အေမရိကန္မွာ ေဆာင္းတြင္းမုန္တိုင္းေၾကာင့္ အနည္းဆုံး ၃၄ ေယာက္ေသ
{{Zawgyi/Unicode}}
အေမရိကန္မွာ ျပင္းထန္တဲ့ ေဆာင္းတြင္း မုန္တိုင္းေၾကာင့္ ေသဆုံးသူ ၃၄ ဦးထက္မနည္း ရွိလာခ်ိန္မွာပဲ၊ မုန္တိုင္းဒဏ္ အဆိုးဆုံးခံေနရတဲ့ နယူးေယာက္ ျပည္နယ္မွာေတာ့ အုပ္ခ်ဳပ္ေရးမွဴးက မလိုအပ္ရင္ အိမ္ျပင္မထြက္ၾကဖို႔ သတိေပးထားပါတယ္။
“သဘာဝမိခင္ႀကီးနဲ႔ ရင္ဆိုင္ေနရတဲ့ စစ္ပြဲျဖစ္ၿပီး၊ မုန္တိုင္းဒဏ္ကို ခရစၥမတ္ေန႔ မနက္အထိ အျပင္းအထန္ ခံေနရပါတယ္။” လို႔ နယူးေယာက္ျပည္နယ္ အုပ္ခ်ဳပ္ေရးမွဴး Kathy Hochul က ေျပာသြားတာပါ။
ျပင္းထန္တဲ့ ေဆာင္းတြင္းမုန္တိုင္းဒဏ္ကိုေတာ့ ကေနဒါႏိုင္ငံနယ္စပ္ Great Lakes ကေန မကၠဆီကို နယ္စပ္နားအထိ ၾကံဳေတြ႕ေနၾကရပါတယ္။ အေမရိကန္ ျပည္ေထာင္စုရဲ႕ လူဦးေရ ၆ဝ ရာခိုင္ႏႈန္းဟာလည္း ေဆာင္းရာသီ မုန္တိုင္း အႏၲရာယ္၊ သတိေပးခ်က္ အဆင့္အမ်ဳိးမ်ဳိးနဲ႔ ရင္ဆိုင္ေနၾကရတာပါ။
နယူးေယာက္ျပည္နယ္ ေျမာက္ပိုင္း Buffalo ၿမိဳ႕မွာဆိုရင္ ဟာရီကိန္းမုန္တိုင္းလို ေလျပင္းတိုက္ခိုက္မႈနဲ႔အတူ ဆီးႏွင္းေတြ ဖုံးလႊမ္းေနတာေၾကာင့္ အေရးေပၚ ကူညီကယ္ဆယ္ေရး လုပ္ငန္းေတြမွာလည္း အခက္အခဲေတြနဲ႔ ၾကံဳေနရပါတယ္။ ကူညီကယ္ဆယ္ေရး သမားေတြ အခ်ိန္မီမသြားႏိုင္တာေၾကာင့္ ေသဆုံးရသူ တခ်ဳိ႕လည္း ရွိေနတာပါ။
Buffalo Niagara ႏိုင္ငံတကာ ေလဆိပ္မွာ တနဂၤေႏြေန႔မနက္ပိုင္းက ဆီးႏွင္းထု ၃ ေပခဲြေလာက္ ရွိခဲ့ေၾကာင္းလည္း အမ်ဳိးသား မိုးေလ၀သဌာနက သတင္းထုတ္ျပန္ခဲ့တာပါ။ ေလယာဥ္ခရီးစဥ္ အခ်က္အလက္ေတြ ေစာင့္ၾကည့္ထုတ္ျပန္ေပးေနတဲ့ FlightAware ၀ဘ္ဆိုဒ္ရဲ႕ တနဂၤေႏြေန႔ မြန္းလဲြပိုင္းအထိ ထုတ္ျပန္ခ်က္အရ အေမရိကန္မွာ ျပည္တြင္းနဲ႔ ႏိုင္ငံတကာ ေလယာဥ္ခရီးစဥ္ေပါင္း ၁၇၀၀ ေက်ာ္ကိုလည္း ဖ်က္ထားရပါတယ္။
