သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိုင်ဒါမုန်တိုင်းနောင်ဆက်တွဲ ရေကြီးမှု ကန်အရှေ့မြောက် သေဆုံးသူ ၃၀ ကျော်


First responders pull local residents in a boat as they perform rescues of people trapped by floodwaters after the remnants of Tropical Storm Ida brought drenching rain, flash floods and tornadoes to parts of the northeast in Mamaroneck, New York, U.S.,
First responders pull local residents in a boat as they perform rescues of people trapped by floodwaters after the remnants of Tropical Storm Ida brought drenching rain, flash floods and tornadoes to parts of the northeast in Mamaroneck, New York, U.S.,

{{Zawgyi/Unicode}}

ဟာရီကိန်း အိုင်ဒါကြောင့် နောက်ဆက်တွဲ လျှပ်တပျက်ရေကြီးရေလျှံမှုတွေကနေ အမေရိကန်အရှေ့မြောက်ပိုင်း ပြည်နယ်တွေဖြစ်တဲ့ နယူးရောက်၊ နယူးဂျာစီနဲ့ Pennsylvania ပြည်နယ်တွေမှာ လူပေါင်း ၃၀ ထက်မနည်း သေဆုံးခဲ့ရပါတယ်။

နယူးရောက်မြို့တာဝန်ခံ အရာရှိတွေကတော့ သေဆုံးသူ ၁၅ ယောက်လောက်ဟာ မြေအောက်အထပ်တွေမှာ ရေလျှံတာကြောင့် ဖြစ်စေ သူတို့ရဲ့ ကားတွေထဲမှာ ပိတ်မိရာကဖြစ်စေ သေဆုံးခဲ့ရတယ်လို့ ပြောပါတယ်။

အခုလို ပြင်းထန်တဲ့မုန်တိုင်းတွေ တိုက်ခတ်တာဟာ ဥတုရာသီဖေါက်ပြန်တဲ့ ပြဿနာနဲ့ ရင်ဆိုင်နေရတာကို သတိပေးနေတာ ဖြစ်ကြောင်း သမ္မတ ဂျိုးဘိုင်ဒန်က ပြောပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းတွေအတွင်း ဟာရီကိန်းအိုင်ဒါအပြင် အနောက်ခြမ်းမှာ တောမီးအကြီးအကျယ်လောင်နေတာနဲ့ နယူးရောက်နဲ့ နယူဂျာစီပြည်နယ်တွေမှာ လျှပ်တပျက် ရေကြီးလာတာတွေက ပြင်းထန်တဲ့ မုန်တိုင်းတွေနဲ့ ဥတုရာသီဖေါက်ပြန်မှုခံစားနေရတယ်ဆိုတာကို ထပ်ပြီး သတိပေးနေတာဖြစ်ကြောင်းနဲ့ ဒီ့အတွက် ပြင်ဆင်မှုတွေ ပိုကောင်းအောင် လုပ်ရမှာ ဖြစ်ကြောင်း ပြောသွားတာပါ။

ဟာရီကိန်းအိုင်ဒါဟာ တနင်္ဂနွေနေ့က အမေရိကန်တောင်ပိုင်း Louisiana ပြည်နယ်ကုန်းတွင်းပိုင်းကို ဟာရီကိန်းပြင်းအားအဆင့် ၄ နဲ့ ဝင်ရောက်ခဲ့တာ ဖြစ်ပြီး ဗုဒ္ဓဟူးနေ့မှာတော့ နယူးရောက်နဲ့ နယူဂျာစီပြည်နယ်တွေမှာ လျှပ်တပျက် ရေကြီးရေလျှံမှုအတွက် သတိပေးချက်တွေကို မိုးလေဝဿဌာနက ထုတ်ပြန်ခဲ့ပါတယ်။

ဒီရေကြီးမှုကြောင့် နယူးဂျာစီမှာ အနည်းဆုံး ၁၀ ဦးနဲ့ Pennsylvania မှာ ၅ ဦးထက်မနည်း သေဆုံးခဲ့ရပါတယ်။ လမ်းမအတော်များများဟာ မြစ်ကြောင်းလို ဖြစ်သွားပြီး ကားတွေနစ်မြုပ်ကုန်ပါတယ်။ မြေအောက် ရထားလမ်းစံနစ် တခုလုံးကိုလည်းပိတ်ပစ်ခဲ့ရပါတယ်။
နယူးရောက် Central Park ဥယာဉ်မှာတိုင်းတာချက်အရ တနာရီအတွင်း မိုးရေချိန် ၃ လက်မအထိ စံချိန်တင် ရွာသွန်းခဲ့တာ ဖြစ်ပြီး နယူးရောက်နဲ့ နယူးဂျာစီပြည်နယ်တွေ အတွက် အရေးပေါ်အကူအညီတွေ ပေးမှာ ဖြစ်ကြောင်း သမ္မတက ပြောပါတယ်။

.....................................................

တိုက်ရိုက် လင့်ခ်

{{Unicode}}







XS
SM
MD
LG