သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်ဒုသမ္မတနဲ့ ယူကရိန်းသမ္မတတို့ မြူးနစ်မှာဆွေးနွေး

အမေရိကန်ဒုသမ္မတ Kamala Harris နဲ့ ယူကရိန်းသမ္မတ Zelenskyy တို့ မြူးနစ်မြို့မှာတွေ့ဆုံ (ဖေဖော်ဝါရီ ၁၇၊ ၂၀၂၄)
အမေရိကန်ဒုသမ္မတ Kamala Harris နဲ့ ယူကရိန်းသမ္မတ Zelenskyy တို့ မြူးနစ်မြို့မှာတွေ့ဆုံ (ဖေဖော်ဝါရီ ၁၇၊ ၂၀၂၄)

ဂျာမနီနိုင်ငံ မြူးနစ်မြို့မှာ ကျင်းပနေတဲ့ လုံခြုံရေးဆိုင်ရာညီလာခံ တက်ရောက်ကြတဲ့ အမေရိကန်ဒုသမ္မတ Kamala Harris နဲ့ ယူကရိန်းသမ္မတ Zelenskyy တို့ ဒီနေ့ သီးခြားတွေ့ဆုံခဲ့ကြပါတယ်။ ယူကရိန်းအတွက် စစ်ရေးအကူအညီတွေ နောက်ထပ်ပေးနိုင်ဖို့ အမေရိကန်လွှတ်တော်မှာ အတည်မပြုနိုင်သေးဘဲ ဖြစ်နေချိန် ယူကရိန်းစစ်ပွဲအပေါ် အမေရိကန်အနေနဲ့ အတတ်နိုင်ဆုံး ကူညီသွားမှာ ဖြစ်ပါတယ်လို့ ဒုသမ္မတ Harris က ပြောကြားခဲ့ပါတယ်။

ဒီတွေ့ဆုံပွဲ မတိုင်ခင်ကတော့ လုံခြုံရေးဆိုင်ရာညီလာခံကို ပထမဆုံးလူကိုယ်တိုင် တက်ရောက်တဲ့ သမ္မတ Zelenskyy က မိန့်ခွန်းပြောကြားခဲ့တာမှာ အခု ၂၀၂၄ ခုနှစ်ဟာ နိုင်ငံတကာ စည်းမျဉ်းဥပဒေတွေကို အပြည့်အဝလိုက်နာတဲ့ ကမ္ဘာကြီး ပြန်ဖြစ်ချိန်တန်ပြီလို့ ပြောကြားခဲ့ပါတယ်။ ပျက်စီးနေတဲ့ စနစ်တွေအဆုံးသတ်တဲ့နှစ်ဖြစ်ရမယ်လို့ ယူကရိန်းသမ္မတ Zelenskyy က မိန့်ခွန်းထဲမှာ ပြောကြားသွားပါတယ်။

ဒီညီလာခံမှာ သူနဲ့ ပြုလုပ်တဲ့ အမေးအဖြေကဏ္ဍမှာလည်း အမေရိကန်သမ္မတလောင်း ဖြစ်လာမယ့် အမေရိကန်သမ္မတဟောင်း Donald Trump အကြောင်း မေးမြန်းရာမှာတော့ စစ်ပွဲဆိုတာ လက်တွေ့သိရအောင် Donald Trump ကို ရှေ့တန်းကို လိုက်ပြချင်တယ်လို့လည်း သူက ပြောကြားခဲ့ပါတယ်။ ဆုံးဖြတ်ချက်ချသူ တယောက်အနေနဲ့ Instragram လို လူမှုကွန်ရက်တွေပေါ်မှာထက် တကယ့် စစ်ပွဲရဲ့ ကွာခြားချက်ကို လက်တွေ့ ပြချင်တယ်လို့ ယူကရိန်းသမ္မတက ပြောကြားခဲ့ပါတယ်။

ဖေဖော်ဝါရီလ ၁၆ ကနေ ၁၈ ရက်နေ့အထိ ကျင်းပနေတဲ့ မြူးနစ်လုံခြုံရေးဆိုင်ရာညီလာခံမှာ ယူကရိန်းစစ်ပွဲကိစ္စ၊ ရုရှားအတိုက်အခံ Alexei Navalny အကျဉ်းထောင်ထဲမှာ သေဆုံးခဲ့တဲ့ ကိစ္စတွေက အဓိကလွှမ်းမိုးနေပါတယ်။ ၂၀၂၄ မြူးနစ်လုံခြုံရေးညီလာခံမှာ မြန်မာနိုင်ငံရဲ့ လက်ရှိ အခြေနေတွေကို ထည့်သွင်းဆွေးနွေးသွားဖို့ ရှိတယ်လို့ ရန်ကုန် ဂျာမဏီသံရုံးရဲ့ Facebook စာမျက်နှာမှာ ဖေါ်ပြထားပါတယ်။

This item is part of
XS
SM
MD
LG