အမေရိကန်မှာ ဆောင်းတွင်းမုန်တိုင်းကြောင့် အနည်းဆုံး ၃၄ ယောက်သေ
{{Zawgyi/Unicode}}
အမေရိကန်မှာ ပြင်းထန်တဲ့ ဆောင်းတွင်း မုန်တိုင်းကြောင့် သေဆုံးသူ ၃၄ ဦးထက်မနည်း ရှိလာချိန်မှာပဲ၊ မုန်တိုင်းဒဏ် အဆိုးဆုံးခံနေရတဲ့ နယူးယောက် ပြည်နယ်မှာတော့ အုပ်ချုပ်ရေးမှူးက မလိုအပ်ရင် အိမ်ပြင်မထွက်ကြဖို့ သတိပေးထားပါတယ်။
“သဘာဝမိခင်ကြီးနဲ့ ရင်ဆိုင်နေရတဲ့ စစ်ပွဲဖြစ်ပြီး၊ မုန်တိုင်းဒဏ်ကို ခရစ္စမတ်နေ့ မနက်အထိ အပြင်းအထန် ခံနေရပါတယ်။” လို့ နယူးယောက်ပြည်နယ် အုပ်ချုပ်ရေးမှူး Kathy Hochul က ပြောသွားတာပါ။
ပြင်းထန်တဲ့ ဆောင်းတွင်းမုန်တိုင်းဒဏ်ကိုတော့ ကနေဒါနိုင်ငံနယ်စပ် Great Lakes ကနေ မက္ကဆီကို နယ်စပ်နားအထိ ကြုံတွေ့နေကြရပါတယ်။ အမေရိကန် ပြည်ထောင်စုရဲ့ လူဦးရေ ၆ဝ ရာခိုင်နှုန်းဟာလည်း ဆောင်းရာသီ မုန်တိုင်း အန္တရာယ်၊ သတိပေးချက် အဆင့်အမျိုးမျိုးနဲ့ ရင်ဆိုင်နေကြရတာပါ။
နယူးယောက်ပြည်နယ် မြောက်ပိုင်း Buffalo မြို့မှာဆိုရင် ဟာရီကိန်းမုန်တိုင်းလို လေပြင်းတိုက်ခိုက်မှုနဲ့အတူ ဆီးနှင်းတွေ ဖုံးလွှမ်းနေတာကြောင့် အရေးပေါ် ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေမှာလည်း အခက်အခဲတွေနဲ့ ကြုံနေရပါတယ်။ ကူညီကယ်ဆယ်ရေး သမားတွေ အချိန်မီမသွားနိုင်တာကြောင့် သေဆုံးရသူ တချို့လည်း ရှိနေတာပါ။
Buffalo Niagara နိုင်ငံတကာ လေဆိပ်မှာ တနင်္ဂနွေနေ့မနက်ပိုင်းက ဆီးနှင်းထု ၃ ပေခွဲလောက် ရှိခဲ့ကြောင်းလည်း အမျိုးသား မိုးလေဝသဌာနက သတင်းထုတ်ပြန်ခဲ့တာပါ။ လေယာဉ်ခရီးစဉ် အချက်အလက်တွေ စောင့်ကြည့်ထုတ်ပြန်ပေးနေတဲ့ FlightAware ဝဘ်ဆိုဒ်ရဲ့ တနင်္ဂနွေနေ့ မွန်းလွဲပိုင်းအထိ ထုတ်ပြန်ချက်အရ အမေရိကန်မှာ ပြည်တွင်းနဲ့ နိုင်ငံတကာ လေယာဉ်ခရီးစဉ်ပေါင်း ၁၇၀၀ ကျော်ကိုလည်း ဖျက်ထားရပါတယ်။