ခရစၥမတ္အႀကိဳည အေမရိကားမွာ အေအးလိႈင္းထ
{{Zawgyi/Unicode}}
အေမရိကန္ျပည္ေထာင္စုမွာ လြန္ကဲတဲ့ အေအးလႈိင္းဒဏ္ခံေနရတဲ့ အတြက္ စေနေန႔က ေလယာဥ္ခရီးစဥ္ ေထာင္နဲ႔ခ်ီ ဖ်က္သိမ္းခဲ့ရသလို လွ်ပ္စစ္မီးပ်က္တဲ့ ဒဏ္ကိုပါ ခံေနၾကရပါတယ္။ Pennsylvania ျပည္နယ္ကေန ေဂ်ာ္ဂ်ီယာ ျပည္နယ္ တေလွ်ာက္ ၿမိဳ႕ႀကီးအမ်ားျပားမွာ စံခ်ိန္တင္ေအးခဲတဲ့ ခရစ္စမတ္အႀကိဳညကို ဆင္ႏြဲေနရပါတယ္။
Pittsburgh ၿမိဳ႕မွာ စေနေန႔က ၁၃ ဒီဂရီစင္တီဂရိတ္ပဲ ရွိတဲ့ အတြက္ ၁၉၈၃ ခုႏွစ္က ခရစ္စတ္အႀကိဳည အေအးစံခ်ိန္ ႀကိဳးသြားတယ္လို႔ အမ်ိဳးသား မိုးေလဝႆဌာနက ေျပာပါတယ္။
ေဂ်ာ္ဂ်ီယာနဲ႔ ေတာင္ကာ႐ိုလိုင္းနား ျပည္နယ္ေတြက ၿမိဳ႕ႀကီးေတြနဲ႔ အတူ ဝါရွင္တန္ဒီစီမွာလည္း ၁၉၈၉ ခုႏွစ္ကစၿပီး အေအးဆံုး ခရစ္စမတ္အႀကိဳညျဖစ္ခဲ့တာပါ။
ဒီႏွစ္အတြက္ ခရစ္စမတ္အားလပ္ရက္ကို အေမရိကန္အေရွ႕ပိုင္း ေဒသရဲ႕ သံုးပံု ၂ ပံုေလာက္ဟာ လြန္ကဲတဲ့ အေအးဒဏ္ကို ခံေနၾကရတာပါ။
အေအးဓါတ္လြန္ကဲမႈနဲ႔ အတူ ႏိုင္ငံတလႊား ရာသီဥတုနဲ႔ဆက္ႏြယ္ျဖစ္ပြါးတဲ့ ယဥ္တိုက္မႈေၾကာင့္ ေသဆံုးရသူက အနည္းဆံုး ၁၄ ဦး ရွိၿပီလို႔ ျပည္တြင္း သတင္းေတြမွာ ေဖၚျပေနပါတယ္။
အာတိတ္ေဒသ အေအးလြန္ကဲမႈနဲ႔ အတူ ဆိုင္ကလံုး႐ိုက္ခတ္မႈေၾကာင့္ ႏွင္းေတြ ထူထပ္စြာ က်ေရာက္ၿပီး ကုန္းတြင္းေရအိုင္ႀကီးေတြ ရွိရာေဒသမွာ ေလျပင္းေတြ တိုက္ခတ္ေနတာပါ။ မစၥစၥပီ အထက္ပိုင္းနဲ႔ Ohio ေတာင္ၾကားေဒသမွာေတာ့ လွ်ပ္စစ္မီးေတြ ျပတ္ေတာက္ၿပီး လမ္းေတြပိတ္ေနသလို ၊ ေလယဥ္ေတြ ေျပးဖို႔ပါ အခက္အခဲေတြေတြ႕ေနၾကရပါတယ္။
ေျမာက္ဘက္ ကေနဒါကေန ေတာင္ဘက္ မက္ဆီကို အထိ ေဒသတြင္း ေနထိုင္တဲ့ လူေပါင္း သန္း ၂၄၀ အတြက္ ေဆာင္းရာသီ သတိေပးခ်က္ေတြ ထုတ္ျပန္ထားပါတယ္။
