သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန် နှင်းမုန်တိုင်းကြောင့် လေယာဉ်ပျံသန်းမှု ၆၅၀၀ ဖျက်သိမ်း


နွေဦးပေါက်ရာသီမရောက်ခင် သီတင်းတပတ်ကျော်မှာ အရှေ့ဘက်ကမ်းခြေတလျှောက် အင်အားကြီး နှင်းမုန်တိုင်းဟာ တနင်္လာနေ့နှောင်းပိုင်း စတင်ပြီး အရှေ့မြောက်ပိုင်းကို ဖြတ်ကာ အင်္ဂါနေ့အထိ ကျရောက်နိုင်တယ်လို့ အမေရိကန် မိုးလေဝသဌာနက သတင်း ထုတ်ပြန်ပါတယ်။

နယူးယောက်မြို့အပြင် New Jersey ေြမာက်ပိုင်း၊ Connecticut တောင်ပိုင်းမှာလည်း နှင်းမုန်တိုင်း သတိပေးချက်တွေကို မိုးလေဝသဌာနက ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် ကယ်ရိုလိုင်းနားမြောက်ပိုင်း တောင်တန်းဒေသတွေကနေ မြောက်ပိုင်း Maine ပြည်နယ်အထိ ကီလိုမီတာ ၁၆၀၀ ကျော်ရှည်တဲ့ ဒေသတလျှောက်မှာလည်း နှင်းမုန်တိုင်း သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။နယူးယောက်မြို့မှာ လက်မ ၂၀ အထိ နှင်းကျနိုင်ပြီး အအေးဓါတ်ကလည်း သာမှန် ရှိနေကျ ဒီဂရီထက် ပိုပြီး လျော့နည်းနိုင်တယ်လို့ မိုးလေဝသ ဌာနက ခန့်မှန်းပါတယ်။

နယူးယောက်၊ ဘော်စတွန်၊ Baltimore ၊ ဝါရှင်တန်နဲ့ Philadelphia မြို့တွေမှာ မုန်တိုင်း အပြင်းထန်ဆုံး ကျမယ့်နေရာတွေမှာရှိတဲ့ လေဆိပ်တွေကနေ လေယာဉ် ပျံသန်းမှုပေါင်း ၆,၅၀၀ ကျော်ကိုလည်း လေကြောင်းလိုင်းတွေက ကြိုတင်ပြီး ဖျက်သိမ်းထားပါတယ်။

ဝါရှင်တန်မှာ အင်္ဂါနေ့မှာ သမ္မတ Donald Trump နဲ့ တွေ့ဆုံဖို့ စီစဉ်ထားတဲ့ ဂျာမနီဝန်ကြီးချုပ် Angela Merkel ကလည်း သောကြနေ့အထိ ခရီးစဉ်ကို ရွေ့ဆိုင်းလိုက်ပါတယ်။

အမေရိကန် နှင်းမုန်တိုင်းကြောင့် လေယာဉ်ပျံသန်းမှု ၆၅၀၀ ဖျက်သိမ်း
please wait

No media source currently available

0:00 0:00:23 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG