သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်တဝှမ်း စစ်မှုထမ်းဟောင်းတွေ ဂုဏ်ပြု


အမေရိကန်ပြည်ထောင်စုမှာ နိုဝင်ဘာလ ၁၁ ရက် အင်္ဂါနေ့ဟာ စစ်မှုထမ်းဟောင်းများနေ့ ဖြစ်ပါတယ်။ အမေရိကန် စစ်မှုထမ်းဟောင်းတွေအနေနဲ့ မျိုးဆက်တိုင်းမှာ နိုင်ငံ့အတွက် အကောင်းဆုံး ပေးဆပ်ခဲ့ကြတယ်လို့ ဒုသမ္မတ ဂျိုးဘိုင်ဒန်က ပြောခဲ့ပါတယ်။

ဝါရှင်တန်မြို့တော် ဆင်ခြေဖုံးရှိ အာလင်တန်အမျိုးသားစစ်သင်္ချိုင်းမှာ အစဉ်အလာအရ စစ်မှုထမ်းတွေကို ဂါရဝပြုရာမှာ ဒုသမ္မတ ဂျိုးဘိုင်ဒန်က နှစ်ပေါင်း ၂၀၀ ကျော် အမေရိကန်နိုင်ငံရဲ့ လွတ်လပ်မှုကို တိုက်ပွဲပေါင်းများစွာနဲ့ ကာကွယ်စောင့်ရှောက် ပေးခဲ့ကြတဲ့အတွက် နိုင်ငံအနေနဲ့ အမေရိကန် စစ်မှုထမ်းဟောင်းတွေကို ကျေးဇူးတင်တဲ့အကြောင်း ပြောခဲ့ပါတယ်။

“ခေတ်အဆက်ဆက် အမေရိကန်တပ်တွေနဲ့ တိုက်ခိုက်ခဲ့ရတဲ့ ရန်သူတွေ သိရှိထားတဲ့အတိုင်း အမေရိကန်တပ်သားတွေဟာ ဘယ်တော့မှ ဦးမကျိုး လက်မလျှော့ အရှုံးမပေးခဲ့ပါဘူး။”

၁၉၁၈ က ပထမကမ္ဘာစစ်ပြီးဆုံးတဲ့ နှစ်ပတ်လည်နေ့မှာ ကျရောက်တဲ့ စစ်မှုထမ်းဟောင်းများနေ့မှာ ဝါရှင်တန်မြို့တော် လွှတ်တော်အဆောက်အဦးရှေ့ မြက်ခင်းပြင်ကြီးမှာ လူပေါင်း ၈ သိန်းခန့် တက်ရောက်မယ်လို့ ယူဆရတဲ့ သတ္တိကို ဂုဏ်ပြုတဲ့ ဖျော်ဖြေပွဲ အခမ်းအနားကြီးတရပ် အပါအဝင် နိုင်ငံတဝှမ်း တခြား အခမ်းအနားတွေကိုလည်း ကျင်းပမှာဖြစ်ပါတယ်။

XS
SM
MD
LG