သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

Ida မုန္တိုင္းေၾကာင္႔ အေမရိကန္အေရွ႕ပိုင္း မိုးသည္းထန္ၿပီး ေလဆင္ႏွာေမာင္း တိုက္ခတ္ႏိုင္


လူဝီဇီယားနားျပည္နယ္ ေဒသခံတခ်ဳိ႕။ ( Photo: AP )

[ Zawgyi ]

ဟာရီကိန္းမုန္တိုင္း Ida ဟာ အေမရိကန္ အေရွ႕ဖက္ကမ္းေျခ အတၱလန္တိတ္ အလယ္ပိုင္းေဒသကုိ ဝင္ေရာက္တိုက္ခတ္ၿပီး ေရႀကီးေရလွ်ံတာေတြ ျဖစ္လာကာ ေလဆင္ႏွာေမာင္းေတြ အျဖစ္လည္း ေျပာင္းလဲသြားတယ္လို႔ အေမရိကန္ အမ်ဳိးသား ဟာရီကိန္း ေစာင့္ၾကည့္ေရးဌာနက ထုတ္ျပန္ပါတယ္။

ဟာရီကိန္း Ida ဟာ Louisiana ျပည္နယ္ ကမ္းေျခကို ၿပီးခဲ့တဲ့ တနဂၤေႏြေန႔က ျပင္းအား အဆင့္ ၄ နဲ႔ ဝင္ေရာက္ တိုက္ခတ္ခဲ့တဲ့အတြက္ အေမရိကန္ျပည္ေထာင္စုမွာ တိုက္ခတ္ခဲ့သမွ် မုန္တိုင္းေတြထဲမွာ အားအျပင္းဆုံး မုန္တိုင္းတခုလည္းျဖစ္ပါတယ္။

မုန္တိုင္းရဲ႕ ဗဟိုခ်က္မဟာ အခုအခါမွာ အေနာက္ ဗာဂ်ီနီးယားျပည္နယ္နဲ႔ အဲဒီကေန အေရွ႔ပုိင္းနဲ႔ အေရွ႕ေျမာက္ဖက္ကို ဝင္ေရာက္သြားတယ္လို႔ ေနာက္ဆုံး ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။ ေလတိုက္ခတ္မႈဟာ အျမင့္ဆုံး တနာရီ ၄၅ ကီလိုမီတာရွိၿပီး မိုးေရခ်ိန္က ၂ဝ စင္တီမီတာအထိ ရွိမယ္လို ႔ေမွ်ာ္လင့္ရၿပီး ၂၄ နာရီအတြင္း အဲဒီေဒသေတြကို ဝင္ေရာက္ လာလိမ့္မယ္လို႔ ဆိုပါတယ္။ ဒါ့အျပင္ ေလဆင္ႏွာေမာင္း အေနနဲ႔လည္း ေမရီလန္ျပည္နယ္မွာ တိုက္ခတ္နိုင္လိမ့္မယ္လို႔လည္း သတင္းထုတ္ျပန္ခ်က္မွာ ပါရွိပါတယ္။

ဒီအေတာအတြင္းမွာပဲ အပူပိုင္းမုန္တိုင္း Larry ဟာ အေရွ႕ေတာင္ အတၱလန္းတိတ္ သမုဒၵရာေရျပင္မွာ စတင္ စုဖြဲ႔ေနၿပီး ျပင္းအား တိုးျမင့္ေနပါတယ္။ စက္တင္ဘာ(၂)ရက္ ၾကာသပေတးေန႔မွာ ဟာရီကိန္း မုန္းတိုင္းအျဖစ္ ေျပာင္းလဲ လာဖြယ္ရွိတယ္လို႔ ထုတ္ျပန္ထားပါတယ္။ ဒါေပမယ့္လည္း အခုအခါမွာေတာ့ ကုန္းတြင္းပိုင္းကို ဝင္ေရာက္ တိုက္ခုိက္မွာ မဟုတ္ဘူးလို႔ ခန္႔မွန္းထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[ Unicode ]

Ida မုန်တိုင်းကြောင့် အမေရိကန်အရှေ့ပိုင်း မိုးသည်းထန်ပြီး လေဆင်နှာမောင်း တိုက်ခတ်နိုင်

ဟာရီကိန်းမုန်တိုင်း Ida ဟာ အမေရိကန် အရှေ့ဖက်ကမ်းခြေ အတ္တလန်တိတ် အလယ်ပိုင်းဒေသကို ဝင်ရောက်တိုက်ခတ်ပြီး ရေကြီးရေလျှံတာတွေ ဖြစ်လာကာ လေဆင်နှာမောင်းတွေ အဖြစ်လည်း ပြောင်းလဲသွားတယ်လို့ အမေရိကန် အမျိုးသား ဟာရီကိန်း စောင့်ကြည့်ရေးဌာနက ထုတ်ပြန်ပါတယ်။

ဟာရီကိန်း Ida ဟာ Louisiana ပြည်နယ် ကမ်းခြေကို ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ပြင်းအား အဆင့် ၄ နဲ့ ဝင်ရောက် တိုက်ခတ်ခဲ့တဲ့အတွက် အမေရိကန်ပြည်ထောင်စုမှာ တိုက်ခတ်ခဲ့သမျှ မုန်တိုင်းတွေထဲမှာ အားအပြင်းဆုံး မုန်တိုင်းတခုလည်းဖြစ်ပါတယ်။

မုန်တိုင်းရဲ့ ဗဟိုချက်မဟာ အခုအခါမှာ အနောက် ဗာဂျီနီးယားပြည်နယ်နဲ့ အဲဒီကနေ အရှေ့ပိုင်းနဲ့ အရှေ့မြောက်ဖက်ကို ဝင်ရောက်သွားတယ်လို့ နောက်ဆုံး ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ လေတိုက်ခတ်မှုဟာ အမြင့်ဆုံး တနာရီ ၄၅ ကီလိုမီတာရှိပြီး မိုးရေချိန်က ၂ဝ စင်တီမီတာအထိ ရှိမယ်လို့မျှော်လင့်ရပြီး ၂၄ နာရီအတွင်း အဲဒီဒေသတွေကို ဝင်ရောက် လာလိမ့်မယ်လို့ ဆိုပါတယ်။ ဒါ့အပြင် လေဆင်နှာမောင်း အနေနဲ့လည်း မေရီလန်ပြည်နယ်မှာ တိုက်ခတ်နိုင်လိမ့်မယ်လို့လည်း သတင်းထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ဒီအတောအတွင်းမှာပဲ အပူပိုင်းမုန်တိုင်း Larry ဟာ အရှေ့တောင် အတ္တလန်းတိတ် သမုဒ္ဒရာရေပြင်မှာ စတင် စုဖွဲ့နေပြီး ပြင်းအား တိုးမြင့်နေပါတယ်။ စက်တင်ဘာ(၂)ရက် ကြာသပတေးနေ့မှာ ဟာရီကိန်း မုန်းတိုင်းအဖြစ် ပြောင်းလဲ လာဖွယ်ရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။ ဒါပေမယ့်လည်း အခုအခါမှာတော့ ကုန်းတွင်းပိုင်းကို ဝင်ရောက် တိုက်ခိုက်မှာ မဟုတ်ဘူးလို့ ခန့်မှန်းထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG