဖြစ် ကမ္ဘောဒီးယားဝန်ကြီးချုပ်ရဲ့ ၂ ရက်ကြာခရီးစဉ်အစ သောကြာနေ့မှာပဲ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ဗွီအိုအေကို ပြောဆိုလိုက်တာပါ။

မြန်မာစစ်အာဏာပိုင်တွေအနေနဲ့ အကြမ်းဖက်လုပ်ရပ်တွေကို ရပ်တန့်ဖို့၊ မတရားဖမ်းဆီးထားသူ အားလုံးကို ပြန်လွှတ်ဖို့၊ သက်ဆိုင်သူတွေ အားလုံးနဲ့ အပြုသဘောဆွေးနွေးဖြေရှင်းဖို့နဲ့ မြန်မာပြည်သူတွေရဲ့ ဆန္ဒတွေကို လေးစားဖို့လည်း အမေရိကန်က ထပ်မံတိုက်တွန်းခဲ့ပါတယ်။

တက်ကြွလှုပ်ရှားသူတွေနဲ့ လူ့အခွင့်အရေး လှုပ်ရှားသူတွေက ကန့်ကွက်နေတဲ့ကြားကပဲ စတင်လိုက်တဲ့ ခရီးစဉ် အစနေ့မှာပဲ ကမ္ဘောဒီးယားဝန်ကြီးချုပ်က ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့တာပါ။

တွေ့ဆုံမှုအပြီး ပူးတွဲထုတ်ပြန်ချက်မှာတော့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ ဖေဖော်ဝါရီ လကုန်အထိ အပစ်အခတ် ရပ်စဲထားကြောင်း၊ သက်ဆိုင်သူတွေ အနေနဲ့ တိုင်းပြည်နဲ့ လူထုအကျိုးအတွက် အပစ်အခတ် ရပ်စဲဖို့ အကြမ်းဖက်မှုတွေ အဆုံးသတ်ဖို့ တောင်းဆိုထားကြောင်း ဖော်ပြထားပါတယ်။ ငြိမ်းချမ်းရေးနဲ့ တင်းမာမှုတွေ လျှော့ချရေး မြန်မာစစ်ခေါင်းဆောင်ရဲ့ တောင်းဆိုချက်ကို ကမ္ဘောဒီးယားဝန်ကြီးချုပ်က ထောက်ခံခဲ့တာပါ။

၂၀၂၂ ခုနှစ်မှာ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ ဖြစ်လာတဲ့ ကမ္ဘောဒီးယားက သူ ဒုတိယဝန်ကြီးချုပ်လည်းဖြစ်၊ နိုင်ငံခြားရေးနဲ့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးလည်းဖြစ်တဲ့ Prak Sokhonn ကို မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ် ခန့်အပ်တာကို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ကြိုဆိုလိုက်ပြီး မြန်မာနိုင်ငံ ခရီးစဉ်အတွက် ပံ့ပိုးပေးမှာဖြစ်သလို၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ အပါအဝင် သက်ဆိုင်ရာ အဖွဲ့အစည်းအားလုံးနဲ့ တွေ့ဆုံရေး စဉ်းစား ဆောင်ရွက်ပေးမှာ ဖြစ်ကြောင်း ပြောကြားခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

...........................................

တိုက်ရိုက် လင့်ခ်


{{Unicode}}






XS
SM
MD
LG