ခရစ္စမတ်အကြိုည အမေရိကားမှာ အအေးလှိုင်းထ
{{Zawgyi/Unicode}}
အမေရိကန်ပြည်ထောင်စုမှာ လွန်ကဲတဲ့ အအေးလှိုင်းဒဏ်ခံနေရတဲ့ အတွက် စနေနေ့က လေယာဉ်ခရီးစဉ် ထောင်နဲ့ချီ ဖျက်သိမ်းခဲ့ရသလို လျှပ်စစ်မီးပျက်တဲ့ ဒဏ်ကိုပါ ခံနေကြရပါတယ်။ Pennsylvania ပြည်နယ်ကနေ ဂျော်ဂျီယာ ပြည်နယ် တလျှောက် မြို့ကြီးအများပြားမှာ စံချိန်တင်အေးခဲတဲ့ ခရစ်စမတ်အကြိုညကို ဆင်နွဲနေရပါတယ်။
Pittsburgh မြို့မှာ စနေနေ့က ၁၃ ဒီဂရီစင်တီဂရိတ်ပဲ ရှိတဲ့ အတွက် ၁၉၈၃ ခုနှစ်က ခရစ်စတ်အကြိုည အအေးစံချိန် ကြိုးသွားတယ်လို့ အမျိုးသား မိုးလေဝဿဌာနက ပြောပါတယ်။
ဂျော်ဂျီယာနဲ့ တောင်ကာရိုလိုင်းနား ပြည်နယ်တွေက မြို့ကြီးတွေနဲ့ အတူ ဝါရှင်တန်ဒီစီမှာလည်း ၁၉၈၉ ခုနှစ်ကစပြီး အအေးဆုံး ခရစ်စမတ်အကြိုညဖြစ်ခဲ့တာပါ။
ဒီနှစ်အတွက် ခရစ်စမတ်အားလပ်ရက်ကို အမေရိကန်အရှေ့ပိုင်း ဒေသရဲ့ သုံးပုံ ၂ ပုံလောက်ဟာ လွန်ကဲတဲ့ အအေးဒဏ်ကို ခံနေကြရတာပါ။
အအေးဓါတ်လွန်ကဲမှုနဲ့ အတူ နိုင်ငံတလွှား ရာသီဥတုနဲ့ဆက်နွယ်ဖြစ်ပွါးတဲ့ ယဉ်တိုက်မှုကြောင့် သေဆုံးရသူက အနည်းဆုံး ၁၄ ဦး ရှိပြီလို့ ပြည်တွင်း သတင်းတွေမှာ ဖေါ်ပြနေပါတယ်။
အာတိတ်ဒေသ အအေးလွန်ကဲမှုနဲ့ အတူ ဆိုင်ကလုံးရိုက်ခတ်မှုကြောင့် နှင်းတွေ ထူထပ်စွာ ကျရောက်ပြီး ကုန်းတွင်းရေအိုင်ကြီးတွေ ရှိရာဒေသမှာ လေပြင်းတွေ တိုက်ခတ်နေတာပါ။ မစ္စစ္စပီ အထက်ပိုင်းနဲ့ Ohio တောင်ကြားဒေသမှာတော့ လျှပ်စစ်မီးတွေ ပြတ်တောက်ပြီး လမ်းတွေပိတ်နေသလို ၊ လေယဉ်တွေ ပြေးဖို့ပါ အခက်အခဲတွေတွေ့နေကြရပါတယ်။
မြောက်ဘက် ကနေဒါကနေ တောင်ဘက် မက်ဆီကို အထိ ဒေသတွင်း နေထိုင်တဲ့ လူပေါင်း သန်း ၂၄၀ အတွက် ဆောင်းရာသီ သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။